• 51404af74a9760c1abbe2ef3224fe570
  • d5cedcd9e4417871c2a0414d11785af8
  • 76acc0d948f053822c1291b13ea71ba3
1

မြန်မာပြည်ရဲ့ အပြင်ဘက် (သို့) ရွှေ့ပြောင်းအလုပ်သမားများသို့ (လူခါး) Burmese Book

Regular price
RM 35.00
Sale price
RM 35.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

ဒီလုံးချင်းဝတ္ထုရှည်ဟာ ရှည်တဲ့ ဝတ္ထုတို အရေးအသားလို့ ဆိုနိုင်ကောင်းပါတယ်။ ဝတ္ထုတို အခင်းအကျင်းနဲ့ ဝတ္ထုတို အရေးအသား အတိုင်း ကျစ်ကျစ်လျစ်လျစ် ရေးသားထားတာကို တွေ့ရတယ်။ ဖတ်ရတာ ရှောရှောရှူရှူရှိတယ်။ ဝတ္ထုထဲက ဇာတ်ကောင်တွေကလည်း သူ့အကွက် ကို သူ ရသလောက် ပီပြင်အောင် သရုပ်ဆောင်သွားသလို အဆင်ပြေ တာကို တွေ့ရတယ်။ ရသသရုပ်မှန် ဝတ္ထုတစ်ပုဒ်ကို တူတူတန်တန် ဖတ်ရတဲ့အတွက် အားထုတ်ခဲ့သူ လူခါးကို ကျေးဇူးတင်ပါတယ်။

စိုးဘားဒိုင်

---------------------------------

ဖတ်ချင်လွန်းလို့ ရှာဖတ်တဲ့စာ ရှိသည်။ ဖတ်သင့်တယ် ထင်လို့ ဖတ်တဲ့စာ ရှိသည်။ မျက်နှာဖုံးသရုပ်ဖော်ပန်းချီရေးဖို့ ဖတ်ရတဲ့စာ ရှိသည်။ လေးငါးဆယ်မျက်နှာဖတ်ပြီး အိပ်ငိုက်သွားသည့်စာ ရှိသည်။ ကြိုးစား ပမ်းစား မနည်းပြီးအောင် ဖတ်ရသည့်စာ ရှိသည်။ လူခါး၏ ‘မြန်မာပြည် အပြင်ဘက်' မျက်နှာဖုံး ရေးဖို့ ဖတ်သည်။ တစ်ထိုင်တည်း အစ၊ အလယ်၊ အဆုံး ဖတ်ဖြစ်သွားသည်။ အစဉ်မပြတ် သတိချပ်နေရသော ကျီးကန်း တောင်းမှောက် မျက်လုံးတစ်စုံ ရရှိထားသည့် မြန်မာပြည် အပြင်ဘက်က မောင်များနှင့်အတူ ရင်ဘတ်မောအောင် ပြေးလွှားလိုက်ရသည်။

ပန်းချီ မြင်မောင်ကျော်

---------------------------------

မလေးရှားမှာ နေခဲ့ဖူးပြီးသား သူတွေအတွက် အတိတ်ကို ပြန်လည် သတိရစေသလို မရောက်ဖူးသေးတဲ့ သူတွေအတွက်လည်း မလေးရှားကို ကိုယ်တိုင်ရောက်သွားပြီး အဆိုးရဲ့ဒုက္ခနဲ့ အခက်အခဲတွေကို နဖူးတွေ့ ဒူးတွေ့ကြုံရသလိုမျိုးဖြစ်အောင် ဆွဲခေါ်သွားမယ်လို့ ယုံကြည် ပါတယ်။

ကိုနိုင်လင်းဦး

---------------------

ဖတ်နေရင်း ကိုယ်တိုင် မလေးရှားရောက်သွားအောင် မြန်မာ ပြည်သား ရွှေ့ပြောင်းအလုပ်သမား အစ်ကို၊ အစ်မတွေရဲ့ သက်ပြင်းချသံ တွေ၊ တက်ခေါက်သံတွေ ကြားလာအောင်၊ ဖတ်နေရင်း ရင်ထဲ မခံနိုင် လောက်အောင် ဆို့နင့်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်မိစေတဲ့ ဝတ္ထုပါ။

အောင်သီဟ (မှော်ဝန်းသီဟ)

-----------------------------

ဆရာလူခါးကို ဝတ္ထုတိုသမားအဖြစ် သိကျွမ်းခဲ့ရပေမယ့် ဒီစာအုပ်ကို ဖတ်ပြီးတဲ့အချိန်မှာ လုံးချင်းဝတ္ထုရှည် ရေးသားရာမှာလည်း “ကျွမ်းကျင်ပိုင်နိုင်မှု ရှိသူဖြစ်ကြောင်း သိခွင့်ရလိုက်ပါတယ်။ ဝတ္ထုအစပိုင်း ကတည်းက ဇာတ်ရှိန်တင်လိုက်ပေမယ့် ပြန်မကျသွားတာကိုလည်း နှစ်ခြိုက်မိပါတယ်။ စာရေးသူနဲ့ အကျွမ်းတဝင် ရှိနေတဲ့ ပတ်ဝန်းကျင် တစ်ခုကို နောက်ခံထားပြီး ရေးဖွဲ့ထားတော့ ဇာတ်က ပီပြင်ပြီး ကြွနေ ပါတယ်။ အစမှ အဆုံးတိုင် ဇာတ်ကောင်အဆိုးနဲ့အတူ ဝမ်းနည်းရ၊ ပျော်ရွှင်ရ၊ မခံချိမခံသာဖြစ်ရ၊ ရင်မောရပါတယ်။ အဆိုးဟာ မြန်မာပြည် အပြင်ဘက်မှာ ရှိနေတဲ့ ရွှေ့ပြောင်း အလုပ်သမား များစွာကို ကိုယ်စား ပြုနိုင်ခဲ့ပါတယ်။

ရဲရင့်လုံ(ဆေး-ပန်း)

----------------------------

ပြည်ပမှာ အေးဂျင့်ကို ယုံစားပြီး အလုပ်သွားလုပ်ရင်း တွေ့ကြုံ ရတဲ့ ဖြတ်သန်းမှုမျိုးစုံကို လက်က မချချင်အောင် ဖတ်လို့ကောင်းတဲ့ စာအုပ်ကောင်းတစ်အုပ်မို့ ဆရာလူခါးကို ကျေးဇူးတင်မိပါတယ်။ ဒီစာအုပ်ဟာ နောင်ဆိုရင် ခေတ်ပြိုင်သမိုင်း ဖြစ်သွားမယ် ထင်ပါတယ်။

အဖြူရောင် (ရွှေ)

စာမျက်နှာ-၃၃၇

စာရေးသူ- လူခါး

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။