သောကမျိုးဆက်
1.00 MYR
Backorder
This book is not in stock yet. Delivery may take at least 7 days.
Publisher
—
ISBN
—
Pages
332
“အပြင်ထွက်ဆော့ရင် ကျိုးမယ်၊ ပဲ့မယ်၊ မကောင်းတဲ့ အပေါင်းအသင်းနဲ့ တွေ့မယ်၊ လူစိမ်းတွေဘာတွေနဲ့ အန္တရာယ်များတယ်။ အိမ်ထဲမှာ ဖုန်းသုံးနေတာ၊ ဖုန်းနဲ့ ဂိမ်းဆော့နေတာက အဲဒီလောက် မဆိုးပါဘူး”
ပြီးတော့ အဲဒါ တကယ်ရော စိတ်ချရပါရဲ့လား။
ကိုယ့်ကလေး တကယ်ကြည့်နေတာ ဘာတွေလဲ၊ ဘယ်သူတွေနဲ့ စကားပြောနေတာလဲဆိုတာကိုရော သေသေချာချာ စစ်ကြည့်ဖူးပါလား။
လူမှုစိတ်ပညာရှင် Jonathan Haidt ကတော့ အဲဒါကို "ကလေးကို ပြင်ပဘ၀မှာ အလွန်အကျွံ ကာကွယ်ပြီး အွန်လိုင်းကမ္ဘာထဲမှာတော့ အကာအကွယ်၊ အတားအဆီးမဲ့ လွှတ်ထားတာ" လို့ ဆိုတယ်။
တမင်တကာ စွဲလမ်းအောင် တီထွင်၊ ဖန်တီး၊ ပုံသွင်းနေတဲ့ ဖုန်းထဲက အရာတွေကို ကျွန်တော်တို့တွေ သိထားမှဖြစ်ပါလိမ့်မယ် ။ အဲဒီအရာတွေထဲမှာ ကျွန်တော်တို့မိဘတွေတောင် မမြင်သင့်၊ မမြင်ဖူးတာတွေ အများကြီး ရှိနေပါတယ်။
ကိုယ်မသိ၊ နားမလည်တဲ့ အန္တရာယ်တွေကနေ ကိုယ့်ကလေးကို ကျွန်တော်တို့ ဘယ်လိုကာကွယ်ကြမလဲ။
ဒီစာအုပ်ကို နိုင်ငံတကာမှာ ဘာသာပေါင်း ၄၄ မျိုးနဲ့ ဘာသာပြန်ဆိုထားပြီး
မိဘတိုင်း သိထား၊ ဖတ်ထားသင့်တဲ့ စာအုပ်လို့ရည်ညွှန်းချင်ပါတယ်။
📙 သောကမျိုးဆက်
✍️လင်းခန့်(ဘာသာပြန်)
စာ-၃၃၂
Reviews
Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.