4NiX Store ရဲ့ ပစ္စည်း ပို့ဆောင်မှုပုံစံ အကျဉ်းချုပ်

4NiX Store ရဲ့ ပစ္စည်း ပို့ဆောင်မှုပုံစံ အကျဉ်းချုပ်

မလေးရှားနိုင်ငံအတွင်းရှိ စာချစ်သူများအနေနဲ့ 4NiX Store ရဲ့ Facebook ,Whatsapp,Website ကနေတိုက်ရိုက် မှာယူအခါ စာအုပ်တွေကို ပို့ဆောင်ပေးတဲ့ Deli ကုမ္ပဏီက လာမပို့ခင် Whatsapp ကနေ စာကြိုပြီးပို့ပါတယ်။ ရောက်ရင်ဖုန်းခေါ်ပါတယ်။ လာပို့တဲ့အချိန် လူကိုယ်တိုင်က မယူဘူးလို့ ငြင်းတာမျိုး၊ whatsapp ကနေ စာပို့တဲ့အချိန် မယူဘူးလို့ ငြင်းတာမျိုးကလွဲရင် လာပို့တဲ့အချိန် လူမရှိတာမျိုး၊ လိပ်စာမှားနေတာမျိုး၊ ဖုန်းခေါ်လို့ မကိုင်တာမျိုးရှိခဲ့ရင်    ၃ ကြိမ် ၃ ခါတိတိ ပို့ပေးပါတယ်။ ၃ ကြိမ်ပို့ပြီးမရခဲ့ရင်တော့ ဆိုင်ကို ပြန်ပို့ပါတယ်။  မယူဘူးလို့ ငြင်းလိုက်ရင် တခါထဲနဲ့ ဆိုင်ကို ပြန်ပို့ပါတယ်။ ပြန်ပို့တဲ့ ပါဆယ်တွေ အတွက်  ဆိုင်ဘက်ကနေ ပို့ခ Deli ကုမ္ပဏီကို ပေးရပါတယ်။ ဆိုင်ဘက်က ဆုံးရှုံးပါတယ်။ 


Lazada နဲ့ Shopee ကနေ မှာယူထားတဲ့ စာအုပ်တွေက Delivery ကို 4NiX Store မှ တိုက်ရိုက်ကိုင်တွယ်လို့မရပါဘူး။ ပစ္စည်းပို့ဆောင်မှုဟာ အဆိုပါ လုပ်ငန်းကြီးများရဲ့ ညွှန်ကြားမှုအောက်မှာပဲ ရှိပါတယ်။

Lazada နဲ့ Shopee ကနေ COD နဲ့ မှာထားပြီး အကြောင်းအမျိုးမျိုးကြောင့် လက်မခံဖြစ်ခဲ့လျင် ပို့ခ ပေးဖို့မလိုပါဘူး။

ပို့ဆောင်မှုအားလုံးဟာ မလေးရှားနိုင်ငံ Delivery ကုမ္ပဏီကြီးများက ဆောင်ရွက်တာဖြစ်လို့ လာပို့သူအားလုံးဟာ မလေးနိုင်ငံသားတွေဖြစ်ပါတယ်။ သူတို့ နဲ့ ဆက်သွယ်စကားပြောတဲ့အခါ မလေးလို့ (သို့) အင်္ဂလိပ်လို ပြောကြားဖို့လိုအပ်ပါတယ်။

အကျဉ်းပြန်ချုပ်ရရင် စာအုပ်တွေမှာတဲ့အခါ ကိုယ်တိုင် လက်ခံဖို့ အခက်ခဲရှိရင်၊ ဖုန်းဆက်တဲ့အချိန် မကိုင်နိုင်ရင် ငွေကြိုလွှဲစနစ်ဖြင့် မှာပေးပါ။ ပစ္စည်းရောက်ငွေချေ စနစ်ဖြင့် မှာဖို့ အဆင်မပြေပါဘူး။ ငွေကြိုလွှဲထားရင်တော့ ရုံးခန်း(သို့) Parcel Room မှာ လူမတွေ့လည်း ထားခဲ့ပေးပါလိမ့်မယ်။

မလေးရှားနိုင်ငံရောက် စာပေချစ်မြတ်နိုးသူများအဆင်ပြေအောင် 4NiX မှ အတတ်နိုင်ဆုံး အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ တဖက်မှလည်း မိမိတို့ ရဲ့ အခြေအနေနဲ့ ကိုက်ညီမှုရှိမယ့် ငွေပေးချေမှု စနစ်နဲ့ မှာယူကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။

4NiX Store ကို ၆ နှစ်ကျော်ကာလအတွင်း ဝယ်ယူအားပေးခဲ့သူ အားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

#မလေးရှားမှာစာအုပ်ဖတ်ချင်ရင်4NiXကိုသတိရပါ

*မလေးရှားနိုင်ငံနှင့် မြန်မာပြည်အနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။

စာပို့ဆက်သွယ်ရန် အောက်ကလင့်ခ်လေးကို နှိပ်လိုက်ပါ။

http://m.me/4NixStore.kl