• d73295297f00e3edc92d3cb9c6b75029
  • 1ee9351f78b4ac63e287b6cb3ddb6e53
  • 922e18bb25d313626fb166c69f8ee341
1

Books /

“အသေးအဖွဲလေးတွေနဲ့ စိတ်ညစ်မနေပါနဲ့” (ဗန်းမော်သိန်းဖေ) Burmese Book

Regular price
RM 25.00
Sale price
RM 25.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

ဒီစာအုပ်မှာ စာပုဒ်ပေါင်း (၁၀၀)ပါဝင်ပါတယ်။ စာပုဒ်လေးတွေဟာ လိုတိုရှင်းလေးတွေပါ။ ရေးထားတာတွေက နားလည်လွယ်တယ်။ ခဲရာခဲဆစ်စကားလုံးတွေ တစ်လုံးမှကို မပါဘူး။ အပုဒ်တိုင်းဟာ ကျွန်မတို့နေ့စဉ်ကြုံတွေ့နေရတဲ့ အကြောင်းအရာတွေကိုပဲ ရေးထားတာပါ။ ဒီ့ထက်ပိုပြီး ရှင်းရှင်းပြောရရင် စာအုပ်က ဘာအကြောင်းကို ရေးထားတာလဲဆိုတော့ ကျွန်မတို့တွေ နေ့စဉ်ရှာဖွေနေတဲ့ စိတ်ပျော်ရွှင်ခြင်းနည်းလမ်းပေါင်းတစ်ရာကို ဖော်ပြထားတာပဲဖြစ်ပါတယ်။

ဒီစာအုပ်ဟာ စိတ်ပညာရှင်ဆရာဝန်တစ်ဦးဖြစ်တဲ့ အမေရိကန်စာရေးဆရာ Richard Carlsonရေးထားတဲ့ “Don’t sweat the small staff...and it’s small staff”စာအုပ်ကို ဆရာဗန်းမော်သိန်းဖေက ဘာသာပြန်ဆိုထားတာပါ။ ဆရာဗန်းမော်သိန်းဖေဟာ ဘာသာပြန်တဲ့နေရာမှာ မူရင်းစာအုပ်မှာ ရေးထားတဲ့အတိုင်း ဘာသာပြန်တာမျိုးမဟုတ်ဘဲ မြန်မာစာဖတ်ပရိသတ်တွေ နားလည်လွယ်အောင် ပြန်ရေးထားတာမို့ ဖတ်ရတာအဆင်ပြေလှတယ်။ ကျော်ကြားလှတဲ့ ဒီစာအုပ်ဟာ ယနေ့တိုင် ကမ္ဘာပေါ်မှာ အုပ်ရေပေါင်း ၂၅သန်းကျော် ရောင်းချနေရဆဲလည်းဖြစ်ပါတယ်။

ယနေ့ခေတ်ကမ္ဘာကြီးဟာ ရုပ်ဝတ္ထုပစ္စည်းတွေ တိုးတက်ထွန်းကားလာတာမှန်ပေမယ့် လူတွေရဲ့စိတ်ပိုင်းဆိုင်ရာတွေကတော့ တစ်နေ့တစ်ခြား ဆုတ်ယုတ်လာပါတယ်။ နေ့စဉ်စိတ်ပူပန်စရာတွေ သောကတွေနဲ့ ပူလောင်စွာ နေနေကြရတယ်။ ဒီလိုအခြေအနေမျိုးမှာ လူတွေဟာ စိတ်အေးချမ်းမှုရစေဖို့ ရေးထားတဲ့ စာအုပ်တွေကို ဝယ်ဖတ်လာကြတယ်။

ဒီစာအုပ်ကို ဖတ်မယ်လို့ စိတ်ကူးတယ်ဆိုရင် မြအနေနဲ့ အကြံပေးချင်တာကတော့...

• အပုဒ်တိုင်းကို ဖြည်းဖြည်းဖတ်ပါ

• သေချာဖတ်ပါ

• လက်တွေ့ကျင့်သုံးကြည့်ပါ

ဝတ္ထုစာအုပ်မဟုတ်တဲ့အတွက် ဇာတ်လမ်းအနိမ့်အမြင့် အတက်အကျတွေတော့ မပါဘူး။ ဒါပေမဲ့ ဖတ်ရတာသွက်တယ်။ စာအုပ်ပါးပါးလေးမို့ ပြီးချင်ဇောနဲ့ ခပ်သွက်သွက်တော့ ကောက်မဝါးလိုက်ပါနဲ့ကိုယ့်လူ။ ဒီလိုစာမျိုးဆိုတာက white noiseလေးနားထောင်လိုက် စာတစ်ပုဒ်ဖတ်လိုက် စာအုပ်ခဏချပြီးတွေးလိုက် ပြန်ဖတ်လိုက် စဉ်းစားလိုက် ဒါမျိုးမှ ဦးနှောက်ထဲ တဖြည်းဖြည်းချင်း စိမ့်ဝင်တာမျိုးပါ။

ဒီစာအုပ်လေးထဲက မြနဲ့တိုက်ဆိုင်နေတဲ့ သဘောကျရတဲ့ စာစုလေးတချို့ရှိပါတယ်။

• အတွေး snowball effect ရောဂါကို ကာကွယ်ပါ

• သူများ စကားပြောနေရင် ကြားဝင်ဖြတ်မပြောပါနဲ့

• Back Burner နည်းနဲ့ အဖြေရှာပါ

• စကားနားထောင်ကောင်းသူ ဖြစ်ပါစေ

• စစ်ပွဲတွေကို ရွေးချယ်ပြီး တိုက်ပါ

• ဒီနေ့ကို အသက်ရှင်တဲ့ နောက်ဆုံးနေ့လို့ မှတ်ယူလိုက်ပါ

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။