• 4a3a81ebbc193f2ce58c3f031bb97382
  • bf06ebc1d4c830ba0eb0f9afefc49ec2
  • 73b899c9a46d653f13c669e54e8fa0ce
1

Books /ကြည်ရွှန်း

မြင့်မြင့်တွေး မြင့်မြင့်ကြံ (ကြည်ရွှန်း) Burmese Book

Regular price
RM 40.00
Sale price
RM 40.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

ရက်ပေါင်း ၃ဝ တိုးတက်ရေး စီမံချက်

========================

အခုကနေ စပြီး ................နေ့အထိ ငါဟာ

(က) ဒီအကျင့်တွေကို ဖျောက်ပစ်မယ် (အကြံပြုချက်များ)

------------------------------------------

၁။ လုပ်ရမယ့်အလုပ်တွေ ရွှေ့ဆိုင်းတတ်တာ။

၂။ အပျက်မြင် အပြောအဆိုမျိုး။

၃။ တစ်နေ့ကို ရုပ်မြင်သံကြား တစ်နာရီထက် ပိုကြည့်တာမျိုး။

၄။ အတင်းအဖျင်းပြောတာ။

(ခ) ဒီအကျင့်တွေ ရအောင် လုပ်မယ် (အကြံပြုချက်များ)

--------------------------------------------------------

၁။ မနက်တိုင်း ငါ့အသွင်အပြင်ကို အသေအချာ ပြန်လည် ဆန်းစစ် ကြည့်ရှုမယ်။

၂။ နောက်တစ်နေ့ လုပ်မယ့် အလုပ်တွေကို ညကတည်းက စီမံချက် ချထားမယ်။

၃။ အခွင့်သာတိုင်းမှာ လူတွေကို ချီးကျူးစကား ပြောဆိုမယ်။

.

(ဂ) ငါ့အလုပ်ရှင်အတွက် ငါ့တန်ဖိုးတွေကို ဒီနည်းတွေနဲ့ တိုးပွားအောင် လုပ် မယ် (အကြံပြုချက်များ)

------------------------------------------------------------

၁။ ငါ့လက်အောက်က လူတွေ ဖွံ့ဖြိုး တိုးတက်လာအောင် ပိုကောင်း ကောင်း လုပ်ပြမယ်။

၂။ ငါ့ကုမ္ပဏီက ဘာတွေ လုပ်နေတဲ့ ဆိုတာနဲ့ ငါ့ကုမ္ပဏီက ဝန်ဆောင်မှု ပေးနေတဲ့ ဖောက်သည်တွေအကြောင်း အပါအဝင် ငါ့ကုမ္ပဏီအကြောင်း ပိုသိအောင် လုပ်မယ်။

၃။ ငါ့ကုမ္ပဏီ ပိုပြီး ထိထိရောက်ရောက် အကျိုးရှိရှိ အလုပ်လုပ်နိုင်အောင် ငါ ထူးထူးခြားခြား အကြံပြုချက် သုံးခု ပေးမယ်။

.

(ဃ) ငါ့ရဲ့ အိမ်မှာ ဒီနည်းလမ်းတွေနဲ့ တန်ဖိုး တိုးမြင့်လာအောင် လုပ်မယ် (အကြံပြုချက်)

------------------------------------------------------------

၁။ ငါ့ဇနီးက ငါ့ကို လုပ်ပေးနေကျ သေးမွှားမွှား အလုပ်တွေဖြစ်ပေမဲ့ ငါက အရေးတယူ ကျေးဇူးတင်ကြောင်း ပိုပြီးပြမယ်။

၂။ တစ်ပတ်မှာ တစ်ကြိမ် မိသားစုတစ်ခုလုံးအတွက် ထူးထူးခြားခြား တစ်ခုခု လုပ်ပေးမယ်။

၃။ ငါ့မိသားစုအတွက် တစ်နေ့ကို တစ်နာရီတိတိ ငါ လုံးဝ ဂရုစိုက်ကြောင်း ပြသမယ်။

(င) ဒီနည်းလမ်းတွေနဲ့ ငါ့စိတ်ကို ထက်မြက်လာအောင် သွေးမယ် (အကြံ ပြုချက်များ)

------------------------------------------------------------

၁။ ငါ အလုပ်လုပ်နေတဲ့ နယ်ပယ်နဲ့ သက်ဆိုင်တဲ့ မဂ္ဂဇင်းတွေကို အပတ် စဉ် တစ်ပတ်ကို နှစ်နာရီတိတိ အချိန်ပေး ဖတ်မယ်။

၂။ ဘဝ အောင်မြင်တိုးတက်ရေး စာအုပ်တစ်အုပ် ဖတ်မယ်။

၃။ အသိမိတ်ဆွေ လေးယောက် ဖွဲ့မယ်။

၄။ နေ့စဉ်နေ့တိုင်း တစ်နေ့ကို မိနစ် ၃၀ လောက် အနှောင့်အယှက် ကင်းကင်းနဲ့ ငြိမ်ငြိမ်သက်သက်လေး စဉ်းစားတွေးတောမယ်။

နောက်တစ်ကြိမ်မှာ မိတ်ဆွေ ထူးထူးခြားခြားနဲ့ ဟန်အမူအရာ ကြော့ကြော့ မော့မော့၊ သပ်သပ်ရပ်ရပ် ၀တ်စားပြင်ဆင်ထားပြီး အတွေးရှင်းရှင်း တွေးတတ် သလို အလုပ်တွေကိုလည်း ထိထိရောက်ရောက် လုပ်တတ်သူတစ်ဦးကို တွေ့ပြီ ဆိုရင် ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး သူဟာ “အဲသလို နည်းလမ်းတွေနဲ့ မွေးဖွားလာ သူ မဟုတ်ပါဘူး” လို့ သတိပေးလိုက်ပါ။

စိတ်ကို အာရုံစူးစိုက်ပြီး လုပ်ဆောင် ရတဲ့ အလုပ်တွေ အတော်များများအပေါ်မှာ အဲသလို ဖြစ်အောင် တစ်နေ့ပြီးတစ်နေ့ ရင်းနှီးမြှုပ်သော ကြီးစားပြုပြင်လာနှင့် အသည်သူဟာ ခုလို မိတ်ဆွေ တွေ့မြင်သောအတိုင်း ဖြစ်လာတာပါ။

မိတ်ဆွေ ပထမဦးဆုံး စလုပ်မယ့် ရက်ပေါင်း သုံးဆယ် တိုးတက်ရေး စီ ချက်ကို အုပ် အာင် သပ်လိုက်ပါ။

မြင့်မြင့်တွေး မြင့်မြင့်ကြံ စာအုပ်မှ ကောက် နှုတ်ဖော်ပြပါသည်။

စာရေးသူ–ကြည်ရွန်း (မြန်မာပြန်)

စာမျက်နှာ–၄၅၇

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။