• 1f88eb5d410e718d8f9ef238719712c5
  • 03bc707b991c9a2bded557ccc9106080
  • f5985427a7399f410ff5a651f37871c9
  • deedbc3d0ebfa7fc621248e5e822c1c5
1

ကီးဘုတ်တီးခတ်တည်း (ကိုငြိမ်းဦး) Burmese Book

Regular price
RM 15.00
Sale price
RM 15.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

(အော်ဂင်နဲ့ ကီးဘုတ်ဘယ်လိုကွာသလဲ) အမှန်က အော်ဂင်နဲ့ စန္ဒရားက သိပ်မတူဘူး။ အဓိကအားဖြင့်တော့ လက်ကွက် သိပ်မကွာပေမယ့် အော်ဂင်က ခေတ်ပေါ်သီချင်းတွေ တီးခတ်ဖို့ဖန်တီးထားတဲ့ ခေတ်ပေါ်တူရိယာဖြစ်ပြီး စန္ဒရားကတော့ ရှေးဆံတဲ့ တေးသီချင်းတွေကို တီးခတ်ဖို့ ရှေးရိုးစဉ်လာအတိုင်း ဖန်တီးထားတဲ့ တူရိယာဖြစ်ပါတယ်။ ဒါပေမယ့် တူညီတဲ့အချက်တွေကတော့ အော်ဂင် ( Keyboard . လို့လည်း ခေါ်မယ်ဗျာ) ကို Piano အသံရွေးချယ်ပြီး တီးနိုင်တဲ့အတွက် တကယ်လို့ ခင်ဗျားမှာ Keyboard တစ်လုံးရှိရင် စန္ဒရား တေးသီချင်းတွေကိုလည်း တီးခတ်နိုင် ပါလိမ့်မယ်။ နုတ်စ်ပိုင်းဆိုင်ရာနဲ့ အသံအယူအဆ တွေမှာ တူညီတဲ့အတွက် စာအုပ်တစ်အုပ်တည်းရေးသားရင် ဖြစ်နိုင်မယ်ထင်လို့ ပေါင်းရေးမိတာပါ။ တချို့ကလည်း အော်ဂင်ဆိုတာနဲ့ Keyboard ဆိုတာကို သိပ်မကွဲကြဘူး။ အော်ဂင်ဆို တာကလေပြွန်ထဲက ထွက်လာတဲ့အသံနဲ့ ဆင်တူတဲ့ တူရိယာဖြစ်ပါတယ်။ အဲဒါကို ခရစ်ယန် ဘုရားကျောင်း တစ်ချို့ မှာ တွေ့ ရလေ့ရှိပြီး အဲဒါကို လျှပ်စစ်နဲ့ တူရိယာဖန်တီးလာလို့ အော်ဂင်ဆိုပြီး ဖြစ်လာတာပါ။ အော်ဂင်မှာ အသံထွက်တွေသိပ်မများဘူး။ အများအားဖြင့် အဲဒီတစ်သံကိုပဲ တီးခတ်လေ့ ရှိတယ်။

ဒါပေမယ့် Keyboard ကျတော့ အဲဒီorgan သံအပါအဝင် ဂစ်တာ၊ တယော၊ ဆက်ဆိုဖုန်း၊ Piano စတဲ့ အသံတွေကို ရွေးချယ်တီးခတ်နိုင်အောင် တီထွင်ပေးထားတဲ့အတွက် နောက်ပိုင်းမှာ Key- board တွေပဲ သုံးစွဲတီးခတ်သူပိုများလာတယ်။ အခုဆိုရင် သာမန်Keyboard တစ်လုံးရဲ့ ဈေးနှုန်းဟာ သာမန်လူတန်းစားတွေ လက်လှမ်းမှီနိုင်တဲ့ အနေအထားဖြစ်လာတယ်။

အရင်က Keyboard တစ်လုံးဆိုရင် ကျွန်တော်တို့နဲ့ အရမ်းကို အလှမ်းဝေးခဲ့ပါတယ်။ စင်မြင့်ဖျော်ဖြေပွဲတွေ အသံသွင်း စတူဒီယိုတွေမှာပဲ တကယ့် အကောင်းစားတွေကို တီးခတ်ခွင့် ပါတယ်။ အခုဆိုရင် Japan Used အသံပစ္စည်းတွေ တင်သွင်းလာတဲ့ . ဆိုင်တွေအတော်များလာ လို့ အရမ်းအဆင်ပြေပါတယ်။ တကယ်လို့ ခင်ဗျားမှာ ကီးဘုတ်တစ်လုံးမရှိရင် သိပ်စိတ်မပျက် နဲ့ 5 octave လောက်ရှိတဲ့ Keyboard တစ်လုံးက ငါးသောင်းအောက်ပဲဈေးရှိပါတယ်။

မရှိသေးရင် ပိုက်ဆံစု လိုက်ဦးပေါ့။ ဒီစာအုပ်မှာတော့ Keyboard သမားတွေရော Piano သမားတွေရော အဆင်ပြေစေနိုင်မယ့် တေးသီချင်းလေးတွေနဲ့ တီးခတ်ပုံ နည်းစနစ်တွေထည့် သွင်းပေးထားလို့ အားလုံးနဲ့ အဆင်ပြေမယ်ထင်ပါတယ်။

ပထမဆုံး အသိပေးချင်တာက .. ဂီတပညာရပ်တစ်ခုကို လိုက်စားတဲ့အခါ အခုရေတွင်းတူး အခုရေကြည်သောက်လို့ မရဘူးဆိုတာပါပဲ။ သင့်တင့်လျောက်ပတ်တဲ့ လက်ကောင်းမှ ( ဒါက သာမန်အဆင့်ကို ပြောတာနော်။ ပီယာနိုသမားစစ်စစ် ဖြစ်ချင်ရင် ပြီးပြည့်စုံအောင် ကောင်းမွန်တဲ့ လက်တွေပိုင်ဆိုင်ထားရမယ် )ရှိရမယ်။ နုတ်စ်တွေကို ကောင်းမွန်စွာဖတ်နိုင်ရမယ်။

အသံစကေးအပါအဝင် ဂီတအခြေခံသဘောတရားတွေသိရမယ်ဆိုရင် ဂီတနယ်ပယ် ထဲမှာ ကျင်လည်နိုင်ပါလိမ့်မယ်။ တစ်နေ့ကို အနည်းဆုံး ၂နာရီသုံးနာရီလောက် လေ့လာတီး ခတ်စေချင် ပါတယ်။ ဒါက အနည်းဆုံးပြောတာနော်။ ဖြစ်နိုင်ရင်တော့.. ဒီထက်ပိုပြီး အချိန်ပေးပြီး လေ့ကျင့်တီးခတ်ပါလို့ ပြောချင်ပါတယ်။

များများလေ့ကျင့် တီးခတ်တဲ့သူနဲ့. နည်းနည်း လေ့ကျင့်တီးခတ်သူ ... အရမ်းကွာခြားပါ တယ်။ တကယ်ဖြစ်ချင် တကယ်လေ့ကျင့်ကြည့်ပါ။ ဒီစာအုပ်ဟာ ခင်ဗျားရဲ့ ကီးဘုတ်တီးခတ်မှု တွေ အတွက် အနီးကပ်ဆရာကြီးတစ်ဆူဆိုတာ သေချာပေါက်ပြောရဲ ပါတယ်။

တီးထားတဲ့ အသံကို နားထောင်လေ့ကျင့်နိုင်ရန် MP3 CD ထည့်သွင်း စီစဉ်ပေးထား ပါတယ်။

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။