• 793cee24bed6f50d0f694be81858cc54
  • db7cf17ad12c765da98ca1d51e9052f4
  • 9f756574afa58c2c58063aecb6c4f245
1

ပြည်သူ့သမ္မတ `အဗ္ဗဒူကာလန်´ (ဟိန်းလတ်) Burmese Book

Regular price
RM 18.00
Sale price
RM 18.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

`အဗ္ဗဒူကာလန်´သည် အိန္ဒိယနိုင်ငံ၏ (၁၁) ဦးမြောက် သမ္မတကြီး ဖြစ်သည်။ သူ၏ ထူးခြားသော အရည်အချင်းမှာ အိန္ဒိယနိုင်ငံ၏ အာကာသ လေ့လာစူးစမ်းမှုကဏ္ဍတွင် ဒုံးပျံပညာရှင်အဖြစ် အိန္ဒိယ၏ ပထမဆုံး ဒုံးပျံနှင့် ဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ရာတွင် ဦးဆောင်သည့် သိပ္ပံပညာ ရှင် ဖြစ်ခြင်းပင် ဖြစ်၏။ ထို့အတူ အိန္ဒိယနိုင်ငံ၏ နျူကလီးယားအနုမြူ စမ်းသပ်မှုတွင်လည်း သူက အဓိကပုဂ္ဂိုလ်ဖြစ်ခဲ့သည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံ အပါအဝင် တက္ကသိုလ်ပေါင်း (၄၀) မှ ဂုဏ်ထူးဆောင်ပါရဂူ ဒေါက်တာဘွဲ့ (၇) ဘွဲ့ ရရှိခဲ့သည်။ အိန္ဒိယနိုင်ငံ၏ အမြင့်ဆုံး ပဒ္ဒမာဗွီ ဘူရှန်´နှင့် ပဒ္ဒမာ အူရှန်´ လူမှုထူးချွန်ဘွဲ့တံဆိပ်တွေကိုလည်း ရရှိခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် `အိန္ဒိယ၏ အကြီးကျယ်ဆုံး ပုဂ္ဂိုလ်´ စာရင်းကောက်ယူရာ ကာလန်’ က နံပါတ်နှစ်နေရာ ရခဲ့၏။ ထို့ထက်ပိုထူးခြားသည်ကား သူ၏ ရိုးသားလွန်းသည့် နေထိုင်မှုပုံစံ ဖြစ်၏။ သူ့မှာ ကိုယ်ပိုင်ပစ္စည်းပစ္စယ ဘာမှမရှိ။ စီဒီဓာတ်ပြားဖွင့်စက် တစ်လုံး နှင့် လက်ပ်တော့တစ်လုံးသာပိုင်ဆိုင်၏။ သူ့ဘဝတစ်လျှောက် ရုပ်မြင်သံကြား စက် တစ်ခါမှ မဝယ်ခဲ့ဖူးပါ။ မော်တော်ကား၊ ကိုယ်ပိုင်အိမ် မရှိ။ အဝတ်အစား လေးပုံနှင့် စာအုပ်တွေသာ ရှိ၏။ သူ ၂၀၀၅ ခုနှစ်တွင် သမ္မတအဖြစ်မှ အငြိမ်းစားယူပြီး သမ္မတအိမ်တော်မှ ထွက်လာတော့ အဝတ်သေတ္တာနှစ်လုံးသာ သယ်ပြီး ထွက်လာခဲ့၏။ ဒါက သူ့ရှိသမျှပစ္စည်း အကုန်။ သူက အိမ်ထောင်လည်းမရှိ။ သူ ရသောလခထဲမှ အချို့ကို သူ့ကို ငယ်စဉ်က ထောက်ပံ့ကူညီခဲ့သူ သူ့အစ်ကိုကြီး၊ အစ်မကြီးတို့ကို ပေး၏။ ဆွေဆင်းရဲ မျိုးဆင်းရဲအချို့ကို ထောက်ပံ့၏။ သူက စာရေးဆရာအဖြစ် စာအုပ်ပေါင်း (၁၇) အုပ်ကို ရေးခဲ့၏။ သူ့အကြောင်းရေးသော စာအုပ်ကား များစွာရှိသည်။ သူ့ကို အဗ္ဗဒူကာလန်´ဆိုသော အမည်ထက် အိန္ဒိယ၏ ဒုံးပျံလူသား (Rocket Man of India) နှင့် ပြည်သူ့သမ္မတ' (People's President) ဟူသော အမည်များဖြင့် ပြည်သူအများစုက ဂုဏ်ပြုခေါ်ဝေါ်ကြ၏။ ဤစာအုပ်က သူကိုယ်တိုင်ရေးသော အတ္ထုပ္ပတ္တိဖြစ်၏။ ဤစာအုပ်တွင်သူ၏ ငယ်စဉ်ဘဝနှင့် ဒုံးပျံပါရဂူအဖြစ် ဖြတ်သန်းခဲ့ပုံများကို ရေးထား၏။ သူ၏ နိုင်ငံရေးလောကနှင့် သမ္မတအဖြစ် တာဝန်ထမ်းဆောင်သော ကာလကား မပါသေး။ ထူးချွန်ထက်မြက်သော သိပ္ပံပါရဂူ၊ ရိုးစင်းဖြောင့်မတ်သော နိုင်ငံရေး သမားတစ်ဦး၏ အတ္ထုပ္ပတ္တိကိုဖတ်ပြီး အနာဂတ်ခေါင်းဆောင် ဖြစ်လာကြ မည့် မြန်မာလူငယ်များ အတုယူ စံပြုကြစေလိုပါသည်။

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။