• IMG_20230813_101249
  • IMG_20230813_101257
  • IMG_20230813_101344
  • IMG_20230813_101357
1

Books /ဒေါက်တာကေသရီကျော်

အောင်မြင်ရေးအနှစ်သာရများ (ဒေါက်တာကေသရီကျော်) Burmese Book

Regular price
RM 30.00
Sale price
RM 30.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

ဒေါက်တာကေသရီကျော်ရဲ့ အရောင်းရဆုံးစာအုပ်များဖြစ်သည့် ပထမစာအုပ် “လှေကားထစ်လေးများ” ဒုတိယစာအုပ် “ဘဝကိုပြောင်းလဲစေမည့် အတွေးအခေါ်များ” အပါဝင် တတိယမြောက် “အောင်မြင်ရေးအနှစ်သာရများ”အပါအဝင် သုံးအုပ်ပေါင်း “အထူးထုတ်” ထုတ်လုပ်ထားတာဖြစ်ပါတယ်… ဒီတစ်အုပ် ဝယ်ရင် ၃ အုပ်လုံးပါပါတယ်

စာမြည်း

Social Media မှာ Personal ပြဿနာတွေ ရေးသင့်လား

မိမိရဲ့ပြဿနာတွေ အဆင်မပြေမှုတွေကို လူတွေသိအောင် Public မှာ တင်ခြင်း၊ Facebook မှာ တင်ခြင်း၊ ရေးသားခြင်းများ မပြုလုပ်သင့်ပါဘူး။

၈၀%သော သူတွေက သင်ဘာဖြစ်နေနေ ဂရုတစိုက် ရှိမှာ မဟုတ်သလို ၂၀% သော သူတွေက သင်၏ အဆင်မပြေမှုများကို ကျေနပ်ဝမ်းသာနေပါလိမ့်မယ်။

ပြဿနာတစ်ခုကြုံလာတိုင်း လူအများစုက စိတ်သက်သာရာ ရမလားဆို Publicမှာ ရေးသားခြင်းများ ပြုလုပ်တတ်ကြတယ်၊ တကယ်တော့ အဆင်မပြေမှုကြုံလာရင် … ဘယ်လိုဖြေရှင်းမလဲ? စဉ်းစားပြီး ကိုယ်ယုံကြည်ရတဲ့သူကို တိုင်ပင်ဆုံးဖြတ်လုပ်ဆောင် သင့်ပါတယ်။

တစ်ချို့လူတွေကြည့်လိုက်ရင် အမြဲပျော်ရွှင်နေတယ်ထင်ရတယ်၊ တကယ်တော့ စိတ်ညစ်မှု အဆင်မပြေမှုက လူတိုင်းမှာ ရှိကြပါတယ်၊ ဖွင့်ထုတ်မပြောခြင်းဟာ ဟန်ဆောင်ခြင်း၊ ဖုံးကွယ်ခြင်းမဟုတ်ပါဘူး။ မိမိရဲ့ပြဿနာကို မိမိကိုယ်တိုင် ဖြေရှင်းနိုင်လို့ ဖြစ်ပါတယ်၊ လူတွေ သိလည်း ထူးခြားမှာမဟုတ်လို့ “အိမ်အတွင်းမီး အပြင်မထုတ်နဲ့” ဆိုသလို လူသိစရာမလိုတဲ့ အကြောင်းအရာတွေမို့ ဖြစ်ပါတယ်။

ဒါကြောင့် သိသင့်တာ ပေးသိပါ၊ မသိသင့်တာ ပေးမသိပါနဲ့၊ ၈၀%သော သူတွေက သင်ဘာဖြစ်နေနေ ဂရုမစိုက်လို့ပါပဲ။

ဒေါက်တာကေသရီကျော်ရေးတဲ့ အောင်မြင်ရေး အနှစ်သာရများ စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်

စာမျက်နှာ- ၂၀၄

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။