The Art of Spending Money by Morgan Housel ငွေသုံးနည်း အနုပညာ (မျိုးလွင်)
- Regular price
- RM 40.00
- Sale price
- RM 40.00
- Regular price
-
RM 0.00
Worldwide shipping
Secure payments
Authentic products
Share
ငွေက သင်သုံးနိုင်တဲ့ ကိရိယာတစ်မျိုးပါ။ ဒါပေမဲ့ ဂရုမစိုက်ရင်တော့ ငွေက သင့်ကို သုံးသွားပါလိမ့်မယ်။ သင့်ကို မညှာမတာ အသုံးချသွားပါလိမ့်မယ်။ လူအများအပြားအတွက် ငွေက ဘဏ္ဍာရေးပိုင်ဆိုင်မှု (Financial Asset) တစ်ခုဖြစ်သလို စိတ်ပိုင်းဆိုင်ရာဝန်ထုပ်ဝန်ပိုး (Psychological Liability) တစ်ခုလည်း ဖြစ်ပါတယ်။ ငွေကို လွန်လွန်ကဲကဲမက်မောတာက သင့်ရဲ့ ကိုယ်ပိုင်လက္ခဏာ Identity ကို အပိုင်စီးသွားနိုင်တယ်။
ငွေသုံးဖို့ နည်းလမ်းနှစ်သွယ် ရှိပါတယ်။ တစ်ခုက ပိုကောင်းတဲ့ဘဝမှာ နေထိုင်နိုင်ဖို့ ကိရိယာတစ်ခုအနေနဲ့ သုံးတာဖြစ်ပြီး နောက်တစ်ခုက တခြားလူတွေနဲ့ ယှဉ်ပြီး သင့်ကိုယ်သင် တိုင်းတာဖို့ အဆင့်အတန်း ပေတံတစ်ခုအနေနဲ့ သုံးတာပါ။ လူအများအပြားက ပထမနည်းကို ဆန္ဒရှိကြပါတယ်။ ဒါပေမဲ့ တစ်ဘဝလုံး ဒုတိယနည်းနောက် လိုက်ခဲ့ကြပါတယ်။
ငွေသုံးပြီး ပျော်ရွှင်မှုကို ဝယ်ယူနိုင်ပါတယ်။ ဒါပေမဲ့ သွယ်ဝိုက်တဲ့နည်းပဲ ဖြစ်လေ့ရှိပါတယ်။ ငွေက သူ့ဘာသာသူတော့ ပျော်ရွှင်မှုကို မဝယ်နိုင်ပါဘူး။ ဒါပေမဲ့ လွတ်လပ်မှုနဲ့ ရည်ရွယ်ချက်တွေ ရှာတွေ့ဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။ ဒီ နှစ်ခုစလုံးကို သင်က ပြုစုပျိုးထောင်ပေးရင် ပိုပြီးပျော်ရွှင်တဲ့ဘဝအတွက် အဓိကကျတဲ့ အချက်တွေဖြစ်ပါတယ်။
ငွေသုံးနည်းက အတတ်ပညာထက် အနုပညာ ပိုဆန်ပါတယ်။ ပုံသေနည်း တစ်သမတ်တည်း မရှိပါဘူး။ တစ်ယောက်ကို ပျော်ရွှင်စေတာက နောက်တစ်ယောက်ကို ခံစားမှုအနှစ်သာရ ကင်းမဲ့စေတာမျိုးဖြစ်နိုင်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုမှာ ကျွန်တော်တို့ရဲ့ ခံစားချက်တွေကို နားလည်တာ၊ ဘက်လိုက်မှုတွေကို နားလည်တာနဲ့ မျှော်လင့်ချက်တွေ၊ ကြောက်စိတ်တွေကို နားလည်တာက ပိုပြီး မှန်ကန်ပါးနပ်တဲ့ ရွေးချယ်မှုတွေ လုပ်နိုင်ဖို့ လမ်းညွှန်ပေးနိုင်ပါတယ်။
ဒီစာအုပ်မှာ လူတစ်ယောက်ရဲ့ ပင်ကိုစရိုက်လက္ခဏာ၊ လောဘ၊ မနာလိုဝန်တိုစိတ်၊ အဆင့်အတန်းနှိုင်းယှဉ်မှု၊ နောင်တ စတဲ့စိတ်အခြေအနေတွေက ငွေသုံးစွဲမှုအပေါ်ဘယ်လိုသက်ရောက်မှုတွေရှိလဲ၊ ပျော်ရွှင်မှုနဲ့ ငွေကြေး ဘယ်လိုဆက်စပ်သလဲ၊ စစ်မှန်တဲ့ ငွေကြေးလွတ်လပ်မှုရှိတဲ့ဘ၀ကို ဘယ်လိုတည်ဆောက်မလဲ စတာတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။
Psychology of Money စာအုပ်ရေးတဲ့ Morgan Housel ရဲ့ The Art of Spending Money စာအုပ်ကို ဆရာမျိုးလွင် (MBA) ဘာသာပြန်ထားတာဖြစ်ပါတယ်။ လက်ရှိမှာ နိုင်ငံတကာရောင်းအားအကောင်းဆုံးစာရင်းဝင် စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။
- စာပို့ဆက်သွယ်ရန် Link
- 4NiX Store Facebook Page
×
×