• 5ce5260c451cc23881052b2dae6c7fec
  • 20f3a1db7decb5f76d847e78de23deaa
  • 04413b223fa605871cd00d883a5ce5a8
1

ဂန္ဒီ၊ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ (ဟိန်းလတ်) Burmese Book

Regular price
RM 35.00
Sale price
RM 35.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

ဂန္ဒီ ( ၂ အောက်တိုဘာ ၁၈၆၉ - ၃၀၊ ဇန်နဝါရီ ၁၉၄၈ ) ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ သို့မဟုတ် သစ္စာတရားနှင့်ယှဉ်သော ကျွန်ုပ်၏ စမ်းသပ်မှုဇာတ်လမ်းသည် အိန္ဒိယနိုင်ငံ လွတ်လပ်ရေးအတွက် အားလုံးကို ကျော်ဖြတ်အနိုင်ယူခဲ့သူကမ္ဘာ့ နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် လွတ်မြောက်ရေးတွင် စံပြအဖြစ် သင်္ကေတပြုခြင်းခံရသူ မဟတ္တမဂန္ဒီ၏ အတ္ထုပ္ပတ္တိစာအုပ် ဖြစ်သည်။ ဂန္ဒီမွေးဖွားသည်မှ ၁၉၂၀ ပြည့်နှစ်အထိ ဘဝဇာတ်ကြောင်း များကို အတွေ့အကြုံနှင့်ယှဉ်၍ ဖော်ပြထားသည်။

စာအုပ်ပါ အကြောင်းအရာများသည် ၁၉၂၅ မှ ၁၉၂၈ အတွင်း ဂူဂျရတ်ပြည်နယ်၊ အာမီဒါဘက်ခရိုင်မှ ထုတ်ဝေသော နာဗာဂျီဗန် အပတ်စဉ် သတင်းစာတွင် ဖော်ပြခဲ့ သော ဆောင်းပါးများ ဖြစ်သည်။ သူ၏ဘဝတစ်ခုလုံးစာအတွက် မခြုံငုံမိသော်လည်း သူ တစ်သက်လုံး ကျင့်သုံးသွားခဲ့သော အတွေးအမြင်၊ ခံယူချက်နှင့် လုပ်ဆောင်ချက်များ ကို မိမိကိုယ်ကိုယ်လည်း အမွှမ်းတင်ရေးသားခြင်းမပြု၊ သူတစ်ပါးကိုလည်း အပြစ်တင် နှိမ့်ချ ရေးသားခြင်းလည်း မရှိဘဲ အမှန်တရားကို အခြေခံကာ ရိုးသားပွင့်လင်းစွာ ဖော်ပြ ထားသည်။

စာအုပ်တွင် သန့်ရှင်းစင်ကြယ်မှုအတွက် အရာရာကို စွန့်လွှတ်နိုင်ရန် ကြိုးပမ်းခြင်း၊ တရားမမျှတသောအခြေအနေများကို အကြမ်းမဖက် ရင်ဆိုင်အောင်ပွဲယူခြင်း၊ ရေခြား မြေခြားရောက် အိန္ဒိယတိုင်းရင်းသားများ၏ အခွင့်အရေးများအတွက် ကြိုးပမ်းဆောင် ရွက်ခြင်း၊ အင်္ဂလိပ်လက်အောက် ကျရောက်နေသော နိုင်ငံလွတ်လပ်ရေးအတွက် နိုင်ငံ ရေးနယ်ပယ်တွင် စတင် ဝင်ရောက်ရန် ကြိုးပမ်းခြင်းတို့ကို ပုံဖော်ရေးသားထားသည်။

အထူးသဖြင့် အမှန်တရားနှင့်ယှဉ်သော အတွေ့အကြုံမျှဝေခြင်း၊ သစ္စာတရား ကို မိမိတို့ ကိုယ်တိုင် ကျင့်သုံးရုံသာမက မိမိတို့ပတ်ဝန်းကျင်ကိုပါ လက်ဆင့်ကမ်းသွားပေးရန် တိုက်တွန်း ရေးသားထားသည်။

မြန်မာပြန်ဆိုသူ- ဟိန်းလတ်

စာမျက်နှာ- ၄၁၂

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။