• e3144054-d2a4-464a-bfaf-73ab7fa7180e
  • 312922557_1275404709948097_5343600245109276296_n
1

Books /ဦးအုန်းမြင့်

ဒီဇယ်အင်ဂျင် (ဦးအုန်းမြင့်) Burmese Book

Regular price
RM 35.00
Sale price
RM 35.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

ဒီဇယ်အင်ဂျင်ကို အသုံးပြုလာခဲ့သည်မှာ နှစ်ပေါင်း (၁၀၀) ကျော်ခဲ့ပြီဖြစ်ပါသည်။ ဒီဇယ်အင်ဂျင် စတင်ပေါ်ပေါက်ခဲ့ပြီးနောက် ကမ္ဘာနှင့်အဝှမ်း နိုင်ငံပေါင်းစုံ၊ ကုမ္ပဏီပေါင်းစုံမှ ဒီဇယ်အင်ဂျင်များကို ထုတ်လုပ်ခဲ့ကြပြီး ဖြစ်ပါသည်။ ထုတ်လုပ်ရာတွင် ထုတ်လုပ်သည့်စွမ်းအား (မြင်းကောင်ရေ) ပေါ်မူတည်၍ အရွယ်အစားကြီးသေး ကွာခြားမှုများ ရှိခဲ့သည်။

ထို့ပြင် ဒီဇယ်ဆီပေးပို့မှုစနစ် Fuel Injection System အမျိုးမျိုးဖြင့် အင်ဂျင်ပုံစံမျိုးစုံ ထုတ်လုပ်၍ ဒီဇယ်အင်ဂျင် ဒီဇိုင်းအမျိုးမျိုးကို ထုတ်လုပ်ခဲ့ကြပါသည်။

အအေးပေးစနစ် ခြားနားမှု၊ လည်ပတ်မှုအခြေအနေ၊ အသုံးပြုမည့်လုပ်ငန်း၊ အသုံးပြုသည့် Cycle၊ တပ်ဆင်သည့် Valve အစီအစဉ်၊ အသုံးပြုသည့် ဒီဇယ်ဆီ၏ အမျိုးအစားစသည့် အချက်များပေါ်မူတည်၍ များစွာသော အင်ဂျင်အမျိုးမျိုးကို တည်ဆောက်ခဲ့ကြပါသည်။

အဆိုပါအမျိုးမျိုးသော ဒီဇယ်အင်ဂျင်များတွင် ပါ၀င်တည်ဆောက်ထားသောစနစ်များအကြောင်းကို ဤစာအုပ်တွင် ပြည့်စုံစွာ ဖော်ပြထားသည့်အပြင် ထိန်းသိမ်းခြင်းနှင့် စစ်ဆေးပြုပြင်ခြင်းတို့ကိုပါ ပြည့်စုံစွာ ဖော်ပြထားပါသည်။

သို့ပါ၍ ဒီဇယ်အင်ဂျင်နှင့် ပတ်သက်သော ဌာနဆိုင်ရာများ၊ အသုံးပြုသူများ၊ အင်ဂျင်နီယာများ၊ ကုမ္ပဏီများ၊ ကားပိုင်ရှင်များ၊ အလုပ်ရုံများတွင် လက်ကိုင်ထားရမည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။ ဤစာအုပ်ကို ဖတ်ရှုခြင်းဖြင့် ဒီဇယ်အင်ဂျင်၏ လျှို့ဝှက်ချက်များကို သိရှိပြီး လျင်မြန်စွာ ထိန်းသိမ်းပြုပြင်နိုင်ကြ မည်ဖြစ်ကြောင်း ရေးသားဖော်ပြအပ်ပါသည်။

ဦးအုန်းမြင့်(ဒီဇယ်)

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။