Books /
ကိုရီးယား အခြေခံ သဒ္ဒါနှင့် လေ့ကျင့်ခန်းများ ( ဒေါ်လဲ့ရည်ထွန်း (Mirae Korean)) Burmese Book
- Regular price
 - RM 20.00
 - Sale price
 - RM 20.00
 - Regular price
 - 
        
RM 0.00 
Share
ကိုရီးယားဘာသာစကားတွင် သဒ္ဒါသည်လည်း အရေးကြီးသောအပိုင်းဖြစ်သည်။
သဒ္ဒါများကို မသင်ကြားမီ ရေးတတ် ဖတ်တတ်ဖို့ သိထားရမည့် ဗျည်းနှင့်သရ၊ အသတ်သံများကိုလည်း စာအုပ်၏ရှေ့ပိုင်းတွင် ရှင်းလင်းပေးထားပါသည်။
သဒ္ဒါများကို ရှင်းလင်းရာတွင် ခေါင်းစဉ်တစ်ခုချင်းစီအလိုက် သဒ္ဒါ၏ဖွဲ့စည်းပုံ၊ မြန်မာလို အဓိပ္ပာယ်များ၊ မြန်မာလိုအဓိပ္ပါယ်ချင်းတူသော်လည်း ကိုရီးယားလို ကွဲပြားသည့် ဝိသေသလက္ခဏာများနှင့် သင်္ချာကိန်းဂဏန်းများ၏ သုံးနှုန်းပုံကိုလည်းနမူနာစာကြောင်းများဖြင့် လွယ်ကူစွာ နားလည်သဘောပေါက်စေရန် ရှင်းလင်းပေးထားပါသည်။
ထို့နောက်လေ့လာသူ ကျောင်းသားများအနေဖြင့် သင်ခန်းစာကို မည်မျှနားလည်ကြောင်း သိရှိနိုင်စေရန် လေ့ကျင့်ခန်းများလည်း ပေးထားပြီး ၎င်းလေ့ကျင့်ခန်းများကို စာအုပ်၏ နောက်ဆုံးအပိုင်းတွင် သဒ္ဒါနံပါတ်အလိုက်အဖြေမှန်ကို ဖော်ပြပေးထားပါသည်။
မိမိသိရှိလိုသော သဒ္ဒါကို မာတိကာတွင် ကိုရီးယားဘာသာဖြင့် အလွယ်တကူရှာဖွေဖတ်ရှုနိုင်ပါသည်။
ယခုကိုရီးယားဘာသာအခြေခံစာအုပ်သည် ကိုရီးယားဘာသာ၏သဒ္ဒါကို စတင်လေ့လာရာတွင် ကြုံတွေ့ရမည့် အခက်အခဲများကို ဖြေရှင်းရာတွင် အနည်းငယ်အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ ထုတ်ဝေထားခြင်းဖြစ်ပါသည်
စာမျက်နှာ ၁၇၂

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။
- စာပို့ဆက်သွယ်ရန် Link
 - 4NiX Store Facebook Page