Books /ဗန်းမော်သိန်းဖေ
အိမ်မက်လှလှအောင်မြင်သောဘဝ(ဗန်းမော်သိန်းဖေ) Burmese Book
- Regular price
- RM 22.00
- Sale price
- RM 22.00
- Regular price
-
RM 0.00
Share
ဒီစာအုပ်ကို ဘယ်လိုဖတ်ရမယ်ဆိုတာကို အကြံပေးချင်ပါတယ်။ ဒီစာအုပ်ကို တစ်ခေါက် အရင်ဖတ်ပါ။ ဒါမှလည်း စာအုပ်မှာပါတဲ့ နိယာမ တွေကို အကြမ်းဖျင်း နားလည်သဘောပေါက်သွားမှာပါ။ နိယာမတွေကို အစဉ်အလိုက် ရေးပြထားပါတယ်။ နိယာမတွေကို အစဉ်အလိုက်ဖတ်ပါ။ ကျော်မဖတ်ပါနဲ့။ ကျော်ဖတ်ရင် အဆက်အစပ်ကို နားမလည်ဘဲ ဖြစ်သွား ပါမယ်။ ပြီးတော့ နိယာမအားလုံးကိုလည်း ဖတ်ဖို့လိုပါတယ်။ အဲဒါ ဘာနဲ့တူသလဲဆိုတော့ နံပါတ်သော့ခလောက်တစ်လုံးကို ဖွင့်ဖို့ နံပါတ်အားလုံးကို သိဖို့ လိုသလို နံပါတ်အစဉ်အလိုက် ဖွင့်ရပါမယ်။ နို့မို့ရင် သော့ခလောက်ပွင့်မှာ မဟုတ်ပါဘူး။ နံပါတ်အားလုံးကို သိပြီး အစဉ်အလိုက်ဖွင့်တတ်ရင် အဲဒီ သော့ခလောက်ကို ဘယ်သူပဲဖွင့်ဖွင့် ဖွင့်လို့ရပါတယ်။ ထိုနည်းတူပဲ ဘာ အသားအရောင်၊ ဘာလူမျိုး၊ ဘယ်အသက်အရွယ်၊ ယောက်ျားမိန်းမ,မရွေး ဒီနိယာမတွေကို လိုက်နာကျင့်သုံးရင် အောင်မြင်မှုရမှာပါ။
စာအုပ်ကို ပထမတစ်ကြိမ် ဖတ်ပြီးသွားရင် နောက်တစ်ကြိမ် ထပ်ဖတ်ပါ။ ဒုတိယအကြိမ် စာအုပ်ကို ဖတ်နေစဉ်မှာ အရေးကြီးတယ်လို့ ခံစားမိတဲ့ စာလုံး စာကြောင်းတွေကို မျဉ်းသားပေးဖို့၊ highlight လုပ်ပေးဖို့ကို တိုက်တွန်းလိုပါတယ်။ (စာအုပ်ညစ်ပတ်မှာကို မပူပါနဲ့။ စာအုပ်ဝယ်တယ် ဆိုတာ ဖတ်ဖို့၊ စာအုပ်ထဲက အသိပညာယူဖို့ ဖြစ်ပါတယ်။ မှန်ဘီရိုထဲ ထည့်ထားပြီး အလှကြည့်ဖို့ မဟုတ်ပါဘူး)။ နောက်ပြီး လက်တွေ့လုပ်နိုင် တာကို တွေ့ပြီဆိုရင် စာအုပ်တစ်အုပ်မှာ မှတ်စုထုတ်ထားပါ။ စာအုပ်ကို ဒုတိယအကြိမ် ဖတ်ပြီးသွားရင် မျဉ်းသားထားတာ၊ highlight လုပ်ထားတာ မှတ်စုမှတ်ထားတာတွေကို ထပ်ခါတလဲလဲ ပြန်ဖတ်ပြီး သုံးသပ်ပါ။ စဉ်းစား ပါ။ လက်တွေ့လုပ်ကြည့်ပါ။
*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။
- စာပို့ဆက်သွယ်ရန် Link
- 4NiX Store Facebook Page