Books /သက်ထားခင်
Right Time Right Person (သက်ထားခင်) Burmese Book
- Regular price
 - RM 17.00
 - Sale price
 - RM 17.00
 - Regular price
 - 
        
RM 0.00 
                    Worldwide shipping
                  
                
              
                    Secure payments
                  
                
              
                    Authentic products
                  
                
              Share
ထပ်တူကျတဲ့အချစ်မဟုတ်ရင် ဘယ်တော့မှ ပိုင်ဆိုင်ဖို့မကြိုးစားနဲ့ ။ ကြိုးစားနေရတဲ့ ကိုယ်ကလည်းပင်ပန်းတယ် ။ တဖက်လူကလည်း စိတ်သောက ရောက်ရတယ် ။ အနှောင့်အယှက်ဖြစ်ရတယ် ။ နောက်ပြီး အတင်းအကျပ်လုပ်ယူထားတဲ့ အိမ်ထောင်ရေးမို့ ဘယ်တော့မှ ပျော်ရွှင်ရမှာ မဟုတ်ဘူး ။ 
သူ့ဘက်က ကိုယ့်ကိုမချစ်တော့ဘူးဆိုရင် လက်လွှတ်လိုက်တာ အကောင်းဆုံးပဲ ။ နာကျင်ရမယ် ။ ဒါပေမယ့် နောက်ပိုင်း ကိုယ်ပျော်ရမယ် ။ လောလောလတ်လတ် အသဲကွဲထားသူမို့ ဒီစကားက မဖြစ်နိုင်ပါဘူးလို့ ထင်ကောင်းထင်လိမ့်မယ် ။ ဒါပေမယ့် လူတိုင်းနီးပါး ဒီခံစားမှုမျိုး ကြုံဖူးကြတယ် ။ အဓိပ္ပာယ်ကတော့ လူတိုင်းဟာ အသဲကွဲဖူးတယ်.. အချစ်ကို လက်လွှတ်ပေးခဲ့ရဖူးတယ် လို့ ဆိုလိုချင်တာ ။ 
ကိုယ့်ကိုမချစ်တော့တဲ့လူကို လက်လွှတ်လိုက်ရတယ် ။ အသဲတွေကွဲကြတယ် ။ လအချို့ ၊ နှစ်အချို့ ကြာသွားတဲ့အခါ ပိုကောင်းတဲ့ ရပ်တည်မှုမျိုးနဲ့ နေရာတစ်ခုမှာ တည်ငြိမ်ရင့်ကျက်တဲ့လူတစ်ယောက်ဖြစ်လာတယ် ။ အချစ်က ဘဝတစ်ခုလုံးလို့ ထင်မှတ်ဖူးတဲ့လူက အချစ်က ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပဲဆိုတာ နားလည်လာကြတယ် ။ 
ကိုယ့်ကိုမချစ်ပေမယ့် ကိုယ်က ချစ်တယ်ဆိုပြီး အတင်းဆုပ်ကိုင်ထား ၊ ဆွဲထားရင်းနဲ့ လက်ထပ်ဖြစ်ခဲ့ကြတယ် ။ သာယာပျော်ရွှင်မှုဆိုတာ မရှိခဲ့ဘူး ။ နေ့စဉ်နဲ့အမျှ စိတ်ဒဏ်ရာရနေရတယ် ။ ကိုယ့်စကားကို သူနားမထောင်ဘူး ။ သူလုပ်ချင်တာ လုပ်တယ် ။ လက်ထပ်ခြင်းဟာ ချစ်ခြင်းကြောင့်မဟုတ်ဘဲ တာဝန်အရဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက်မှာ လူနှစ်ယောက်ဘဝက ပျက်စီးတယ် ။ မချစ်ဘဲ လက်ထပ်ထားရတာမို့ ဂရုစိုက်မှု ၊ ကြင်နာမှုမရှိဘူး ။ မချစ်မှန်းသိရက် အဆုံးရှုံးမခံနိုင်လို့ ဆုပ်ကိုင်ထားရတဲ့လူကလည်း နေ့စဉ်ငရဲကျနေရတယ် ။ 
အစ်မကတော့လေ သူချစ်ကိုယ်ချစ် မဟုတ်ရင် လက်မထပ်စေချင်ဘူး ။ အိမ်ထောင်ရေးဆိုတာ သူစိမ်းလူ နှစ်ယောက်ရဲ့ဘဝကို ထပ်တူပြုရတာမို့ အချစ်ကိုအခြေခံထားတဲ့ နားလည်မှုဆိုတာ လိုကိုလိုအပ်တယ် ။ ဒါကြောင့် ကိုယ့်ကို မချစ်တဲ့လူကို ပိုင်ဆိုင်ဖို့ဘယ်တော့မှ မကြိုးစားနဲ့ ။ ကိုယ်ရမယ့်ဒုက္ခကို ကိုယ့်အချစ်တွေပေးပြီး အလဲအလှယ် လုပ်ရတဲ့ မိုက်မဲခြင်းမျိုး ဘယ်သူ့ကိုမှ မကျူးလွန်စေချင်ဘူး ။ ပိုင်ဆိုင်ရမှပိုနာကျင်ရမယ့် လူဆိုရင် စောစောစီးစီး နာကျင်ခံပြီး လမ်းခွဲလိုက်ပါ ။ 
တချို့အရာတွေကို ဘဝထဲက ထုတ်ပစ်လိုက်မှ ကိုယ့်အတွက် ပိုကောင်းတာ ။ တချို့အရာတွေကိုကျ လက်လွှတ်လိုက်မှ ကိုယ့်အတွက် ပိုပြီး သက်တောင့်သက်သာ ဖြစ်တာ ။ ခဏနာကျင်ဖို့ တသက်လုံး စိတ်ဆင်းရဲရဖို့ ဘယ်လမ်းကို ရွေးမလဲ ။ ကိုယ့်ရွေးချယ်မှုက ကိုယ့်ဘဝပဲ ။ ဘဝကိုဘယ်လိုဖြတ်သန်းချင်လဲ.. ဆုံးဖြတ်ခွင့်က ကိုယ့်လက်ထဲမှာ ။
*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။
- စာပို့ဆက်သွယ်ရန် Link
 - 4NiX Store Facebook Page
 
      ×
      
    
    
  
      ×