ထွက်တာကြာပြီဖြစ်တဲ့ ဒီစာအုပ်ကို ကျွန်တော်အခု ဘာသာပြန်လိုက်တာ အကြောင်းရှိပါတယ်။ စာအုပ်ထဲမှာပါဝင်တဲ့ ကြီးကြီးတွေးခြင်း (Thinking Big) သဘောတရားနဲ့ နည်းတွေဟာ ယနေ့ခေတ်နဲ့ ကိုက်ညီနေတုန်းပဲဖြစ်သလို မြန်မာလူငယ်တွေအတွက်လည်း အများကြီးအကျိုးရှိစေမယ်လို့ ယုံကြည်လို့ပါ။ ကျွန်တော် ဒီစာအုပ်ကို တိုက်ရိုက်လုံးဝပတ်စေ့ ဘာသာပြန်ထားခြင်းမဟုတ်ဘဲ လူငယ်တွေကို နားလည်စေဖို့ ရည်ရွယ်ချက်နဲ့ ဆီလျော်အောင် ပြုပြင်ရေးသားထားပါတယ်။ ဒီစာအုပ်ထဲမှာ နေ့စဉ်ဘဝအတွက် လက်တွေ့လိုက်နာကျင့်သုံးနိုင်တဲ့နည်းတွေ အများကြီးပါဝင်ပါတယ်။ စာအုပ်ထဲက နည်းတွေကို လက်တွေ့ကျင့်သုံးပါ။ ကဲ.. အခုချိန်ကစပြီး ဘယ်လိုကြီးကြီးတွေးမလဲ၊ ကြီးကြီးတွေးခြင်းဖြင့် ဘာတွေဖြစ်လာနိုင်သလဲဆိုတာ ဖတ်ကြည့်လိုက်ကြရအောင်ပါ