• 0-02-06-481c7f87b32c8a51b6751f6fac88b7ee07812059c9f504e75a37a603a61d4495_ce548caa875ea2b6.jpg
  • 0-02-06-5fbd3980efb076e373343105c911a0a6b42ad7290fb48f3b574522f504a04855_dd97f2643ff88439.jpg
1

တစ်သက်တာမှတ်တမ်းနှင့်အတွေးအခေါ်များ (ရွှေဥဒေါင်း)

Regular price
RM 70.00
Sale price
RM 70.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

 အမှတ်တရလက်ဆောင်အဖြစ် တစ်သက်တာမှတ်တမ်းနှင့်အတွေးအခေါ်များစာအုပ်အကြောင်း အခြားစာရေးဆရာကြီး၊ ဆရာမကြီးများရေးသားခဲ့သော ဆောင်းပါးများကိုစုစည်းထားသည့်စာအုပ်ငယ်တစ်အုပ်ပါဝင်မည်ဖြစ်ပါသည်။

စာမျက်နှာ- ၆၂၃

မြန်မာအတ္ထုပ္ပတ္တိသမိုင်းစာတမ်း / ပါရဂူ) ၏ တစ်သက်တာမှတ်တမ်းနှင့်အတွေးအခေါ်များ စာအုပ်အပေါ်ပေးတဲ့ မှတ်ချက်

မြန်မာကိုယ်ရေးအတ္ထုပ္ပတ္တိလောကထဲ၌ မားမားမတ်မတ်ရပ်နေသည့် အတ္ထုပ္ပတ္တိကား “ရွှေဥဒေါင်း၏ တစ်သက်တာမှတ်တမ်း" ဖြစ်လေသည်။ 

လောကဇာတ်ခုံပေါ်၌ လူတို့သည် ဇာတ်လမ်းမျိုးစုံကို ကပြကြရသည်ဆိုသည့်အကြောင်းကို “တစ်သက်တာမှတ်တမ်း” ဖော်ပြနေသည်။ 

“တစ်သက်တာမှတ်တမ်း"၌ နိုင်ငံရေးလှုပ်ရှားမှုခေတ်ကို ဖော်ထားခြင်း မရှိ သော်လည်း အတ္ထုပ္ပတ္တိရှင် ဖြတ်သန်းခဲ့ရသည့် ခေတ်၏အခြေအနေကိုမူ ကျောထောက် နောက်ခံ ပြုထားသည်။ 

လူ့ဘဝ၌ အဆိုးနှင့်အကောင်း၊ အနိမ့်နှင့်အမြင့်အရှုံးနှင့်အနိုင် ဟူ၍ ဆန့်ကျင်ဖက် သဘာဝနှစ်ခု ဒွန်တွဲလျက်ရှိရာ ရွှေဥဒေါင်းသည် သူ၏ ကိုယ်ရေး အတ္ထုပ္ပတ္တိ၌ ဆန့်ကျင်ဖက်သဘာဝနှစ်မျိုးလုံးကို ရေးသားဖော်ပြထားသည်။ 

“တစ်သက်တာ မှတ်တမ်း” ၌ လောကလူတို့ သတ်မှတ်ထားသည့် မကောင်းမှုဒုစရိုက်များကို ကျူးလွန်နေ သော ရွှေဥဒေါင်းကိုလည်း တွေ့ရသည်။ 

အမှန်တရားကို သတ္တိရှိရှိနှင့် ရင်ဆိုင်နေသော ရွှေဥဒေါင်းကိုလည်း တွေ့ရသည်။ နှိမ့်ချသော ရွှေဥဒေါင်းကိုလည်း တွေ့ ရသည်။ မာန်မာန ကြီးသော ရွှေဥဒေါင်းကိုလည်းတွေ့ ရသည်။ ထမင်းပြဿနာနှင့်ရင်ဆိုင်နေသော ရွှေဥဒေါင်း ကိုလည်း တွေ့ရသည်။ အောင်မြင်ကျော်ကြားနေသော ရွှေဥဒေါင်းကိုလည်း တွေ့ရသည်။ ဝမ်းရေးအတွက် ကျဘမ်းအရောင်းအဝယ်လုပ်နေသော ရွှေဥဒေါင်းကိုလည်း တွေ့ရသည်။ 

ကမ္ဘာ့ငြိမ်းချမ်းရေးကိုယ်စားလှယ်ကြီးအဖြစ် နိုင်ငံခြားတိုင်းပြည်များသို့ လှည့်လည်နေသော ရွှေဥဒေါင်းကိုလည်း တွေ့ရသည်။

 ခေါက်ရှာငှက် ပျံသကဲ့သို့ လူ့ဘဝ၏ နိမ့်တုံ မြင့်တုံ လောကဓံသဘာဝသည် “တစ်သက်တာမှတ်တမ်း” ၌ ပေါ်နေပေသည်။ 

ရွှေဥဒေါင်းသည် မိမိပြုလုပ်ခဲ့သည့်အလုပ်များကို မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေအဆိုးဖြစ်စေအကောင်း ဖြစ်စေ ထုတ်ဖော်ရေးသားရာ၌ ရဲရင့်သူ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။