ပျော်ချင်တယ်ဆို လိုက်မရှာနဲ့ ၊ လိုက်လည်း မတောင်းနဲ့ ၊
ကိုယ်လုပ်ရပ်တွေ ၊ ကိုယ့်အမြင် ၊ ကိုယ့်အတွေး ၊ ကိုယ့်ခံယူချက်တွေ ကိုသာ ပြောင်းလိုက်ပါ
ဆိုတဲ့ ဆရာ့အမှာလေးနဲ့အတူ ဒီစာအုပ်လေး ဖတ်ပြီးသွားရင်တော့ပိုမိုပျော်ရွှင်မှုတွေ ရလာမယ်ဆိုတာ တွေ့လာရမှာပါ ၊
ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင် ၊ ကျန်းမာရေး ၊ ပေါင်းသင်းဆက်ဆံရေး (အချစ်ရေး အိမ်ထောင်ရေးRelationship)၊
ပညာရေးနဲ့ အလုပ်အကိုင် ၊ ပြီးမြောက် အောင်မြင်မှု ၊
ခေတ်သစ်ရဲ့ စိန်ခေါ်မှုများ ၊ ငွေကြေး ၊ အတိတ် စသည့်
အခန်း ၇ ခန်းခွဲပြီး စာမျက်နှာ ၂၈၄ ထိအောင် ရေးသားထားပါတယ် ၊
စာမျက်နှာ- ၂၈၄
စာရေးသူ- ဒေါက်တာဖြိုးသီဟ