• 1d967b5f858229d6202124e8106850f4
  • 68e9d4e3e5a0cb518c25c4706053cf47
  • b2fb1483bdef54549ef3a631d3ac5bb8
  • c4af670748a4c5e77427b24674d97a89
1

တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ (ရွှေဥဒေါင်း) Burmese Book

Regular price
RM 70.00
Sale price
RM 70.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

မြန်မာကိုယ်ရေးအတ္ထုပ္ပတ္တိလောကထဲ့၌ မားမားမတ်မတ်ရပ်တည်နေသည့် အတ္ထုပ္ပတ္တိကား “ရွှေဥဒေါင်း၏ တစ်သက်တာမှတ်တမ်း” ဖြစ်လေသည်။ လောကဇာတ်ခုံပေါ်၌ လူတို့သည် ဇာတ်လမ်းမျိုးစုံကို ကပြကြရသည်ဆိုသည့်အကြောင်းကို “တစ်သက်တာမှတ်တမ်း” က ဖော်ပြနေသည်။ “တစ်သက်တာမှတ်တမ်း”၌ နိုင်ငံရေးလှုပ်ရှားမှုခေတ်ကို ဖော်ပြထားခြင်းမရှိသော်လည်း အတ္ထုပ္ပတ္တိရှင် ဖြတ်သန်းခဲ့ရသည့် ခေတ်၏ အခြေအနေကိုမူ ကျောထောက်နောက်ခံပြုထားသည်။ လူ့ဘ၀၌ အဆိုးနှင့်အကောင်း၊ အနိမ့်နှင့်အမြင့်၊ အရှုံးနှင့်အနိုင်ဟူ၍ ဆန့်ကျင်ဖက် ဘဘာ၀နှစ်ခုဒွန်တွဲလျက်ရှိရာ ရွှေဥဒေါင်းသည် သူ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ၌ ဆန့်ကျင်ဖက်သဘာ၀နှစ်မျိုးလုံးကို ရေးသားဖော်ပြထားသည်။ “တစ်သက်တာမှတ်တမ်း”၌ လောကလူတို့ သတ်မှတ်ထားသည့် မကောင်းမှုဒုစရိုက်များကို ကျူးလွန်နေသော ရွှေဥဒေါင်းကိုလည်းတွေ့ရသည်။ အမှန်တရားကို သတ္တိရှိရှိနှင့် ရင်ဆိုင်နေသော ရွှေဥဒေါင်းကိုလည်း တွေ့ရသည်။ နှိမ့်ချသော ရွှေဥဒေါင်းကိုလည်းတွေ့ရသည်။ မာန်မာနကြီးသော ရွှေဥဒေါင်းကိုလည်း တွေ့ရသည်။ ထမင်းပြဿနာနှင့် ရင်ဆိုင်နေသော ရွှေဥဒေါင်းကိုလည်းတွေ့ရသည်။ အောင်မြင်ကျော်ကြားနေသော ရွှေဥဒေါင်းကိုလည်း တွေ့ရသည်။ ဝမ်းရေးအတွက် ကျဘမ်းအရောင်းအဝယ်လုပ်နေသော ရွှေဥဒေါင်းကိုလည်း တွေ့ရသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးကိုယ်စားလှယ်ကြီးအဖြစ် နိုင်ငံခြားတိုင်းပြည်များသို့ လှည့်လှည်နေသော ရွှေဥဒေါင်းကိုလည်း တွေ့ရသည်။ ခေါက်ရှာငှက် ပျံသကဲ့သို့ လူ့ဘ၀၏ နိမ့်တုံ မြင့်တုံ လောကဓံသဘာ၀သည် ” တစ်သက်တာမှတ်တမ်း” ၌ ပေါ်နေပေသည်။ ရွှေဥဒေါင်းသည် မိမိပြုလုပ်ခဲ့သည့် အလုပ်များကို မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ အဆိုးဖြစ်စေ၊ အကောင်းဖြစ်စေ ထုတ်ဖော်ရေးသားရာ၌ ရဲရင့်သူ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပေသည်။

(မြန်မာအတ္ထုပ္ပတ္တိသမိုင်းစာတမ်း / ပါရဂူ)မှ

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။