Books /ဂျုး
ပျောက်ဆုံးသွားသောမိန်းမ (ဂျုး-ဒေါက်တာမြင့်ဇော်) Burmese Books
- Regular price
 - RM 18.00
 - Sale price
 - RM 18.00
 - Regular price
 - 
        
RM 0.00 
                    Worldwide shipping
                  
                
              
                    Secure payments
                  
                
              
                    Authentic products
                  
                
              Share
Burmese Books
ခေါင်းစဉ်နဲ့တင် ဖတ်ချင်စိတ်ကို လှုံဆော်နိုင်ခဲ့တဲ့စာအုပ်။ Patriarchy ဆိုတဲ့ အမျိုးသားကြီးစိုးတဲ့ အိမ်ထောင် ဒါမှမဟုတ် လူမှုပတ်၀န်းကျင်ဆိုတဲ့ အခြေအနေဆီ လူသားတွေဘယ်လိုရောက်လာသလဲက အစ မိန်းမတွေဆီမှာ ပျောက်ဆုံးနေတဲ့ အရာတွေက ဘယ်အရာတွေလဲ? တကယ်ပဲပျောက်ကွယ်သွားခဲ့တာလား? ချောင်ထိုးခံထားရသလား ဆိုတာတွေကို ရှင်းလင်းရေးသားထားတဲ့ စာအုပ်ကောင်းတစ်အုပ်။
မိန်းမဆိုရင် ယောင်္ကျားထက် တစ်ဆင့်နိမ့်တယ်ဆိုပီး ဖိုဝါဒကြီးစိုးတဲ့သူတွေကသတ်မှတ်ထားခဲ့တယ်။ အကြမ်းဖျဉ်းအားဖြင့် ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံအရ ဖို သတ္တဝါတွေဟာ ပိုမိုကြံ့ခိုင်သန်စွမ်းပေမယ့် စိတ်ဓာတ်ပိုင်းဆိုင်ရာမှာတော့ တချို့ မ သတ္တဝါတွေဟာ ပိုသာတာမျိုးတောင် ရှိတတ်ပါသေးတယ်။ ပြီးတော့ လူ့ဘောင်အဖွဲ့အစည်းရဲ့ ပညတ်ချက်တွေ
"ပွန်းပဲ့တာလောက်နဲ့ ငိုနေရလားကွယောက်ျားပဲ"
"မိန်းကလေးက ဒီလလိုမဆော့ရဖူးလေ" စတဲ့စတဲ့ ပညတ်ချက်တွေဟာ မလိုလားအပ်တဲ့ အရာတွေပဲလို့ထင်ပါတယ်။ 
မြန်မာအယူအဆမှာ ယောင်္ကျားလေးဆိုရင် အလိုလို ဘုန်းကံရှိ မြင့်မြတ်သူဖြစ်ပြီး အမျိုးသမီးဆိုရင် အလိုလို ဘုန်းနိမ့်သူလို့ ခံယူထားကြတယ်။ အနောက်တိုင်းမှာတော့ အမျိုးသမီးတစ်ယောက် ထုံးစံနဲ့ ဆန့်ကျင်ပီး ခေါင်းဆောင်မှုပိုင်းတစ်နေရာရလာရင် ယောင်္ကျားလေးတွေလို လုပ်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုရှိကြတာကလွဲလို့ ဘုန်းကံအနိမ့်အမြင့်ကို ထည့်မစဉ်းစားကြပါဘူး။
ဒီစာအုပ်ထဲမှာတော့ ဆရာမဂျူးရဲ့  ၀တ္ထုတိုခံစားချက် (၄) ပုဒ်
- ပျောက်ဆုံးသွားသောမိန်းမ
- မြစ်ပြင်ပေါ်မှာ
- ပြတင်းပေါက်
- ဆရာ၀န်တစ်ယောက်၏ မှတ်စုများ
ရုပ်ရှင်ခံစားချက် (၃) ပုဒ် 
- မရှိအပ်တော့ပြီဖြစ်တဲ့ မီးအိမ်နီများ
(Raise The RedLantern)
- သာမန်မိန်းမ
(Erin Brockovich)
- သီးခြားကိုယ်ပိုင်ဘ၀ ပြဿနာ
(Kramer Vs Kramer) နှင့် ဒေါက်တာမြင့်ဇော်ရဲ့ ဆောင်းပါးမှတ်စုတွေကိုရေးသားဖော်ပြထာပါတ
*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။
- စာပို့ဆက်သွယ်ရန် Link
 - 4NiX Store Facebook Page
 
      ×
      
    
    
  
      ×