• IMG20231220163306
  • IMG20231220163318
  • IMG20231220163334
1

Books /တက္ကသိုလ်ဘုန်းနိုင်

တပြည်သူမရွှေထား(တက္ကသိုလ်ဘုန်းနိုင်)Burmese Book

Regular price
RM 32.00
Sale price
RM 32.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

မြတ်သော ဆွေလည်းမရှိ၊ မျိုးလည်းမရှိ ၊ မြတ်သော ဘာမှမရှိသည့် “မြတ်ဆွေ” ။

သူ့တွင် မာနရှိသည်၊ ကိုယ့်ဒူးကိုယ်ချွန်ကြိုးစားချင်စိတ်ရှိသည်၊ ဂီတကိုချစ်စိတ်ရှိသည်၊ သဘာဝကိုချစ်စိတ်ရှိသည်၊ ထားကိုချစ်သည်။

အနှီမြတ်ဆွေ .. ထိုမြတ်ဆွေ တွေ့မိသူက အလွန်လှသော ၊ အလွန်ဂုဏ်ကြီးသော ၊ အလွန်ဘိုဆန်သော၊ ယောက်ျားဟူသမျှကို အထင်မကြီးသော “ထား” ။

ဒုတိယကမ္ဘာစစ်ကာလနှင့် မြန်မာပြည်နိုင်ငံရေးအခြေအနေကို နောက်ခံထားပြီး သူတို့နှစ်ဦး တွေ့ဆုံခဲ့ကြသည်။ ထိုတွေ့ဆုံမှု၏ နောက်ပိုင်းတွင် ဖြစ်လာသမျှကား ချစ်စရာ ၊ လွမ်းစရာ ၊ ရင်နင့်စရာ ၊ သံဝေဂရစရာများပင် … ။

” ခန္ဓာကိစ္စရောဂါမှန်သမျှသည် အခြေခံ အစပျိုးမှုရှိသကဲ့သို့ လူမှုရောဂါဆိုးတို့၌လည်း အခြေခံအစပျိုးမှုရှိသည်။ လူငယ်ပြသနာ၏ အခြေခံအစပျိုးမှုရှာလျှင် မိဘတို့စီမံဖန်တီးပေးသော ပတ်ဝန်းကျင်ကို လက်ညှိုးတည့်တည့်ထိုးရပေမည်။ မလိုလားအပ်သော ယင်းပတ်ဝန်းကျင်မျိုးကို အကယ်၍ ဖန်တီးပေးမိပါက…… ယခုအမှုကဲ့သို့ ရင်ကွဲဖွယ်ရာ အဘက်ဘက်မှ ကိုယ်ကျိုးနည်းမှုတို့သည် မလွဲမရှောင်သာဖြစ်ပေါ်လေမည် “

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။