Books /ဒေါက်တာထက်ဝင်း
အမျိုးသားတိုင်းသိထားသင့်တဲ့ အမျိုးသားကျန်းမာရေး (ဒေါက်တာထက်ဝင်း) Burmese Book
- Regular price
- RM 40.00
- Sale price
- RM 40.00
- Regular price
-
RM 0.00
Share
Burmese Book
ဒီစာအုပ်မှာ အမျိုးသားတွေအတွက် အမျိုးသားကျန်းမာရေးဆိုင်ရာ သိသင့်သိထိုက်တာတွေကို ရေးသားထားတာဖြစ်ပါတယ်။
အမျိုးသားတွေဟာ လိင်နဲ့ ပတ်သက်လို့ရောဂါတွေဖြစ်ပြီဆိုရင် ရှက်တတ်ကြတယ်။ ကြောက်တတ်ကြတယ်။ အဲဒီတော့ အဆင်ပြေသလိုတွေ လျှောက်လုပ်ကြတယ်။ ကိုယ်သိတဲ့ဆေးမြီးတိုတွေနဲ့ ကုသကြတယ်။ ရောဂါပိုပိုဆိုးလာတဲ့အခါကျမှ ဆရာဝန်ဆီပြေးကြတော့ အခြေအနေက အရမ်းဆိုးသွားတတ်ပါတယ်။ တချို့ဆို အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးသွားတာတွေလည်း ရှိကြပါတယ်။ ဒီအတွက်ကြောင့် အမျိုးသားအားလုံးအတွက် အဓိက လိုအပ်ချက်က အသိပညာဖြစ်ပါတယ်။
ကိုယ်ဖြစ်နေတဲ့ ပြဿနာကို ဘယ်လိုမေးရမလဲ၊ ဘယ်လို အဖြေရှာရမလဲ သိချင်နေတဲ့ အမျိုးသားတိုင်းအတွက် ဒီစာအုပ်က အများကြီးအထောက်အကူပြုမယ်ဆိုတာ ကျွန်တော် အပြည့်အဝယုံကြည်ပါတယ်။ အမျိုးသားတွေအတွက် ကျန်းမာရေးဗဟုသုတလည်းအများကြီးရပါလိမ့်မယ်။
ဒီအတွက်ကြောင့် ကိုယ့်ရဲ့ ရှက်နေတဲ့ ကိစ္စတွေပါရင်တောင် ဘယ်သူမှလိုက်ပြောပြစရာမလိုသေးဘဲ အရင်ဆုံး ဒီစာအုပ်မှာအဖြေရှာနိုင်မှာဖြစ်ပါတယ်။ အမျိုးသားကျန်းမာရေးနဲ့ ပတ်သက်လို့ အသိပညာရဖို့ ဒီစာအုပ်က အများကြီးအကူအညီပေးပါလိမ့်မယ်။
စာရေးသူရဲ့ အမှာစာမှ ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါတယ်။ အမျိုးသားကျန်းမာရေးပြဿနာကြောင့် စိတ်ညစ်နေရသူတွေ၊ ကျန်းမာကြံ့ခိုင်တဲ့ အမျိုးသားဘ၀ ပိုင်ဆိုင်လိုသူတွေ၊ အမျိုးသားကျန်းမာရေးအကြောင်း လေ့လာဖတ်ရှုလိုသူတွေဆောင်ထားသင့်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။
- စာပို့ဆက်သွယ်ရန် Link
- 4NiX Store Facebook Page