• IMG20231228170645
  • IMG20231228170706
  • IMG_20231228_170804
1

Books /ရွှေဥဒေါင်း

ရူပနဒီ ရူပကလျာဏီ(ရွှေဥဒေါင်း)Burmese Book

Regular price
RM 0.00
Sale price
RM 0.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

  ဆရာကြီးရွှေဥဒေါင်းရဲ့ အကောင်းဆုံးလက်ရာတွေထဲက တစ်အုပ်ဖြစ်တဲ့ ရူပနန္ဒီ ရူပကလျာဏီ ..

ဒီစာအုပ်က အင်္ဂလိပ်စာရေးဆရာကြီး H.Rider Haggard ရဲ့ She ကို ရူပနန္ဒီ ၊ Ayesha : The Return of she ကို ရူပကလျာဏီဆိုပြီး အမှီးပြု ရေးသားခဲ့တဲ့ စာအုပ်ကြီးပဲဖြစ်ပါတယ် ..

မြန်မာမှုပြုထားတာ ဆိုပေမယ့် ဆရာကြီးရဲ့ အရေးအသားက ပင်ကိုယ်ရေးတစ်ပုဒ်အလား ထင်မှတ်မှားရလောက်အောင် ဆွဲခေါ်သွားတာကို ဖတ်ရှုရလိမ့်မှာပါ ..

ဂေါတမမြတ်စွာဘုရားရှင်လက်ထပ်ကတည်းက ဖြစ်တည်ခဲ့တဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ဟာ နှစ်ပေါင်း ၂ ထောင်ကျော်ကြာပီးမှ တစ်ဖန် ပြန်လည် ဆက်လက်ရှင်သန်ခွင့်ရခဲ့တယ် ..

မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ ဖြစ်ရပ်တစ်ခုကို အခြေခံပြီး စူးစမ်းလိုစိတ်နဲ့ ရှာပုံတော်ထွက်လာတဲ့ လူတစ်စုဟာ တောနက်ကြီးထဲက လူသားစား လူရိုင်းတွေနဲ့တွေ့ခဲ့ပေမယ့် နတ်မိမယ်တမျှ ချောမောလှပတဲ့ ရူပနန္ဒီကြောင့် အသက်ရှင်သန်ခွင့်ရခဲ့တယ် ..

ရူပနန္ဒီဆိုတာက ဂေါတမမြတ်စွာဘုရားရှင်လက်ထက်တုန်းကနေ အခုအချိန်ထိ အသက်ရှင်နေထိုင်နိုင်တဲ့ ပညာရပ်တစ်မျိုးနဲ့ ထိတွေ့ထားတဲ့သူ ဖြစ်တယ် ..

သူမ ကယ်တင်ခဲ့တဲ့ လူတစ်စုထဲမှာ သူမ မျှော်လင့်ထားတဲ့ လူ ပါလာပါရဲ့လား ..

ဘ၀မှာ သူမကို မချစ်မနှစ်သက်ခဲ့တဲ့လူကို နှစ်ထောင်ချီ စောင့်နေရတဲ့ သူမ .. သူမစောင့်မျှော်နေရကျိုး နပ်ခဲ့ပါရဲ့လား ဆိုတာကတော့ .....

ဒီစာအုပ်ကြီးဟာ ဂမ္ဘီရဖြစ်ရပ်ဆန်းကြယ် ၀တ္ထုတွေကို သဘောကျနှစ်ခြိုက်တဲ့သူတွေ အကြိုက်တွေ့စေမယ့် စာအုပ်ကြီးတစ်အုပ်ပဲ ဖြစ်ပါတယ် .....

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။