Books /Thar Htwe
ကျေနပ်စွာနေထိုင်ခြင်း (Thar Htwe) Burmese Book
- Regular price
- RM 18.00
- Sale price
- RM 18.00
- Regular price
-
RM 0.00
Share
အသက်ရွယ်ရလာတာနဲ့အမျှ
တစ်နေ့ထက်တစ်နေ့
မက်မက်မောမော လိုချင်တာဆိုလို့ နှစ်ခုဘဲ ရှိတော့တယ် ။
ပိုက်ဆံ နှင့် စကားပြောဖော်
လူတစ်ယောက်
ကိုယ်လုပ်ချင်ရာ ၊ စားချင်ရာ ၊
လှူချင်ရာ အကုန်ဖြစ်ဖို့
လူတန်းစေ့ နေနိုင်ဖို့
ပိုက်ဆံ လိုပါတယ် ။
ပိုက်ဆံဟာ power ပါပဲ ။
လက်ထဲ ပိုက်ဆံရှိနေတဲ့ နေ့တွေဟာ စိတ်လုံခြုံမှုရှိတယ် ။
ရဲရံတင်းတင်း လုပ်ကိုင်ရဲတယ် ။ ဘာပဲလုပ်လုပ် သတ္တိရှိနေဖို့ ၊
ပိုက်ဆံက သိပ်အရေးကြီးပါတယ် ။
ကိုယ့်မှာသာ လုံလုံလောက်လောက် ငွေကြေးကြွယ်ဝနေတဲ့အခါ
ဆွေမျိုး အသိုင်းအဝိုင်း ၊ သူငယ်ချင်း အပေါင်းအသင်း ၊ ဘယ်နေရာမှာ မဆို ဘောင်ဝင်တယ်
နေရာတိုင်းကို ဝင်ဆံ့ရဲပါတယ် ။
နောက်တစ်ခုက စကားပြောဖော်
လူတစ်ယောက်
လူဆိုတာ
တစ်ယောက်တည်းနေလို့ရတဲ့ သတ္တဝါတွေ မဟုတ်ပါဘူး ။ အပေါင်းအသင်းကို ခုံမင်တယ် ။ အသင်းအဖွဲ့ကို
သိပ်မက်မောကြပါတယ် ။
စိတ်ညစ်တိုင်း ရင်ဖွင့်ဖို့ ၊
ကောင်းခြင်း ဆိုးခြင်းမျှဝေဖို့
ရင်ဘတ်နဲ့ နားထောင်ပေးတတ်တဲ့ စကားပြောဖော်
လူတစ်ယောက်ဟာ
တကယ် လိုပါတယ် ။
အဲ့ဒီအတွက် ပိုက်ဆံ
ကြိုးစားရှာမယ် ။
စိတ်လုံခြုံမှု အပြည့်ပေးတဲ့
လူတစ်ယောက်ကို
စကားတွေ အများကြီး ပြောမယ် ။
ဒီနှစ်ခု အပေါ်မှာဘဲ ဘဝကို ရင်းနှီးမြုပ်နှံထားပါတယ် ။
*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။
- စာပို့ဆက်သွယ်ရန် Link
- 4NiX Store Facebook Page