• 8cb9189f7cd59a28ecb725cfa6f3f888
  • c9c8f042b40489d6b691c5f4c472b45f
  • c1a3af62745cb79502536f77aa93f445
  • 4551f81d49243e3ee2bb6503326fdef4
1

အီလွန်မတ် (ELON MUSK) (ဗန်းမော်သိန်းဖေ) Burmese Book

Regular price
RM 26.00
Sale price
RM 26.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

ကျွန်တော် အီလွန်မတ်အကြောင်း လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ကြားနေခဲ့တယ်။ သူဟာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပြီး သူ့ရဲ့ပိုင်ဆိုင်မှုဟာ ဒေါ်လာ ဘီလီယံ ၁၈၀ ကျော်တယ်ဆိုတာ သိရတယ်။ သူ ဘာကြောင့်ချမ်းသာတာလဲဆိုတာ သိချင်လို့ Google မှာ ရှာဖတ်ကြည့်တယ်။ သူဟာ ဒုံးပျံလွှတ်တင်တာနဲ့ လျှပ်စစ်ကားထုတ်တယ်ဆိုတာလောက်ပဲ မရေမရာသိရတယ်။ ဒီတော့ သူ့အကြောင်း သေသေချာချာ သိချင်လို့ ပုံမှာပြထားတဲ့ အင်္ဂလိပ်စာအုပ်ကို ဝယ်ဖတ်ကြည့်တယ်။ စာအုပ်မှာ ရေးထားတဲ့အကြောင်းအရာတွေဟာ စိတ်ဝင်စားစရာ ကောင်းလွန်းသလို စာအုပ်ရေးသူ Ashlee Vance ရဲ့ စာအရေးအသားကောင်းလွန်းလို့ စာအုပ်ကို စဖတ်ကတည်းက လက်ကမချနိုင်ဘဲ အဆုံးထိ ဖတ်ဖြစ်သွားခဲ့တယ်။

အီလွန်မတ်ဟာ ၁၉၇၁ ခုနှစ်က တောင်အာဖရိကနိုင်ငံမှာ မွေးဖွားခဲ့တယ်။ ငယ်စဉ်က အပေါင်းအသင်းနည်းပြီး စာအုပ်ဖတ်တာ အလွန်ဝါသနာပါတယ်။ ကာတွန်းစာအုပ်နဲ့ စိတ်ကူးယာဉ်သိပ္ပံဝတ္ထုတွေဖတ်ပြီး တခြားဂြိုဟ်တွေကို သွားရောက်ဖို့ စိတ်ကူးယာဉ်နေခဲ့တယ်။ ကွန်ပျူတာပရိုဂရမ်ရေးရာမှာ ကျွမ်းကျင်တယ်။

အသက် ၁၇ နှစ်သားမှာ သူဟာ လူဖြူလူမည်းခွဲခြားတဲ့ တောင်အာဖရိကနိုင်ငံမှာ မနေချင်လို့ ကနေဒါနိုင်ငံကို တစ်ယောက်တည်းထွက်ခွာသွားတယ်။ အဲဒီက Queen's တက္ကသိုလ်တက်တယ်။ အမေရိကန်နိုင်ငံ Pennsylvania တက္ကသိုလ်က စကောလားရှစ်ပညာသင်ဆုရလို့ အမေရိကန်နိုင်ငံကို ပြောင်းရွှေ့ပြီး အဲဒီတက္ကသိုလ်တက်တယ်။ အဲဒီကနေ ရူပဗေဒဘွဲ့နဲ့ စီးပွားရေးဘွဲ့ရတယ်။ ရူပဗေဒဘာသာအတွက် ပါရဂူဘွဲ့တက်တာ ၂ ရက်ပဲတက်ပြီး ထွက်လိုက်တယ်။ သူ့အကြောင်းပြချက်က Silicon Valley တစ်ဟုန်ထိုး တိုးတက်နေတဲ့ အင်တာနက်အခွင့်အလမ်းကို လက်လွှတ်မခံချင်လို့ပါ။

နောက်တော့ သူ့ညီ ကင်းဘားနဲ့ Silicon Valley ဒေသမှာ ဆိုင်တည်နေရာတွေကို အင်တာနက်မှာ ပြပေးတဲ့ Zip2 ကုမ္ပဏီထောင်လိုက်တယ်။ နောက်တော့ ကုမ္ပဏီကိုရောင်းပြီး အင်တာနက်ဘဏ် X.com ကုမ္ပဏီကို ထောင်ပြန်တယ်။ အဲဒီကုမ္ပဏီဟာ နောက်တော့ PayPal ကုမ္ပဏီဖြစ်သွားပြီး eBay ကုမ္ပဏီက ဒေါ်လာ ၁.၅ ဘီလီယံနဲ့ ဝယ်လိုက်တယ်။ အီလွန်မတ်ဟာ သူပိုင်တဲ့ PayPal ရှယ်ယာတွေအတွက် ဒေါ်လာ သန်း ၁၈၀ ရလိုက်တယ်။ မီလျံနာသူဌေးဖြစ်သွားခဲ့တယ်။

ရထားတဲ့ ငွေတွေနဲ့ အာကာသထဲ ဒုံးပျံလွှတ်တင်တဲ့ Space X ကုမ္ပဏီကို တည်ထောင်တယ်။ လျှပ်စစ်ကားထုတ်တဲ့ Tesla ကုမ္ပဏီမှာ ရှယ်ယာအများကြီးထည့်ဝင်တယ်။ အဲဒီကုမ္ပဏီနှစ်ခုမှာ CEO ဖြစ်လာခဲ့တယ်။ ဒီစာအုပ်ရဲ့ အဓိကအကြောင်းအရာတွေက ဒုံးပျံ၊ အာကာသယာဉ်တွေအကြောင်းနဲ့ လျှပ်စစ်ကားအကြောင်းပါ။ အဲဒီကုမ္ပဏီနှစ်ခု ကြုံတွေ့ရတဲ့ နည်းပညာအခက်အခဲ၊ ငွေကြေးခက်အခဲတွေကို သူ ဘယ်လိုဖြေရှင်းပေးတယ်ဆိုတာ ရေးပြထားတယ်။ ကျွန်တော် ဒီစာအုပ်ကို မဖတ်ခင်က ဒုံးပျံအာကာသယာဉ်တွေအကြောင်းနဲ့ လျှပ်စစ်ကားအကြောင်း နည်းနည်းပဲ သိထားခဲ့ရာက စာအုပ်ဖတ်ပြီးတော့ အများကြီး (အများကြီး) သိသွားခဲ့တယ်။ သူ့ဆီက အတုယူစရာ နည်းလမ်းတွေ အများကြီးသိလိုက်ရတယ်။

ကျွန်တော်သိသလို ယနေ့ခေတ်လူငယ်တွေကိုလည်း သိစေချင်တဲ့ ဆန္ဒဖြစ်ပေါ်လာခဲ့တယ်။ ဒါကြောင့် ဒီစာအုပ်ကို ဘာသာပြန်ရေးသားလိုက်ပါတယ်။ ကျွန်တော့်ကို အီလွန်မတ်အကြောင်း စာအုပ်ရေးဖို့ ဖေ့စ်ဘုတ်ကနေ မကြာခဏ တိုက်တွန်းကြတဲ့ လူငယ်တွေရဲ့ ဆန္ဒကိုလည်း ဖြည့်ဆည်းပေးလိုက်ပါတယ်။

စာအုပ်ကို အခုစတင်ပုံနှိပ်နေပြီမို့ ဧပြီလဆန်းလောက် ထွက်ဖြစ်မယ် ထင်ပါတယ်။ ပဉ္စဂံစာအုပ်တိုက်က ထုတ်ဝေမှာပါ။ နောက်ရက်ကစပြီး စာမြည်းလေးတွေ တင်ပေးသွားပါမယ်။

စာအုပ်တစ်အုပ်ဖတ်ပြီးတိုင်း အသိပညာတစ်ခုတိုးသွားရင် စာအုပ်များစွာ ဖတ်ပြီးသူဟာ ပညာရှင်တစ်ယောက် ဖြစ်လာပါတယ်။

စာအုပ်မျက်နှာဖုံးက ပန်းချီဆရာကြီး ဆရာတင်ထွဏ်းရဲ့ လက်ရာပါ။

ဗန်းမော်သိန်းဖေ

စာမျက်နှာ ၃၉၀

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။