• IMG20250304093153
  • IMG20250304093245
  • IMG20250304093338
  • IMG20250304093353
  • IMG20250304093412
1

Books /ညီညီနိုင် မြန်မာပြန်

ဒစ်ဂျစ်တယ် မားကတ်တင်း ဖိုးပွိုင့်ဇီးရိုး(ညီညီနိုင် မြန်မာပြန်)

Regular price
RM 30.00
Sale price
RM 30.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

ဒီစာအုပ်ရဲ့ အဓိက အဆိုပြုချက်ကတော့

ဈေးကွက်ရှာဖွေ ဖော်ဆောင်ရေးဟာ သုံးစွဲသူ (Cus-tomer) တွေရဲ့ ပြောင်းလဲနေတဲ့ အကြိုက်သဘာဝကို လိုက်ပြီး ဒီဂျစ်တယ်စီးပွားရေးကို လိုက်လျောညီထွေ ပြင်ဆင်ရမယ် ဆိုတာပါပဲ။ ဈေးကွက်ဖော်ဆောင်သူ တို့ရဲ့အခန်းကဏ္ဍဟာ သုံးစွဲသူတွေကို သူတို့ရဲ့ ခရီးလမ်းကြောင်း တစ်လျှောက်မှာ ဂရုတစိုက်နဲ့ ထောက်ခံအားပေးမှု အစွမ်းကုန်သုံးပြီး လမ်းညွှန်ဦးဆောင်သွားဖို့ပဲ ဖြစ်ပါတယ်။

ဒီစာအုပ်ရဲ့ ပထမပိုင်းမှာ

ကျွန်တော်တို့နေထိုင်ရာ ယနေ့ ကမ္ဘာကို လေ့လာစူးစမ်းပြီး ကျွန်တော်တို့ တွေ့ရှိတဲ့ ရလဒ်တွေကို တင်ပြထားပါတယ်။ ကျွန်တော်တို့ကမ္ဘာကြီးကို ပုံဖော်နေတဲ့ သြဇာ ကြီးမား အားကောင်းတဲ့ အရွေ့သုံးခုကို ထိတွေ့လက်ခံနေရတာနဲ့ အစပျိုးမှာပါ။ ဒီနောက် ရှေ့ဆက်ပြီး ဆက်သွယ်မှုစွမ်းရည်က လူ့ ဘဝတွေကို အခြေအမြစ်ကျကျ ဘယ်လို ပြောင်းလဲတယ် ဆိုတာ စူးစမ်းရှာဖွေမှုတွေ လုပ်သွားပါမယ်။ ဒီ့အပြင် ဒီဂျစ်တယ်ခေတ်ရဲ့ လက်အောက်ခံ ယဉ်ကျေးမှုနယ်ပယ်က အဓိကကျတဲ့ လူငယ်တွေ၊ အမျိုးသမီးတွေနဲ့ အင်တာနက်ကွန်ရက် အသုံးပြုသူတွေ ကြားထဲ နက်နက်ရှိုင်းရှိုင်း လေ့လာကြည့်ရှုသွားမှာ ဖြစ်ပါတယ်။ သူတို့က လုံးဝသစ်လွင်တဲ့ ကပ်စတမ်မာတွေရဲ့ အုတ်မြစ်ပဲ၊ ဟုတ်တယ်မလား။

ဒုတိယပိုင်းအနေနဲ့

ဗဟိုအချက်အချာဖြစ်တဲ့ ဈေးကွက် ဖွေရှာသူတွေဟာ ဒီဂျစ်တယ်ခေတ်မှာ သုံးစွဲသူ ကပ်စတမ်မာတွေရဲ့ လမ်းကြောင်းတွေကို နားလည်သိရှိရာက ထုတ်လုပ်မှုစွမ်းရည်တွေကိုဘယ်လိုတိုးမြှင့်ရမယ်ဆိုတာ ဆွေးနွေးထားပါတယ်။ ဒီကဏ္ဍမှာ သုံးစွဲသူတွေ ကျေနပ်စေမယ့် အတိုင်းအတာ စံတွေအရ ဈေးကွက် ဖော်ဆောင်မှု အသစ်တစ်ခုနဲ့ ကျွန်တော်တို့ရဲ့ လက်တွေ့ကျတဲ့ ဈေးကွက်ဖော်ဆောင် မှုနည်းလမ်းတစ်ခုလုံးကို စတင် မိတ်ဆက်လိုက်တာ ပါပဲ။ ကျွန်တော်တို့ဟာ အရေးပါတဲ့ လုပ်ငန်းပေါင်း များစွာကို ထဲထဲဝင်ဝင် အတွင်းကျကျ တိုးဝင်ပြီး အဲဒီလုပ်ငန်းကြီးတွေထဲမှာ မားကက်တင်း ဖိုးပွိုင့်ဇီးရိုးရဲ့ အိုင်ဒီယာတွေကို ဘယ်လို ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်နေတယ် ဆိုတာလည်း သင်ယူရပါလိမ့်မယ်။


နောက်ဆုံး တတိယပိုင်းမှာတော့
မားကက်တင်း ဖိုးပွိုင့် ဇီးရိုးရဲ့ ပဓာနကျပြီး အရေးကြီးတဲ့ နည်းဗျူဟာတွေကို အသေးစိတ် ဖော်ပြထားတာပါ။ အဲဒီမှာ လူကို ဗဟိုပြုတဲ့ ဈေးကွက်စနစ်နဲ့ အဲဒီ စနစ်က လူသားဆန်တဲ့ အကျိုးပြုမှုနဲ့အတူ လူပီသစေတဲ့ အမှတ် တံဆိပ်တွေဖြစ်ဖို့ ရည်ရွယ်ချက်နဲ့ စတင်ပါတယ်။ ဒီနောက် ကျေနပ် အားရစရာ ဈေးကွက်ဖော်ဆောင်မှုကို ပိုမိုကြီးမားတဲ့ အသေးစိတ် အချက်အလက်တွေ ရှာဖွေဖော်ထုတ်ပေးပါတယ်။ ဒါကလည်း သုံးစွဲ သူတွေနဲ့ အပြန်အလှန် စကားပြောနိုင်ဖို့ ဖန်တီးထားတာပါပဲ။

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။