• IMG20231103101859
  • IMG20231103101915
  • IMG20231103101945
1

Books /ဦးအုန်းမြင့်(ဒီဇယ်)

ဓာတ်ဆီနှင့် E.F.I အင်ဂျင် ( ဦးအုန်းမြင့်(ဒီဇယ်) ) Burmese Book

Regular price
RM 60.00
Sale price
RM 60.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

ယခုအချိန်ထိ မြန်မာနိုင်ငံအတွင်း ဓာတ်ဆီအင်ဂျင်နှင့်ပါတ်သတ်သော စာအုပ်တော်တော်များများ ထုတ်ဝေပြီးဖြစ်ပါသည်။ထို့ပြင်ဓာတ်ဆီအင်ဂျင်ကို အသုံးပြုသူတိုင်းသည် ဓာတ်ဆီမလာခြင်း၊ မီးပျောက်ခြင်းစသော အပြစ်များကို အလွယ်တကူ ပြင်ဆင်နိုင်ကြပေသည်။

သို့သော် ယခုအခါတွင် ဓာတ်ဆီအင်ဂျင်များကို အထူးပြုလုပ်ထားသည့် EFI ခေါ် Electronic Fuel Injection ဓာတ်ဆီပို့စနစ်နှင့် ELECTRONIC IGNITION မီးပေးစနစ်တို့ တတ်ဆင်အသုံးပြု လာကြသည်။၎င်းစံနစ်များကို စစ်ဆေးခြင်း၊ စမ်းသပ်ခြင်း၊ ပြုပြင်ခြင်းလုပ်ငန်းများပြုလုပ်ရာတွင် ၎င်းစံနစ်များကို ထုတ်လုပ်သည့် ကုမ္ပဏီများ၏တိကျသော ညွှန်ကြားချက်များ စမ်းသပ်ပစ္စည်း ကိရိယာများနှင့် ပြုလုပ်နည်းအဆင့်ဆင့်များကို သိရှိနားလည်သဘောပေါက်မှသာ ပြုလုပ်နိုင်မည်ဖြစ်သည်။

ထို့ကြောင့် ရိုးရိုးဓာတ်ဆီအင်ဂျင်၏ အခြေခံတည်ဆောက်ပုံများ၊ အလုပ်လုပ်ပုံများ ထိန်းသိမ်းပြုပြင်ပုံများနှင့်အတူ E.F.I တပ်ဆင်အသုံးပြုထားသော ဓာတ်ဆီအင်ဂျင်အားစစ်ဆေးခြင်း၊ စမ်းသပ်ခြင်း၊ ထိန်းသိမ်းခြင်း၊ မောင်းနှင်ခြင်း၊ အပြစ်ရှာဖွေပြုပြင်ခြင်းနှင့် ညွှန်ကြားချက်များကို အထူးဖော်ပြထားသော ဤစာအုပ်ကို ထုတ်ဝေရခြင်းဖြစ်ပါသည်။

သို့သော် ထုတ်လုပ်သော ကုမ္ပဏီအလိုက် MODEL အလိုက် တည်ဆောက်ပုံစနစ်များ ကွဲပြားခြားနားကြသဖြင့် စမ်းသပ်ပြုပြင်ရာတွင် အထူးဂရုစိုက်ပြုပြင်ရမည်ဖြစ်သည်။

ထို့ကြောင့် ဤစာအုပ်သည် ပညာသင်ဆဲ MECHANICAL အင်ဂျင်နီယာကျောင်းသား/ကျောင်းသူများ၊ စက်ပြင်လုပ်ငန်းလုပ်ကိုင်သူများ၊ မော်တော်ယဉ်

ပိုင်ရှင်များ၊ ကုမ္ပဏီပိုင်ရှင်များနှင့် စက်မှုအင်ဂျင်နီယာမျိုးဆက်သစ်များကို များစွာ အထောက်အကူပြုမည်ဖြစ်ပါသည်။

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။