ပစ္စုပ္ပန်မှာ အဖြေရှာ (ကျော်စွာ)

Unknown author

ပစ္စုပ္ပန်မှာ အဖြေရှာ (ကျော်စွာ)

40.00 MYR
Only 1 left
Publisher
ISBN
Pages
350
Wishlist View cart

‘အကြွင်းမဲ့လက်ခံလိုက်တယ်' ဆိုတာ ဘဝရေစီးကြောင်းကို ဆန့်ကျင် မနေဘဲ အလိုက်သင့် စီးမျောလိုက်ပါတဲ့ ရိုးရှင်းပြီး သိမ်မွေ့နက်နဲတဲ့ ဉာဏ်ပညာပဲ ဖြစ်ပါတယ်။ ဘဝရေစီးကြောင်းနဲ့ တွေ့ကြုံနိုင်တဲ့ တစ်ခု တည်းသော နေရာဟာ ပစ္စုပ္ပန်ပါပဲ။ ဒီတော့ ‘အကြွင်းမဲ့လက်ခံတယ်’ ဆိုတာ ပစ္စုပ္ပန်အခိုက်အတန့်ကို ခြွင်းချက်မရှိ အပြည့်အဝ လက်ခံလိုက် ခြင်းပါပဲ... အရှိအတိုင်း လက်မခံနိုင်ဘဲ ငြင်းဆန်နေတဲ့စိတ်ကို စွန့်လွှတ် လိုက်တာပဲ ဖြစ်ပါတယ်။


ဟုတ်တယ်။ ဒီလို ထိုးထွင်းတဲ့အမြင်ကို လျှပ်တစ်ပြက် ကြုံလိုက်တာမျိုး … အတွေးကင်းစင်ပြီး ပစ္စုပ္ပန်တစ်ခဏမှာ အပြည့်အဝ ရှိနေတာမျိုးကို... ဇင်ဆရာတော်တွေက ဆာတိုရီ (Satori) ဆိုတဲ့ စကားလုံးနဲ့ ဖော်ပြလေ့ ရှိတယ်။ ဒါက ရေရှည်ပြောင်းလဲမှုတစ်ခု မဟုတ်ပေမဲ့ ဉာဏ်အလင်းပွင့် တဲ့ အရသာ ဘယ်လိုလဲဆိုတာကို ပြနိုင်တဲ့အတွက် ဆာတိုရီနဲ့ ကြုံတဲ့အခါ ကျေးဇူးတင်လိုက်ပါ။


‘ပြဿနာ’ ဆိုတာတွေဟာ စိတ်နဲ့ ဖန်တီးထားကြတဲ့ အရာတွေပါပဲ၊ သူတို့ ရှင်သန်ဖို့အတွက် အချိန်လိုတယ်။ ပစ္စုပ္ပန်ရဲ့ အစစ်အမှန် အရှိတရားထဲ မှာ သူတို့ မရှင်သန်နိုင်ဘူး။ ခင်ဗျားရဲ့ အာရုံကို ပစ္စုပ္ပန်မှာ ထားလိုက်ပါ၊ ပြီးရင် အခုအချိန်မှာ ဘာပြဿနာ ရှိနေသလဲဆိုတာ ကျွန်တော့် ကို ပြောပြပါ။



Reviews

Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.