• IMG_20230904_233031
  • IMG_20230904_233019
  • IMG_20230904_233043
1

Books /နွေအိမ်မောင်ဝင်း

ချစ်ခြင်းမေတ္တာကို ကြယ်တွေဆီမှာ ချည်ထားတယ်။ (နွေအိမ်မောင်ဝင်း) Burmese Book

Regular price
RM 25.00
Sale price
RM 25.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

"ကံ့ကော်ပန်းရဲ့ အဓိပ္ပာယ်

 မင်းသိလား ကလေးမ"

"ကျွန်တော်မသိဘူး ဆရာ"

"ထာဝရ ချစ်နေမယ်တဲ့"

----------------------------

ဝင်းမောင်ဟာ ချစ်မေတ္တာကိုကြယ်တွေဆီမှာချည်ထားတယ်။ အဲဒီမှာတင် မဟုတ်ဘူး။ သူနေရာတကာမှာ ချည်တယ်။ ဂစ်တာတီးရင်း ချည်တယ်။ သီချင်း စာသားလေးတွေညည်းရင်း ချည်တယ်။ ဆေးစက်တွေကို ကင်းဗတ်စပေါ် ဖြန့်ကြဲချ လိုက်ရင်းနဲ့ ချည်တယ်။ ကြောင်လေးတွေကို ဓာတ်ပုံလိုက်ရိုက်ရင်း ချည်တယ်။ သစ်ပင်လေးတွေရေလောင်းရင်း ချည်တယ်။ နောက်ပြီးတော့ စကားလုံးလှလှလေး တွေနဲ့လည်း ချည်နှောင်ပါတယ်။ ဒါကျွန်တော်သိတဲ့ဝင်းမောင်အကြောင်းပါပဲ။

အမှန်တော့ သူ့ကလောင်နာမည် "နွေအိမ်မောင်ဝင်း" ကို ကျွန်တော်က ပိုကြိုက်ပါတယ်။ ဒါပေမယ့် သူက ဝင်းမောင် နဲ့ ပွဲထွက်လာတယ်။ ဝင်းမောင်လို နေထိုင်တယ်။ စော်ချောချောလေးတွေကို ရှိတ်ချင်တယ်။ ဝင်းမောင် ဆိုတဲ့ နာမည်နဲ့ စီးဆင်းတယ်။ ဝင်းမောင်နဲ့ ပျော်ဝင်တယ်။ ဝင်းမောင်နဲ့ ပြုံးရွှင်ကြည်မွေ့တယ်။ ဝင်းမောင်နဲ့ လွတ်လပ်ပေါ့ပါးတယ်။ ဒါတွေကတော့ ကျွန်တော် ခံစားမိသမျှပါ။ ကျွန်တော့်လိုပဲခံစားမိကြ၊ ပြုံးကြမိမှာပါ။

သူ့ရဲ့အရေးအသားပိုင်းကို ဘာလို့မပြောလဲဆိုတော့ အရေးအသားကိုဝေဖန် လောက်တဲ့အထိ လုံလောက်တဲ့ပညာ ကျွန်တော်မှာမရှိလို့ပါ။ ကျွန်တော့်ကို စာရေး ဆရာမကြီးတစ်ယောက်က အားပေးဖူးပါတယ်။ "သားလိုချင်တာကို ရအောင်ရေး၊ ရဲရဲသာရေး" တဲ့။ ကျွန်တော် အင်အားဖြစ်ရသလို ဝင်းမောင်ကိုလည်း အင်အားဖြစ်စေ ချင်တယ်။ ဒါကြောင့် စာအုပ်မှာ ဒီအမှတ်တရစကားလေးဝင်ရေးပေးဖြစ်တာပါ။

ကျွန်တော် ခံစားမိသလောက်ပြောရရင် သူ့ အရေးအသားတွေက ပေါ့ပါး သွက်လက်တယ်။ တဆက်တည်းမှာပဲ ပြေပြစ်အေးဆေးတယ်။ သူ့အရေးအသား တွေမှာ နေကြာပွင့်လေးတွေပါမယ်။ တိမ်တွေပါမယ်။ ကော်ဖီဆိုင်ပါမယ်။

ခွန်ညိုသွေး (အမှာစာမှ)

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။