• aa7601c93a51381317b82cc17830805f
  • 1881d9ccfbc9fd3685a1950da7a07084
  • 071ac77b673fe7958b0d358fda5675b7
1

The guys from Mandalay 1950s (ခက်ဇော်) Burmese Book

Regular price
RM 40.00
Sale price
RM 40.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

"ငါက ဘုန်းကြီးဖြစ်နေရင်တော့ နိဗ္ဗာန်ရောက်တဲ့အထိ အားထုတ်ရမှာ ငါ့အလုပ်ပဲ။ မိန်းမရတော့လည်း မိသားစုကို သောင်သောင်သာသာ ထားဖို့က ငါ့အလုပ်။ ဟော့....အခုကျ ဝရမ်းပြေးဖြစ်သွားပြီ။ ဝရမ်းပြေးဖြစ်မှတော် ငါ့အလုပ်က ဓားပြ ဗိုလ်ဖြစ်အောင် လုပ်ရတော့မှာပဲ၊ ကိုယ့်အလုပ်တော့ ကိုယ်ဂိတ်ဆုံးဖြစ်အောင် လုပ်ရမှာပဲ။" လို့ ပြောခဲ့သူက ဘုန်းကြီးဘွဲ့တော် ဦးပညာ၊ လူဝတ်ကြောင် မောင်ကလေး၊ လူသိများတာက စိန်ဓားမြှောင်ဖြစ်ပေတယ်။

သူကတော့ အထက်ပြည်က ဓားပြဗိုလ်ပေါ့ရှင်။

ကျွန်မကတော့လေ အဲ့ဓားပြဗိုလ်ကြီးကို သိပ်ကိုမေတ္တာပို့တာပဲ။ ဘာလို့ဆို ကျွန်မက ကိုဂန္ဓမာ(the guys of ygn) ဖန်ကိုရှင့်။ ဂန္ဓမာကြီးက ဒီစာအုပ်ထဲမှာပြန်ပါတော့ သစ္စာရှင်ကျွန်မက ဂန္ဓမာဘက်က ရပ်တည်ခဲ့ရပြန်တာပေါ့။ ဒါကြောင့်မို့ ဂန္ဓမာနဲ့ စိန်ဓားမြှောင်တွေ့တော့ စိန်ဓားမြှောင်ဟာ ကျွန်မရဲ့အမြင်မကြည်စရာကြီးဖြစ်ပါလေရော....။

ပြီးတော့ အဲ့အမျိုးသားက ဉာဏ်နီဉာဏ်နက် ဉာဏ်ဝါဉာဏ်ပြာ ဉာဏ်ရောင်စုံထွက်တဲ့ ဦးနှောက်ပိုင်ရှင်ကြီးရှင့်။ သူ့ကိုကြည့်ပြီးတော့လည်း သင်ခန်းစာတွေအများကြီးလည်းရတယ်။ အသည်းတွေလည်းယားတယ်။ သူသုံးသွားတဲ့ လှည့်ကွက်တွေက တစ်ခါတလေကျတော့ ရုပ်ရှင်ဆန်နေသလိုလိုပဲ...။ (ရုပ်ရှင်ကပဲ သူ့ကိုအတုခိုးလေသလားတော့ မပြောတတ်ပေါင်)

ဒီအမျိုးသားကြီးကလေ ဘုန်းကြီးလူထွက်မို့လားမသိ အတော်တော့စွမ်းတယ်ရှင့်။ တပည့်တပမ်းကလည်းပေါများပါပေ့။ နေရာအနှံ့မှာကိုရှိနေရော...။ သူက မန္တလေးမှာဆိုးလို့အားမရလို့ ရန်ကုန်မှာပါ မွှေတဲ့ တကယ့်လူပါပေ။ ကျွန်မကတော့ သိပ်ကိုအမြင်မကြည်နိုင်ဘူးရှင့်....။ သူ့ကိုဘယ်တော့မိမလဲ မိမလဲနဲ့ အဲ့သလိုစိတ်နဲ့ဖတ်မိတယ်ရယ်။ (အမြင်မတူတဲ့သူများတော့ ကျွန်မကိုခွင့်လွှတ်ပါနော့်)

ဒါပေမဲ့လေ သူ့ကိုကြိုက်ရတဲ့အချက်ရှိပြန်တယ်...။ မြကြည်ကိုချစ်တဲ့အချစ်က ကျွန်မသိပ်ကိုသဘောကျရတဲ့ သူ့ရဲ့အားသာချက်ပေါ့။ မြကြည်ပါးကိုလိမ်ဆွဲလို့ စတင်းဂန်းနဲ့ အသေပစ်သတ်တဲ့ အခန်းကတော့ မမေ့နိုင်စရာ တစ်ခုပေါ့။ ပြီးတော့ရှိသေးတယ် မြကြည်ကိုဝယ်ပေးထားတဲ့မင်္ဂလာဦးနားကပ်လေးကို ပြန်ယူတဲ့အခန်းဆိုလည်း စိန်ဓားမြှောင်က ကျွန်မရဲ့ကောင်လေးသာ ဖြစ်လိုက်ပါတော့လို့ တွေးမိတဲ့အထိတောင် ခိုက်ရပါတယ်။ (မြကြည်လို အချစ်ခံချင်တာ အပြစ်လာလို့😁)

မြကြည်မှ မြကြည် ဆိုတဲ့ စိန်ဓားမြှောင့်ကိုချစ်တဲ့ မြကြည်အချစ်ကလည်း စိန်ဓားမြှောင်ထက်မသာရင်တောင် မလျော့တဲ့အချစ်နဲ့ပေါ့။ အဲ့ခါကျပြန်တော့ ကျွန်မမြကြည်လို လူဆိုးကြီးကိုချစ်နိုင်မှာမဟုတ်။

ဒီစာအုပ်ကို ဖတ်ပြီး အချစ်ဆိုတာ တကယ်ရှိပါလား ဆိုတဲ့ ခံစားမှု ပထမဆုံးဖြစ်မိတာပါပဲ။

စိန်ဓားမြှောင်တို့လင်မယား၊ စံဘတို့ဇနီးမောင်နှံ၊ ခါလေးတို့အတွဲ စတဲ့အတွဲတွေက တစ်ယောက်နဲ့တစ်ယောက် ချစ်ပြကြတာ သန္တရသအပြည့်အဝကိုရရပါတယ်။ လူပျိုကြီးထွန်းရင်ရဲ့တစ်ဖက်သက်အချစ်ကလည်း တမျိုးဆန်းပြီး ဂန္ဓမာနဲ့မသောင်းတို့ရဲ့ မောင်နဲ့မအတွဲကလည်း ကြည်နူးစရာအတိကိုဖြစ်လို့ပါ။

မှတ်မိပါသေးတယ်။ ဂန္ဓမာက တစ်ယောက်တည်း မဂျစ်ခန်းတို့အဖွဲ့ဆီသွားတော့ မသောင်းကပြေးသွားတယ်။ အားလုံးကတော့ မသွားဖို့ တားတယ်မှတ်တာ။ တကယ်က သေနတ်ကျန်ခဲ့မှာဆိုးလို့ ပြေးပေးတာတဲ့။ တကယ့်ကိုအတွဲညီတဲ့ လိုက်ဖက်မှုကြီးပါပေ....။

ပြီး ကျွန်မက​ဒီစာအုပ်ကလေးမှာ အင်မတန်ကြွေရတဲ့ အမျိုးသမီးလေး၂ယောက်ရှိပါ​သေးတယ်ရှင့်။ ဖတ်ပြီးတဲ့သူတွေလည်း သဘောကျလိမ့်မယ်လို့ ထင်ပါတယ်ရှင်။ သူတို့ကတော့ ချောရင်နဲ့ အနှင်းပါပဲ။

ဂန္ဓမာခေတ်ပြောင်းပြီး ချောရင်ခေတ်ရောက်လာတယ်လို့ ဆိုရလောက်အောင်ကို သိပ်ကိုထက်တဲ့မိန်းမ။ ဖိုးတုတ်နဲ့ချောရင်သာပေါင်းရင် ဘာတွေဖြစ်လာမယ် မတွေးရဲဘူးလို့ ဂန္ဓမာကတောင် ဆိုရတဲ့မိန်းမ။သွက်လက်ထက်မြက်ပြီး အရာရာမှာ တွေးတတ်ခေါ်တတ်ပြီး ရှေ့တစ်လှမ်းကြိုမြင်တဲ့ အာဂမိန်းမပါ။ သူမက စံဘမယား၊ ထွန်းရင် ညီမ၊ ရန်ကုန်တစ်ဖက်ကမ်းက ဓားပြဗိုလ်မြတ်လှရဲ့သမီး၊ ချောရင်...။

ပြီးတော့ ကလေးကိုကျောပိုး နှလုံးပြူးသေနတ်ကို ခါးချိတ်လို့ ဘယ်နေရာမှာမဆို တိုက်ရဲခိုက်ရဲတဲ့ ပညာတတ် ဓားပြမလေး အနှင်း။ မုဆိုးမပေမဲ့ လောကဓံကိုကြံ့ကြံ့ခံလို့ ယောကျ်ားတွေကိုရင်ဘောင်တန်းပြီး ဓားပြတိုက်တဲ့ သတ္တိခဲမလေးကိုမှမကြွေရင် ဘယ်အမျိုးသမီးကိုကြွေရပါတော့မလဲနော့်...။ သူမရဲ့သင်္ကေတမူပိုင် ကျစ်ဆံမြီးအရှည်ကြီးကလည်း ထွန်းရင် ခါလေးနဲ့ ကျွန်မတို့ကိုပါ ဆွဲဆောင်ထားတာကို ဘယ်သူငြင်းမလဲ....။

စာရေးသူကလည်း သိပ်ကိုအရေးညက်ပ။ တစ်ခန်းပြီးတစ်ခန်းကို ရေးသွားလိုက်တာ မှန်းထားသမျှအကုန်လွဲရောပဲ...။ ကြိုမှန်းလို့ကိုမရဘူးတော့်။ ဆရာသိပ်ကို တော်ပါပေတယ်နော်။ ကျွန်မကတော့ ရန်ကုန်သူဆိုတော့ Rangoon 1930က အကြမ်းအရမ်းကို ပိုcrazyဖြစ်မိတယ်လို့ ဝန်ခံလိုက်ချင်ပါတယ်ရှင်...။

ဒါဆို Mandalay 1950s ကိုမကြိုက်ဘူးလား ဆိုရင်တော့ Rangoonနီးနီးကိုကြိုက်ရပါတယ်။ စိန်ဓားမြှောင်ပေးတဲ့သင်ခန်းစာတွေက လက်တွေ့ဘဝမှာအသုံးဝင်နေတာမို့ မှတ်သားရပါတယ်။ နိုင်ငံရေးအရှုပ်တော်ပုံကိုဖတ်ပြီးလည်း မွန်းကြပ်လာလို့ရေထသောက်ရတဲ့အခါ ရှိပါတယ် 😵၊ စိန်ဓားမြှောင်က နိုင်ငံရေးသမားတွေနဲ့အပေးအယူ ဘာကြောင့်မလုပ်ချင်တာလဲဆိုတာကိုလည်း ဇာတ်သိမ်းခန်းမှာ အဖြေရခဲ့ပါတယ်....။

ကျေနပ်ပါတယ်....။ မျှော်မှန်းထားတာထက်ကို ကောင်းတဲ့စာအုပ်လေးဖြစ်ခဲ့ပါတယ်။ မဖတ်သေးက ဖတ်ကြည့်ဖို့တိုက်တွန်းပါတယ်။

( ပုံတစ်ပုံချင်းစီရဲ့အောက်မှာ သဘောကျရတဲ့ စာအချို့ကို ပြန်ဝေမျှထားပါတယ်ရှင့်)

ကျွန်မရဲ့အမြင် ဖတ်ပြီးဖြစ်မိတဲ့ ကျွန်မရဲ့ခံစားမှုကို ဖွင့်ဟပြောပြရုံသာမို့ spoilဖြစ်မိရင် ခွင့်လွှတ်ဖို့တောင်းပန်ပါတယ်။ အဆုံးထိဖတ်ပေးတဲ့သူ တစ်ဦးတစ်ယောက်ချင်းစီကိုလည်း ကျေးဇူးအထူးတင်ပါတယ်ရှင့်။

#ပန်းသွေးယု

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။