ကိုယ့်တန်ဖိုးကို သိပါ
ဘဝမှာ ကိုယ့်ဆီက လိုတာထက် အမြဲ ပိုရချင်တဲ့သူ၊ ကိုယ့်ရဲ့ တန်ဖိုးကို အသိအမှတ်မပြုတဲ့သူ၊ ကိုယ့်ဘက်ကို ဘယ်တော့မှမကြည့်ဘဲ သူ့ရဲ့အကျိုးကိုပဲ ဦးစားပေးတဲ့သူနားမှာ ကြာကြာမနေပါနဲ့။
ဒီလိုလူနားနေတာများရင် ကြာလာတဲ့အခါ ကိုယ့်ရဲ့တန်ဖိုးကို ကိုယ်မေ့လာမယ်။
ကိုယ်က အစွမ်းကုန်ကြိုးစားပေမယ့် ဘယ်တော့မှ မလုံလောက်
သေးဘူးလို့ ခံစားလာရမယ်။
နောက်ဆုံး ကိုယ့်ကိုယ်ကိုယ် အရှိအတိုင်း လက်ခံဖို့ ခက်ခဲ
လာမယ်။
ကိုယ့်ရဲ့တန်ဖိုးကို သိအောင် ကြိုးစားပါ။
ကိုယ်အကောင်းဆုံး လုပ်ပေးနိုင်တဲ့ အတိုင်းအတာကို သတ်
မှတ်ပါ။
ကိုယ့်ကို တန်ဖိုးထားတဲ့သူအနားမှာပဲ နေပါ။