Books /
ရင်းနှီးမြှုပ်နှံမှုဖြင့် ချမ်းသာကြွယ်၀မှုဖန်တီးခြင်း (Kaung Hein Soe (Strategic)) Burmese Book
- Regular price
 - RM 42.00
 - Sale price
 - RM 42.00
 - Regular price
 - 
        
RM 0.00 
                    Worldwide shipping
                  
                
              
                    Secure payments
                  
                
              
                    Authentic products
                  
                
              Share
ရင်းနှီးမြုပ်နှံမှုဆိုတာ သာမန်အချိန်မှာတော့ လူအများစုက ကိုယ်နဲ့မဆိုင်ဘူးလို့ ယူဆလေ့ရှိကြပါတယ်။ ဒါပေမဲ့ လက်ရှိကာလ မရေရာမသေချာမှုတွေနဲ့အတူ ဘဏ်နဲ့ စီးပွားရေးကဏ္ဍရိုက်ခတ်မှု ပြင်းထန်လာချိန်မှာ လူတိုင်းနီးပါးဟာ လက်ထဲကငွေကို ပိုစိတ်ချရမယ့်အရာတွေ ပြောင်းလဲဝယ်ယူရင်း ရင်းနှီးမြုပ်နှံမှုဆိုတာကြီးကို မပြင်ဆင်ဘဲ ရုတ်တရက်ဆိုသလို လုပ်ဖြစ်သွားကြပါတယ်။ 
“Savers are Losers”  ဆိုတဲ့စကားလည်းရှိပါတယ်။ ကိုယ့်ငွေနဲ့ကိုယ် ဒီအတိုင်း စုထား၊ ကိုင်ထားရင်ကို ဆုံးရှုံးမှုကြီးမားနေတဲ့ဒီကာလမှာ မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်နိုင်မှသာ ကိုယ့်ရဲ့ပိုင်ဆိုင်မှု၊ ကိုယ့်ရဲ့ငွေကြေးက စိတ်ချရမှာဖြစ်ပါတယ်။ မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်ဖို့ဆိုရင်တော့ ရင်းနှီးမြှုပ်နှံမှုကို တကယ်နားလည်တတ်ကျွမ်းဖို့၊ Investment Knowledge ကြွယ်၀ဖို့လိုပါတယ်။
 “Investment တိုင်းမှာ Risk တွေ ရှိပါတယ်။ ဘာ Risk တွေလဲဆိုတာကို အကုန်အစင်သိအောင် အရင်ဖော်ထုတ်ဖို့ လိုအပ်ပါတယ်။ ပြီးရင်တော့ အဲဒီ Risk တစ်ခုစီကို ကာကွယ်၊ လျှော့ချ၊ ပယ်ဖြတ်၊ အဆုံးရှုံးနည်းဆိုတဲ့ ဘယ်နည်းနဲ့လုပ်ဆောင်နိုင်မယ်ဆိုတာကို ပြင်ဆင်မယ်ဆိုရင် စိတ်ချရတဲ့ ရင်းနှီးမြုပ်နှံမှုတစ်ခု ဖြစ်လာစေမှာပါပဲ။”
“ရင်းနှီးမြုပ်နှံမှု စလုပ်တဲ့အခါ ရင်းနှီးမြုပ်နှံမှုကောင်းကောင်းတွေကို လက်လွတ်သွားစေတတ်တဲ့ အဓိက သုံးချက် ရှိပါတယ်။ ဒါတွေက တွေဝေခြင်း၊ အချိန်ဆွဲခြင်း နဲ့ လောဘကြီးခြင်း တို့ဖြစ်ပါတယ်။” စသဖြင့်  ရင်းနှီးမြှုပ်နှံမှုမှာ သတိပြုသင့်တဲ့အခြေခံအချက်တွေကို ရှုထောင့်စုံကနေ စာရေးသူက ဝေမျှထားပါတယ်။
စာအုပ်မှာ အခန်း (၅) ခန်းပါဝင်ပြီး ဒေါ်လာ၊ ရွှေ၊ စတော့နဲ့ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုအပြင် ငွေကြေးဖောင်းပွမှုဆိုင်ရာအသိပညာတွေကိုပါ ဖတ်ရှုရမှာဖြစ်ပါတယ်။  အထူးသဖြင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာအခြေခံသဘောတရားတွေ၊ Invest လုပ်တဲ့အခါ သိသင့်တဲ့ Income နဲ့ Capital Gain အကြောင်း၊ ထိရောက်တဲ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာမဟာဗျူဟာတွေ၊ Invest စလုပ်တဲ့သူတွေရဲ့ လုပ်တတ်တဲ့အမှားတွေ စသဖြင့် ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့ သိသင့်သိထိုက်တာတွေ ပါဝင်ပါတယ်။ 
ဆောင်းပါးတစ်ပုဒ်ချင်းစီမှာ ခိုင်မာတဲ့သီအိုရီတွေနဲ့ စာရေးသူရဲ့ရင်းနှီးမြှုပ်နှံမှုအတွေ့အကြုံတွေကို ပေါင်းစပ်ပြီးဝေမျှထားပါတယ်။ အထူးသဖြင့် တကယ်ရင်းနှီးမြုပ်နှံမှုလုပ်ထားတဲ့အတွေ့အကြုံတွေ၊ နမူနာတွေကိုအခြေခံပြီး လွယ်ကူရှင်းလင်းစွာရေးသားထားတာကြောင့် ရင်းနှီးမြှုပ်နှံမှုနဲ့ စိမ်းနေသေးတဲ့သူတွေလည်း လွယ်လွယ်ကူကူနားလည်နိုင်မှာဖြစ်ပါတယ်။ လက်ရှိစီးပွားရေးအကျပ်အတည်းကာလမှသည်  အနာဂတ်ပုံမှန်အခြေအနေဖြစ်လာမယ့်ကာလအထိ လက်စွဲစာအုပ်အဖြစ်နဲ့ ဖတ်ရှုရမယ့်စာအုပ်ဖြစ်ပါတယ်။
လက်တွေ့ Investment လုပ်နေသူ တွေ၊ အခုမှရင်းနှီးမြုပ်နှံမှုစလုပ်ချင်သူတွေ၊  ငွေကြေးနဲ့ ရင်းနှီးမြုပ်နှံမှုစျေးကွက်ကို လေ့လာနေသူတွေ၊ ကိုယ့်ရဲ့ငွေကြေးကို လုံခြုံစိတ်ချစေမယ့် နည်းလမ်းရှာနေသူတွေ၊ အလုပ်လုပ်ရင်း Passive Income ရှာလိုသူတွေ၊ Investment လုပ်ပြီး ချမ်းသာကြွယ်၀လိုသူတွေ၊ ဒေါ်လာ၊ ရွှေ၊ စတော့နဲ့ အိမ်ခြံမြေစျေးကွက်အကြောင်း နားလည်လိုသူတွေ မဖြစ်မနေဖတ်သင့်တဲ့ စာအုပ်ဖြစ်ပါတယ်။ 
*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။
- စာပို့ဆက်သွယ်ရန် Link
 - 4NiX Store Facebook Page
 
      ×
      
    
    
  
      ×