• IMG_20240105_233130
  • IMG_20240105_233150
  • IMG_20240105_233214
1

Books /

မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း Biography of General Aung San (Burmese Book)

Regular price
RM 65.00
Sale price
RM 65.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းစာအုပ်ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနက ထုတ်ဝေထားခြင်းဖြစ်သည်။

မြန်မာ့သမိုင်းအဖွဲ့မှ ပညာရှင်ကြီးများက ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိကို ငယ်ဘဝမှသည် ကျဆုံးရချိန်အထိ ဖြစ်ပျက်တွေ့ကြုံခဲ့သော အဖြစ်အပျက်များကို အသက်အပိုင်းအခြားအလိုက်၊ ခေတ်အပိုင်းအခြား အလိုက် ခွဲခြား၍ တာဝန်ယူကာ အဂတိကင်းစွာ သုတေသနပြုစု ရေးသားခဲ့ကြပါသည်။

ခေတ်ပြိုင် အထောက်အထား မှတ်တမ်းများကိုသာမက ခေတ်ပြိုင်ဖြစ်သော သက်ရှိ ထင်ရှားလည်းရှိနေသေးသော သမိုင်းဝင်ပုဂ္ဂိုလ်ကြီးများနှင့် တွေ့ဆုံမေးမြန်း၍ ရရှိသော အချက်အလက်များကို ကိုးကားအသုံးပြု၍လည်း ရေးသားပြုစုခဲ့ကြပါသည်။

အခါခါပြန်ဖတ်၊ အခါခါဖြည့်စွက်၊ အခါခါပြုပြင်၍ ရေးသား ပြီးခဲ့သော စာအုပ်တစ်အုပ် ဖြစ်တယ်လို ဆိုပါတယ်။

အပြည့်အစုံဆုံး အကောင်းဆုံးဟု မဆိုနိုင်သော်လည်း ဗိုလ်ချုပ်အောင်ဆန်း ၏ အကြောင်းနှင့် ပတ်သက်၍ကား အတော်အတန်ပြည့်စုံသော စာအုပ်ဖြစ်တယ်လို့ ဆိုရမှာပါ။

မြန်မာသမိုင်းအဖွဲ့ အဖွဲ့ဝင် သမိုင်းပညာရှင်ကြီးများ ရေးသားပြုစုပြီး စာအုပ် ဖြစ်မြောက်ရေးအတွက် သမိုင်းသုတေသနဌာနမှအရာထမ်း၊ အမှုထမ်းများ၏ ကြိုးပမ်းမှုတစ်ရပ်ဟု မှတ်ယူရမည်။

ထိုမျှမက မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကို လေ့လာသုတေသနပြုစုသူများ မလွဲမသွေ ဖတ်မှတ်ရမည့် စာအုပ်တစ်အုပ် ဖြစ်ပါတယ်။

မြန်မာ့ဆိုရှယ်လစ်ပါတီ ခေတ်ကစီစဉ်ရေးသားခဲ့ပြီးနှစ်ပေါင်း ၃၈နှစ်ကြာမှထွက်ခဲ့သောစာအုပ်ပါ။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အမှာစာရေးသားထားသော စာအုပ်လည်းဖြစ်ပါတယ်။

စာမျက်နှာ- ၅၉၄

ကတ်ထူအဖုံး ခန့်ချုပ် စာရွက်ဆိုဒ်အကြီး

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။