• IMG20250110165547
  • IMG20250110165552
  • IMG20250110165614
  • IMG20250110165620
  • IMG20250110165631
1

Books /ထက်ဘုန်းရှိန်

အပန်းဖြေရာ အနားယူရာ - ထက်ဘုန်းရှိန် (Burmese Book)

Regular price
RM 18.00
Sale price
RM 18.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

 တစ်ကိုယ်ရည်ကျန်းမာရေးသုခကို တိုးမြင့်ပေးမဲ့ ငြိမ်သက်အေးချမ်းခြင်းနဲ့ ရွှင်လန်းခြင်းကို ရရှိနိုင်ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ အရာက အပန်းဖြေခြင်း အနားယူခြင်းပါ။ 

ကုစားခြင်း၊ မရပ်မနား တွေးတောခြင်းမှ သက်သာရာရခြင်း၊ မနှစ်မြို့စရာ အသံတွေကို အသွင်ပြောင်းခြင်း၊ လူသူဝေးရာ (တွင် ရှိနေခြင်း)၊ ငြိမ်းချမ်းခြင်း စတာ စတာတွေနဲ့ ပတ်သက်တဲ့ အပိုင်းကဏ္ဍတွေနဲ့အတူ How  Relax မှာ သင် ဘယ်နေရာမှာ ရှိနေရှိနေ အပန်းဖြေခြင်း အနားယူခြင်းရဲ့ ကောင်းကျိုးတွေ ရရှိနိုင်ဖို့ ကူညီပေးနိုင်တဲ့ တွေးတောဆင်ခြင်စရာတွေ ပါဝင်ပါတယ်။ 

တွေးတောဆင်ခြင်တာက ကျန်းမာခြင်းသုခ၊ အထွေထွေကျန်းမာရေးနဲ့ အသက်ရှည်ခြင်းတို့ကို များစွာ အထောက်အကူပြုပေးကြောင်း သိပ္ပံနည်းကျလေ့လာမှုတွေက ညွှန်ပြနေပါတယ်။ 

How to Relax က နက်ရှိုင်းတဲ့ အပန်းဖြေခြင်း အနားယူခြင်း၊ စိတ်ဖိစီးမှုကို ထိန်းချုပ်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ လန်းဆန်းကြည်လင်မှုကို အသစ်တဖန် ရရှိဖို့အတွက် လမ်းညွှန်ချက်ရိုးရိုးရှင်းရှင်းကို လိုချင်သူတွေအတွက် ထူးခြားပြောင်မြောက်တဲ့ လက်ဆောင်တစ်ခုဖြစ်တဲ့အပြင် စိတ်ပိုင်းဆိုင်ရာ လုပ်ထုံးလုပ်စဉ်တွေကို ကျင့်သုံးမဲ့သူတွေအတွက် တွေးတောဆင်ခြင်တာနဲ့ ပတ်သက်ပြီး အတွေ့အကြုံရင့်သန်သူပဲဖြစ်ဖြစ်၊ အသစ်ပဲဖြစ်ဖြစ် သင့်လျော်တဲ့ စာအုပ်တစ်အုပ်ပါ။ 

လူ့ဘဝက တောအုပ်တစ်ခုနဲ့ တူပါတယ်။ တောအုပ်ထဲ စဝင်လာချိန်က စပြီး ပြန်ထွက်သွားတဲ့အချိန်အထိ ရှင်သန်ခြင်း အတွက် လိုအပ်တာတွေကို နေ့စဉ်နဲ့အမျှ ရှာဖွေနေရင်း တောက်လျှောက် သွားလာနေကြရတာပေါ့ ..

အလုပ်မှာ ပင်ပန်းလိုက်တာ၊ ပြန်ရောက်ရင်လဲ သေချာနားရတယ်လို့ကို မရှိဘူး ဆိုတဲ့ စကားမျိုး ကျွန်တော့်ပတ်ဝန်းကျင်မှာ မကြာခဏ ကြားမိပါတယ် . . . တကယ်တော့ အမောတကော ဟောဟဲလိုက်နေရတဲ့ စိတ်တွေကို အနားပေးဖို့ အပန်းဖြေရိပ်မြုံလေးတွေကို တကူးတက ဖန်တီးနေဖိို့ မလိုပါဘူး . . . 

ရပ်တန့်ဖို့ ခက်ခဲနေတတ်တဲ့ ဒီလူသားတွေအတွက် သစ်နတ်ဟန်က ရိုးရှင်းထိရောက်တဲ့ နည်းလမ်းတွေကို How to Relax မှာ မျှဝေပေးခဲ့တာ ကျွန်တော် တွေ့မိတာကြောင့် ဖတ်ကြည့်ပြီး လက်တွေ့ကျင့်သုံးကြည့်တဲ့အခါ တကယ်အသုံးတည့်နေတာကို တွေ့ရပါတယ် . . . 

Page - 104

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။