• IMG20231101092059
  • IMG20231101092109
  • IMG20231101092131
  • IMG20231101092205
1

Books /ဗန်းမော်သိန်းဖေ

အိုးမဲ့အိမ်မဲ့ဘဝမှ ဟားဗတ်တက္ကသိုလ်သို့(ဗန်းမော်သိန်းဖေ) Burmese Book

Regular price
RM 35.00
Sale price
RM 35.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

လက်ရှိကာလမှာ မြန်မာပြည်တွင်းမှာနေထိုင်ကြတဲ့ မိဘအရွယ်တွေ သားသမီးပညာရေး အတွက်ရတက်မအေး ဖြစ်နေရပါတယ်။ငွေကြေးတတ်နိုင်တဲ့မိဘတွေကတော့ ကိုယ်နိုင်တဲ့ပမာဏငွေကြေးကို တွက်ချက်ပြီး နိုင်ငံခြားတက္ကသိုလ် တက်ဘို့ ကြံရွယ်ကြပါတယ်။အဲဒီအထဲမှာ တချို့ခလေးတွေရဲ့ ကြိုးစားမှုတွေလည်း ရှိပါတယ်။ အင်တာနက် အကူအညီနဲ့ နိုင်ငံတကာတက္ကသိုလ်၊ကောလိပ်တွေမှာစကော်လာရဖို့ ကြိုးစားနေတာတွေပေါ့။ဘယ်လိုဘဲဖြစ်ဖြစ် ပညာကတော့ သင်ရမှာပါ။ပြည်တွင်းမှာထုတ်ဝေတဲ့ တက္ကသိုလ်တက်အတွေ့အကြုံ စာအုပ်တွေ ဖတ်ဘူးပါတယ်။ သိပ္ပံမောင်ဝရဲ့အောက်စဖို့ဒ် တက္ကသိုလ်ခရီးသွားမှတ်တမ်း၊ ဗိုလ်ဗကိုရဲ့ယေးလ်တက္ကသိုလ်ခရီးသည် ၊ဒေါက်တာလှဘေရဲ့ ဝီရိယထူ ဥာဏ်နှင့်ချူကံကဖေးမသူ၊ ကြည်မင်းရဲ့ကွင်းစလန်းကောင်တော်တော် ထောင်သတဲ့လား၊ အဲဒီစာအုပ်တွေဖတ်ပြီး ပညာရှာလိုသူတွေရဲ့ အတွေ့အကြုံတွေဟာနောက်လာမယ့် မျိုးဆက်သစ်များအတွက် အားဆေးတခွက် တိုက်လိုက်သလို ခံစားရပါတယ်။တက္ကသိုလ်တက်ဖို့သမိုင်းတွေ အစဥ်အလာတွေကြည့်ကြတယ်။အဆင့်ကို ကြည့်ကြတယ်။တက္ကသိုလ် ပရဝုဏ်ကလည်း အဆောက်အဦတွေက ဂုဏ်ယူဖွယ် တင့်တယ်ရမယ်။ ဆရာလည်းတော်၊ တော်တဲ့ကျောင်းသားလည်း များပြား၊ဒါကလည်း အဲဒီတက္ကသိုလ်ရဲ့ဂုဏ်ယူစရာဘဲပေါ့။စာကြည့်တိုက်ကောင်းကောင်း ရှိရမယ်၊သုတေသနနဲ့တီထွင်မှုအတွက် ငွေကြေးထောက်ပံမှုပြည့်စုံတာလည်း ကြည့်ရတယ်။တချို့တက္ကသိုလ်တွေကို နောက်ကွယ်က အစိုးရ၊ တချို့တက္ကသိုလ်တွေကို ငွေကြေးဓန ကြွယ်ဝသူ၊ တချို့တက္ကသိုလ်တွေကို ငွေပဒေသာပင် စိုက်ပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့ လူ့အသိုင်းအဝိုင်း ဖြစ်အောင် ဖန်တီးထောက်ပံ့ကြတယ်။ စီမံအုပ်ချုပ်သူ နဲ့ကျောင်းသားအားလုံးကလည်း လွတ်လပ်ပြီး ကိုယ့်တက္ကသိုလ်ရဲ့ အစဥ်အလာကို ထိန်းသိမ်း ကာ ပညာသင်ယူကြတယ်။တက္ကသိုလ်ကောင်း တခုရဲ့ အင်္ဂါရပ်စံနှုံးလေးတွေ ပါ။ဟားဗတ်တက္ကသိုလ်ဟာ အမေရိကန်ရဲ့ရှေးအကျဆုံးတက္ကသိုလ်တခုပေါ့၊ ခရစ်နှစ်၁၆၃၆ ခုနှစ်က စတင်တည်ထောင်တယ်။တက္ကသိုလ်ရဲ့ဆောင်ပုဒ်ကအင်္ဂလိပ်လို Truth.ပါဠိလို သစ္စာ၊ လက်တင်လို Veritasတဲ့။တကမ္ဘာ လုံးမှာ နံပတ် တစ် အဖြစ် အများစုလက်ခံကြတယ်။ ကမ္ဘာတဝှမ်းမှာ အဲဒီကျောင်းထွက်ထင်ပေါ်ကျော်ကြား တဲ့ သူတွေ အများကြီးရှိတယ်။ချမ်းသာကြွယ်ဝဆုံး တက္ကသိုလ် လို့လည်းဆိုလေရဲ့။ဟားဗတ်တက္ကသိုလ်က ဘွဲ့ရတာနဲ့" ဘဝမှာ လူရာမဝင်မည်ကို စိုးရိမ်ဖွယ်မရှိတော့ပြီ "လို့ ဆိုလောက်အောင် တက္ကသိုလ်ရဲ့ဂုဏ်သတင်းက ထင်ပေါ်ပါတယ်။အမေရိကန် တက္ကသိုလ်တွေကို အားကျဖို့ မရည်ရွယ်ပါဘူး၊ အဲဒီတက္ကသိုလ်ကိုတက်ခွင့်ရခဲ့တဲ့ ကလေးမလေး တစ်ယောက်အကြောင်း အားကျ အတုယူဖွယ် ဖြစ်ကြောင်းဒီစာအုပ်ထဲမှာ ဖတ်ရလို့ပါ။ သူ့ နာမည် ကLiz Murray ...မိဘနှစ်ပါးက ဆေးသမား၊ဆေးရဖို့အတွက်ဘဲ အမြဲတမ်း အားထုတ်နေကြတယ်။ သမီးနှစ်ယောက် အနာဂတ်တို့ ရှေ့ရေးတို့ ဘာကိုမှ ထည့်မစဥ်းစားကြဘူး၊ အစိုးရကပေးတဲ့ အလုပ်လက်မဲ့ထောက်ပံ့ကြေးတောင်ဆေးချဖို့ရန် သုံးကြတယ်။ နောက်ဆုံး နေစရာမရှိ ၊ အမှိုက်ပုံထဲမှာ အမှိုက်ကောက်ပြီး လမ်းဘေးနေရတဲ့ မိသားစု ဖြစ်သွားခဲ့တယ်။ အဲဒီမိသားစုကနေ ကမ္ဘာ့ဂုဏ်သတင်းအကြီးဆုံး တက္ကသိုလ်ကို Liz murray လဇ်မာရေး ဆိုတဲ့ ကလေးမဘယ်လိုများ တက်ခွင့်ရသွားပါလိမ့် ..........

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။