Books /ဗန်းမော်သိန်းဖေ
မက်ဒေါ်နယ်ကိုမွေးဖွားပေးခြင်း(ဗန်းမော်သိန်းဖေ) Burmese Book
- Regular price
- RM 30.00
- Sale price
- RM 30.00
- Regular price
- 
        RM 0.00
Share
ယခုစာအုပ်သည် McDonald’s ကုမ္ပဏီကို တည်ထောင်သူ ရေးခရော့ နဲ့ Robert Anderson ပူးတွဲရေးသားတဲ့ “Grinding It Out” စာအုပ်ကို ဘာသာပြန်ထားခြင်းဖြစ်ပါတယ်။
“ရေးခရော့”ဟာ နိုင်ငံအနှံ့မှာ မက်ဒေါ်နယ်ဆိုင်တွေ ဖွင့်ပြီး အမေရိကန် ဟမ်ဘာဂါကို ကမ္ဘာသိအောင် လုပ်ပေးခဲ့တယ်။ သူဟာ မက်ဒေါ်နယ်ဆိုင်တွေကို Franchise စနစ်တီထွင်ပြီး လုပ်ကိုင်ရင်း အောင်မြင်ခဲ့တယ်။ နောက်ပြီး မက်ဒေါ်နယ်ဆိုင်က အစားအသောက်တွေကို (တစ်ကမ္ဘာလုံးက) ဘယ်နေရာမှာ စားစား အစားအသောက်ရဲ့ အရသာနဲ့ အရည်အသွေးကို တစ်ပုံစံတည်းရအောင် နည်းလမ်းသစ်တွေ ချမှတ်ပြီး လုပ်ကိုင်ခဲ့တယ်။
အဲဒီ့အကြောင်းတွေကို ဒီစာအုပ်မှာ ဖတ်ရမယ့်အပြင် ရေးခရော့ရဲ့ အောင်မြင်မှုတွေကိုသာမကဘဲ ကျရှုံးမှု(အလိမ်ခံရတာ)တွေကိုပါ ပွင့်ပွင့်လင်းလင်း မကွယ်မဝှက်ရေးပြထားတာတွေနဲ့ စီးပွားရေးသမားကောင်းတစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့ အရည်အချင်းတွေဖြစ်ကြတဲ့ အနာဂတ်ကို ကြိုတင်ခန့်မှန်းနိုင်ခြင်း၊ တီထွင်ကြံဆတတ်ခြင်း၊ စွန့်စားရဲခြင်း၊ အရှုံးကို စိတ်ဓာတ်မကျဘဲ ကြံ့ကြံ့ခံနိုင်ခြင်း၊ အခက်အခဲကို ကျော်လွှားနိုင်ဖို့ အမျိုးမျိုးကြံဆခြင်း လူတော်တွေကို စည်းရုံးတတ်ခြင်း စ,တာတွေကိုလည်း ဖတ်ရမှာဖြစ်ပါတယ်။ ဒီစာအုပ်ဟာ စီးပွားရေးလုပ်ငန်း လုပ်ချင်သူတွေအတွက် အတုယူစရာ သင်ခန်းစာယူစရာ အများကြီးပါဝင်လို့ အမေရိကန်နိုင်ငံတက္ကသိုလ်တွေမှာ စီးပွားရေးဘာသာရပ် သင်ယူနေကြတဲ့ ကျောင်းသူကျောင်းသားတွေ ဖတ်ရှုသင့်တဲ့ ရည်ညွှန်းစာအုပ်အဖြစ် ပြဋ္ဌာန်းထားပါတယ်။
*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။
- စာပို့ဆက်သွယ်ရန် Link
 
- 4NiX Store Facebook Page
 
 
         
                  
                 
                  
                 
                  
                 
                   
                  