• IMG20250407104447
  • IMG20250407104510
  • IMG20250407104501
  • IMG20250407104436
  • IMG20250407104517
1

Books /Mon Halsey

Pain Into Power(Mon Halsey)

Regular price
RM 10.00
Sale price
RM 10.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

လူသားတိုင်းမှာ စိတ်ဒဏ်ရာတွေ၊ ဖြေလျော့လို့မရနိုင်တဲ့ အတွင်းခံစားချက်တွေကို သယ်ဆောင်နေရတာမျိုးရှိပါတယ်။ အတိတ်က ရင်ဆိုင်ခဲ့ရတဲ့ခံစားချက်တွေ ရခဲ့တဲ့ဒဏ်ရာတွေဟာ စိတ်နှလုံးမှာ အနာတရဖြစ်စေတတ်ပြီး အမြဲတမ်း လိုက်ပါနေတတ်တယ်။ ဒုက္ခပေးနေတတ်တယ်။


အခုနှစ်ပိုင်းအနည်းငယ်အတွင်းမှာပဲ တစ်ကမ္ဘာလုံးမှာ ကမောက်ကမဖြစ်စဉ်တွေဆိုတာလည်း အများကြီးပေါ်ပေါက်လာခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့် လူတွေဟာ စိတ် ဒုက္ခများစွာကို ခံစားရတယ်။ စိတ်ဖိစီးမှုပေါင်းများစွာနဲ့စိတ်ဒဏ်ရာတွေဖြစ်ကြတယ်။ အဲဒီအခါမှာ စိတ်ရဲ့အေးငြိမ်းရာလမ်းကို ရှာဖွေလာကြတယ်။ စိတ်အလုပ်တွေလုပ်ကြတယ်။ ဒါဟာ Spiritual လမ်းကိုလျှောက်လှမ်းလာကြတာပဲဖြစ်ပါတယ်။ Spiritual ဆိုတာ အများသိတဲ့အတိုင်း စိတ်ရဲ့အေးငြိမ်းမှုကို ရှာဖွေတဲ့လမ်းစဉ်တစ်ခုပါပဲ။


Spiritual Healingဟာဒဏ်ရာတွေကနေ အလင်းကိုရှာဖွေပေးနိုင်တဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ဒီစာအုပ်ကို ဖတ်မိတဲ့အခါ မိမိကိုယ်တိုင် ကြုံဆုံခဲ့ရတဲ့ ဘဝထဲကစိတ်ပြဿနာတွေကို ကိုယ်တိုင်အဖြေရှာကုစားနိုင်မှာဖြစ်ပါတယ်။ နေ့စဉ်ဘဝရဲ့အတွေးတွေမှာ မိမိကိုယ်မိမိ သတိရှိနေတာ စိတ်အမှိုက်တွေ၊ အညစ်အကြေးတွေကို ဆေးကြောသန့်စင်တာတွေက ဒီစာအုပ်မှာ ဖော်ပြထားတဲ့ Spiritual Healing ရဲ့ အဓိကအချက်တွေပဲဖြစ်ပါတယ်။


Page-174

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။