• 0f6e23c7e736955f257b0c37bee46e61
  • 3f395e11dd73fbc8303c83a3c70221f6
  • f6d3d4871b0b725e60be91894266a211
1

Books /ဝင်းငြိမ်း

မစ်ရှယ်လ်အိုဘားမားရေးသားတဲ့ "ဖြစ်တည်ခြင်း" (ဝင်းငြိမ်း) Burmese Book

Regular price
RM 40.00
Sale price
RM 40.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

အမေရိကန်ပြည်ထောင်စုသမ္မတကတော်ဟောင်းတစ်ဦး၏ ရိုးရှင်းသော ၊ဆွဲဆောင်မှုရှိသော စိတ်ဝင်စားဖွယ်ကောင်းသော ဘဝမှတ်တမ်း

ကျွန်မ မသိသည့် အမေရိကန်ပြည်ထောင်စုနှင့်ပတ်သက်သော ၊ ဘဝနှင့်ပတ်သက်သော ဂတ်တွင် ဘာဖြစ်မည်ဆိုသော အချက်အလက်များစွာ ရှိပါသေးသည် အကြောင်းကိုမူကျွန်မသိပါသည် ရယ်မောရန် ၊ အနာ ။ သို့သော် ကျွန်မ ။ ကျွန်မဖခင်ကအလုပ

ကိုကြိုးကြိုးစားစားလုပ်ရန် ၊ ကတိတည်ရန် သင်ကြားပေးခဲ့သည် ကိုယ်ကိုတွေးခေါ်တတ်စေရန် ၊ မကြာခဏ ။ ကျွန်မမိခင် မယ်ရီယန်ကလည်း ကိုယ့် ၊ ကိုယ့်ဩဇာကိုမည်သို့သုံးရန်တို့ သင်ကြားပေးခဲ့ပါသည် ။ ချီကာ ဂိုတောင်ပိုင်း ကြပ်ကြပ်တည်းတည်း အခန်းကျဉ်းကလေးထဲတွင် အတူတကွနေထိုင်ကြရင်း မိဘ နှစ်ပါးက ကျွန်မတို့ဘဝ၏ တန်ဖိုးကိုနားလည်စေသည် ။ ကျွန်မ ဘဝတန်ဖိုးကိုသိစေ ခဲ့သည်။ ပို၍ကျယ်ပြန့်သော ကျွန်မတို့နိုင်ငံ၏ တန်ဖိုးကိုသိစေခဲ့၏။ ထိုအကြောင်းအရာတို့သည် ပြီးပြည့်စုံခြင်းမရှိ မှန်ကန်ပါသည် ၊ မလှမပ ဖြစ်ကောင်းဖြစ်နိုင်ပါသည် ။ သို့သော် ဖြစ်စေချင်သည်ထက် ပိုမို ။ ကိုယ့်ဘဝဇာတ်ကြောင်းဆိုသည်မှာ ကိုယ်ပိုင်ဖြစ်၍ ထာဝရဖြစ်တည်နေ မည်သာဖြစ်ပါသည် ။ ထိုအရာသည် ကိုယ်ပိုင်ဆိုင်သော အရာတစ်ခုသာဖြစ်တော့သည် ။

- မိတ်ဆက်အမှာစကား မှကောက်နှုတ်ချက်

ငယ်ငယ်က သတင်းစာ​ခေါင်းကြီး​တွေထဲမှာ ခင်ပွန်းနဲ့ တွဲရက်ပါလာတတ်တဲ့ မီရှဲလ်ကို စိတ်ဝင်တစားဖြစ်ခဲ့တယ်။

လူမည်း ဇနီး​မောင်နှံဟာ အထိုက်အ​လျောက်ခွဲခြားခံရခြင်း ရှိတဲ့ အ​မေရိကန်လူဖြူအသိုင်းအဝန်းမှာ ဘာ​ကြောင့်များ ဒီ​လောက် ​​ကျော်ကြားရသလဲ​ပေါ့၊ ကမ္ဘာက​ရော ဘာ​ကြောင့်စိတ်ဝင်စားရသလဲ​ပေါ့။

​နောက်ပိုင်း အင်တာနက်​ပေါ်မှာ သူမရဲ့ ​ရှေ့​နေ ပီသစွာ ခင်ပွန်းနဲ့ စကားရည်လုတဲ့ ကိစ္စ​လေး​တွေကို ဖတ်ပြီး သ​ဘောကျရတယ်။

အ​မေရိကန်ရဲ့ First Ladyဆိုတာဟာ Bibadi babadi booo ဆိုပြီး မန်းမှုတ် ဖြစ်လာခဲ့ရတာ မဟုတ်​ကြောင်း ဒီစာအုပ်ကို ဖတ်ပြီး သိလိုက်ရတယ်။

ချီကာဂို​တောင်ပိုင်း မှာ ​ သာမန်မိဘ​တွေက​​မွေးဖွားပြီး၊ သတ္တိရှိပြီး ကြိုးစားတဲ့ လူမည်းမိန်းက​လေး တစ်​ယောက်၊ ယှဥ်ပြိုင်လိုစိတ်ရှိပြီး အာဖရိကန် အ​မေရိကန် ​တွေအတွက် အ​လေးထားတဲ့ မိန်းက​လေးတစ်​ယောက်၊

စာ​ကြိုးစားပြီး အမဲဟာ အဖြူနဲ့ ဘာမှ မကွာ​ကြောင်း သက်​​သေပြခဲ့တဲ့ မိန်းက​လေးတစ်​ယောက်၊ ပရင်စတန် ​ကောလိပ်က​နေ ဟားဗတ် ဥပ​ဒေ​ကျောင်းကို အ​ရောက်သွားနိုင်ခဲ့တဲ့မိန်းက​လေး၊

ဥပ​ဒေ အကျိုး​ဆောင်လုပ်ငန်းမှာ အလုပ်ဝင်ရင်း သူမထက် အသက်၃နှစ်ကြီးတဲ့ ဥပ​​ဒေ​ကျောင်းသား ဘားရတ်ရဲ့ အလုပ်သင် ဘဝကို ကူညီ​ပေးဖို့ဖြစ်လာခြင်း​တွေ၊

အလုပ်​တွေ​ပြောင်းရင်း ပြည်သူ့အကျိုးပြုလုပ်ငန်း ​တွေ လုပ်ကိုင်​ပေးခဲ့ခြင်း​တွေ၊ နိုင်ငံ​ရေးကိုပုံအပ်ထားတဲ့ ခင်ပွန်းနဲ့ က​လေးနှစ်​ယောက်မိခင်ဘဝနဲ့ အလုပ်ဝင်ရတဲ့ အ​ခြေအ​နေ​တွေ၊ သူမတို့နှစ်​ယောက်ကြားက နားလည်မှုလွဲခြင်း​တွေကို ​ပြန်လည်တည့်မတ်နိုင်ခြင်း​တွေ၊ စသည်ဖြင့်...။

သူက ဘာမို့လို့လဲ ဆိုတဲ့ အမြင်​တွေကို သူမဘဝဖြတ်သန်းမှု​တွေနဲ့ ​ဖော်ပြသွားတယ်။ အ​ရေးအသား​ကောင်းသလို သပ်ရပ်တယ်။ ​တော်တယ်။ ခွန်အားဖြစ်​စေတယ်။ ဘာသာပြန်တော့ အနည်းငယ်​ထောင့်​ပေမယ့် မူရင်းမပျက်လို့ ထင်ပါတယ်။

နိုင်ငံ​ရေး​လောကမှာ ခင်ပွန်းသည်ကို ​ခြေထိုးခံသူ​တွေကိုလည်း By nameနဲ့ ဘယ်သတင်းစာ မှာ ဘယ်လို​ပြောသွားတယ် ဆိုတာကအစ ထည့်​ရေးသွားတယ်။

ခင်ပွန်းသည်ရဲ့ စည်းရုံး​ရေးပွဲအတွက် သူမအလွန်ချစ်တဲ့ အလုပ်ကို စွန့်လွှတ်ပြီး ကိုယ်စားမိန့်ခွန်း​တွေ ​ပြောရာက တစ်မိသားစုလုံး လူထု​ထောက်ခံမှုရလာခြင်း​​တွေ ထည့်​ရေးထားတယ်။

​ချောတဲ့ ခန့်တဲ့ ​တော်တဲ့ ​ယောက်ျားတစ်​ယောက်က "မင်းက သိပ်လှတဲ့ မိန်းက​လေးပါ"လို့ အ​ပြောခံရ​လောက်​အောင် သန်မာပြီး ​တကယ်​တော်တဲ့ ယုံကြည်မှုရှိတဲ့ မီရှဲပဲ...လို့​တွေးမိပါတယ်။

သူမ​ပြောခဲ့သလိုပဲ သူမနဲ့သာ မညားခဲ့ရင် ဘားရတ်ဟာသမ္မတ ဖြစ်ချင်မှဖြစ်မယ်ဆိုတာ ဟာသသပ်သပ် မဟုတ်တာ​တော့ အ​သေချာပါပဲ။

စာရေးသူ- ဝင်းငြိမ်း (မြန်မာပြန်)

စာမျက်နှာ--၅၆၅

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။