• ad46fcc13baa58657dab26d5af3b8903
  • 1a5adb0115fe372d8db4c22b2cb98613
  • 77f242e1e0d3c81725b1a2a9643ced86
  • 9bdc819ed915428172a9753a2c03affe
  • 2e7ee6a0fe7b84eb0b565ad8e9737ec2
1

ငွေကြေး၊ဈေးကွက် နှင် ရင်းနှီးမြုပ်နှံမှု (ကေနို) Burmese Book

Regular price
RM 31.00
Sale price
RM 31.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

ဤစာအုပ်သည်က ဘာသာပြန်စာအုပ် မဟုတ်သလို၊ အပျော် ရန်အတွက်လည်း မဟုတ်ပါ။ လက်တွေ့အသုံးချရန်အတွက် ဖြစ်သည်။ လက်လှမ်းမီရာ စာအုပ်၊ စာတမ်းပေါင်းများစွာတို့ကို ကိုးကားထားပြီး၊ စာရေးသူ၏ ဘဏ္ဍာရေးဈေးကွက် လက်တွေ့အတွေ့အကြုံများတို့ကို ပေါင်းစပ်အခြေခံပြီးတော့ ရေးသားပြုစုထားသည့် စာအုပ်လည်းဖြစ်သည်။ ဤစာအုပ်၌ ငွေကြေးများတို့ရဲ့ အကြောင်း၊ စတော့ရှယ်ယာဈေးကွက်၊ ဘွန်းငွေချေးစာချုပ်ဈေးကွက်နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နည်းဗျူဟာ Central Bank များတို့ကို အဓိကထား ရေးသားပြုစုထားပါသည်။ ငွေကြေးများတို့ရဲ့ အပိုင်း၌ Fiat currency (အစိုးရများထုတ်ငွေကြေး)Digital Currency (ဗဟိုဘဏ်ထုတ် ဒစ်ဂျစ်တယ်ငွေကြေး)၊ Crypto currency (ခရစ်တိုငွေကြေး) များတို့ရဲ့ အကြောင်းတွေနှင့် ဘလော့ချိန်း နည်းပညာ အခြေခံသဘောတရားများတို့ကို ရိုးရှင်းသော စကားလုံး၊ အသုံးအနှုန်းတို့ကို သုံးပြီးတော့ ရှင်းပြ ရေးသားထားပါသည်။ ငွေကြေး များအပိုင်း၌ Fiat ငွေကြေးတွေရဲ့ အတက်အကျ ဘာကြောင့်ရှိစေနိုင် သလဲဆိုသည့် အကြောင်းအချက်တွေနှင့် ခရစ်တိုငွေကြေးဈေးကွက် သဘောသဘာဝနှင့် ရင်းနှီးမြှုပ်နှံမှု နည်းဗျူဟာတွေကိုပါ ထည့်သွင်း ရေးသားထားပါသည်။

စတော့ရှယ်ယာအပိုင်း၌ စတော့ဈေးကွက်သမိုင်းကနေ ရင်းနှီး မြှုပ်နှံမှ လုပ်လို့ရတဲ့အထိ ရင်းနှီးမြှုပ်နှံမှု နည်းဗျူဟာတွေလည်း ထည့်သွင်းရေးသားထားပါသည်။ ဘွန်းငွေချေးစာချုပ်အပိုင်း၌ ဘွန်း ဈေးကွက်အကြောင်း၊ ဘွန်း yield နှင့် yield curve မျဉ်းကွေးတို့ရဲ့ အကြောင်းတွေကို စေ့ငုံစုံလင်စွာဖြင့် ရှင်းပြထားပါသည်။ ၄င်းတို့အပြင် နိုင်ငံသားတိုင်း သိသင့်သိထိုက်တဲ့ နိုင်ငံ GDP အကြောင်း၊ စားသုံးသူဈေးဆညွှန်းကိန်း (CPI) ဒေတာအကြောင်း၊ Recession အကြောင်း၊ Inflation အကြောင်းနှင့် Safe havens တွေရဲ့ အကြောင်းတွေလို သိသင့်သိထိုက်စရာ အကြောင်းအရာတွေ များစွာတို့ကိုလည်း ထည့်သွင်း ရေးသား ပြုစုထားပါသည်။

စာရေးသူ–ကေနို

စာမျက်နှာ–357

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။