• IMG_20230829_225036
  • IMG_20230829_225046
  • IMG_20230829_225100
1

Books /ဗန်းမော်သိန်းဖေ

NIKE ဖိနပ်ပုံပြင် (ဗန်းမော်သိန်းဖေ) Burmese Book

Regular price
RM 32.00
Sale price
RM 32.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

၁၉၆၂ ခုနှစ်မှာ တက္ကသိုလ်က MBA ဘွဲ့ရခါစ အသက် ၂၄ နှစ်အရွယ် 'ဖီးလ်နိုက်' ဟာ သူ့အဖေဆီက ပိုက်ဆံဒေါ်လာ ၅၀ ချေးပြီး ကုမ္ပဏီတစ်ခုထောင်လိုက်တယ်။ ဂျပန်နိုင်ငံက အရည်အသွေးကောင်းပြီး ဈေးသက်သာတဲ့ အပြေးဖိနပ်တွေ မှာပြီး ပြည်တွင်းမှာ ရောင်းချပေးဖို့ပါ။ မှာလို့ ရောက်လာတဲ့ ဖိနပ်တွေကို သူ့ရဲ့ Plymouth ကားရဲ့ နောက်ခန်းမှာ ထည့်ပြီး နေရာအနှံ့လိုက်ရောင်းတယ်။ ဖိနပ်စရောင်းတဲ့ ပထမနှစ်မှာ ဖိနပ်ရောင်းရငွေ ဒေါ်လာ ၈၀၀၀ ရခဲ့တယ်။

ယနေ့သူ့ NIKE ကုမ္ပဏီဟာ တစ်နှစ်ကို ဖိနပ်ရောင်းရငွေ ဒေါ်လာ ၈၀ ဘီလီယံကျော် ရနေပြီ။ NIKE နာမည်နဲ့ သူ့ရဲ့အမှတ်တံဆိပ်ဖြစ်တဲ့ swoosh (အမှန်ခြစ်) ဟာ တကမ္ဘာလုံးက သိနေကြတယ်။ ဒါပေမဲ့ NIKE ကို ကမ္ဘာကျော်ကုမ္ပဏီကြီးဖြစ်လာအောင် လုပ်ခဲ့တဲ့ ဖီးလ်နိုက်အကြောင်း လူတွေ သိပ်မသိကြဘူး။ သူ့ရဲ့စာအုပ် Shoe Dog (NIKE ဖိနပ်ပုံပြင်စာအုပ်ရဲ့ မူရင်းစာအုပ်) ထွက်လာမှပဲ သူ့အကြောင်းသိရတယ်။ 

သူဟာ စာအုပ်ထဲမှာ ပထမဆုံးကုမ္ပဏီထောင်လိုက်ပြီးနောက် ကြုံတွေ့ရတဲ့ အရဲစွန့်မှု၊ များပြားလှတဲ့ ဒုက္ခသုက္ခတွေကို ပွင့်ပွင့်လင်း မကွယ်မဝှက်ဘဲ ရေးပြတယ်။ ဒါ့ပြင် သူ့ရဲ့ပထမဆုံးပါတနာတွေနဲ့ ဝန်ထမ်းတွေဟာ သူတို့ရဲ့အကျင့်စရိုက်မတူကြပေမယ့် စည်းစည်းလုံးလုံးနဲ့ ကုမ္ပဏီကြုံတွေ့တဲ့ အခက်အခဲပြဿနာတွေကို ဖြေရှင်းကြတာကိုလည်း ရေးပြတယ်။ 

ဒီစာအုပ်ဟာ ဖီးလ်နိုက်ရဲ့ NIKE ကုမ္ပဏီတည်ထောင်တဲ့ မှတ်တမ်း memories လို့ဆိုပေမယ့် ရယ်စရာ၊ သနားစရာ၊ အားတက်စရာ၊ သတ်သေချင်လောက်တဲ့ ပြဿနာတွေနဲ့ ရောပြွမ်းနေတာကြောင့် ပျင်းစရာတစ်ချက်မပါဘဲ စိတ်ဝင်စားဖွယ်ကောင်းသလို သဲထိတ်ရင်ဖို ဝတ္ထုရှည်စာအုပ်ဖတ်ရသလိုပါပဲ။

ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ဘီလျံနာသူဌေးကြီးတွေဖြစ်ကြတဲ့ Bill Gates နဲ့ Warren Buffet တို့ကလည်း သူတို့ဖတ်ဖူးတဲ့ စာအုပ်တွေထဲမှာ အကောင်းဆုံးစာအုပ်လို့ ညွှန်းခဲ့ကြတယ်။

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။