• IMG20231115100716
  • IMG20231115100725
  • IMG_20231115_100810
1

Books /မြတ်ငြိမ်း

ကြမ္မာရိုင်းများကို အောင်နိုင်ဖို့(မြတ်ငြိမ်း)Burmese Book

Regular price
RM 0.00
Sale price
RM 0.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

တရုတ်ပြည်တွင် နာမည်ကျော်ကြား လူကြိုက်များသည့် တိန်ရှောက်ပင်ဆိုသူ တစ်ဦးရှိခဲ့၏။ သူသည် နိုင်ငံရေးအရ ရှုံးနိမ့်ခြင်းနှင့် အကြိမ် ကြိမ် ကြုံခဲ့ရသည်။ တောင်တန်းတွေပေါ်ရှိ ရဲဘက်စခန်းများတွင် ရှစ် နှစ်တိုင်အောင် အလုပ်ကြမ်း လုပ်ခဲ့ရဖူးသည်။ အောင်မြင်ကျော်ကြားမှ ကို ပြန်ရချိန်တွင် သူ့အသက် ၇၂ နှစ် ရှိနေပြီ။ သူသည် ကြီးမားကျယ် ဝန်းလှသည့် တရုတ်နိုင်ငံကြီး တစ်နိုင်ငံလုံး၏ ခေါင်းဆောင်ဖြစ်ခဲ့၏။ 

သူ ခေါင်းဆောင်ဖြစ်နေစဉ် ကာလအတွင်း တိန်က မိန့်ကြားခဲ့ သည်မှာ “အမှန်တရားကို အရှိတရားထဲမှာပဲ ရှာလို့ရတယ်” ဟူ၏။ သူသည် ခေါင်းဆောင်တစ်ဦး အနေဖြင့် အမှန်တရားကို အရှိတရားထဲ မှသာ ထုတ်နုတ်ယူခဲ့သည်။ သည်နည်းဖြင့်ရည်မှန်းချက်ပန်းတိုင်များ ဆီသို့ အရောက်လှမ်းခဲ့သည်။

နိုင်ငံတစ်နိုင်ငံ၏ ခေါင်းဆောင်သည် မည်မျှပင် ကြီးမြတ်သည် ဖြစ်စေ၊ သူ၏ ဉာဏ်ပညာသည် မည်မျှပင် ထက်မြက်သည် ဖြစ်စေ သူ့ပတ်လည်ရှိ လူများက သူ၏ စိတ်ရင်းမှန်မှု၊ သူ၏ ကရုဏာတရား တို့နှင့် လိုက်ဖက်ကိုက်ညီသော ဆောင်ရွက်မှုများကိုသာ ပြုလုပ်ပါလိမ့် မည်။ တိန်ကတော့ စည်းရုံး လှုံ့ဆော်နိုင်အား ကြီးလွန်းသူဖြစ်၏။ ဤမျှလောက်အထိ အားမာန်တွေ သွင်းပေးနိုင်သော တိန်သည် အလွန် စိတ်ရင်းမှန်ပြီး ကရုဏာတရား အလွန်ကြီးသူ ဖြစ်ရပါမည်။

သမ္မတ ဘီလ်ကလင်တန်သည် သူ့နေရာ၊ သူ့ရာထူးမှာ ရှိသူ တစ်ဦးသာ သိမြင် ဆောင်ရွက်နိုင်မည့် အကြောင်းကိစ္စများကို သိမြင်ခြင်းလည်း မရှိ၊ သင့်တင့် လျောက်ပတ်သော ဆောင်ရွက်မှုတွေလည်း မပြုလုပ်နိုင်ဘူးဆိုလျှင် အပျက်သဘောဆောင်သော ဖြစ်ရပ်ဆိုးတွေ တစ်ခုပြီးတစ်ခု တွေ့ကြုံရင်ဆိုင်ရပါလိမ့်မည်။

အိမ်ဖြူတော် လုပ်အားပေး စာရေးမကလေး မော်နီကာလီဝင်စကီး နှင့် ဖြစ်ခဲ့သည့် အရှုပ်ဇာတ်မှာ ဘီလ်ကလင်တန်၏ နေ့စဉ် အလေ့အက များ၏ အသီးအပွင့်တစ်ခု ဖြစ်ပေသည်။ သူ့သက်တမ်းတစ်လျှောက် ကျန်ရှိနေသေးသော ကာလတွင် ဖြစ်မည့်ပျက်မည့် ဖြစ်ရပ်များသည် သူ့ဆောင်ရွက်မှုများ ဘယ်လောက် မှန်သည်၊ မှားသည်ကို ဖော်ပြသည့် စီရင်ချက်များ ဖြစ်ပေလိမ့်မည်။

“နိုင်ငံခေါင်းဆောင်၏ စိတ်ဓာတ်သည် သူ့နိုင်ငံ ဖွံ့ဖြိုးအောင် သို့ မဟုတ် ပျက်စီးအောင် ပြုနိုင်စွမ်း၏” ဟူသည့် ဆိုရိုးတစ်ရပ် ရှိပါသည်။ တချို့လူတွေက 'အချက်ပြမှု'များကို သိမှတ် နားလည်လွယ်၏။ တချို့က သိမှတ် နားလည်လွယ်ခြင်း မရှိ။

တချို့လူတွေက ၎င်းအချက်ပြချက်များကို အကြောင်းကြားချက်များ အဖြစ် လက်ခံကြ၏။ တချို့က ထိုသို့ လက်မခံကြ။ 

၎င်းသဘောထား သည် ဘဝ၏ လမ်းဆုံလမ်းခွ အမှတ်အသားများ ဖြစ်လာသည်။ 

ယင်း အမှတ်အသားများကို ကြည့်ပြီး မိမိဘယ်လမ်းကို လိုက်ရမည်လဲဟု ရွေးချယ်ကြသည်။

သတိပေး အချက်ပြမှုများသည် လူတိုင်းအတွက် ဖြစ်ပေါ်နေသည်။ 

သတိပေး အချက်ပြမှုများသည် အကောင်းဆုံး အတိုင်ပင်ခံဖြစ်ပြီး အစွမ်းအထက်ဆုံး ရောဂါရှာဖွေ ဖော်ထုတ်နည်းဖြစ်သည်။

"နာမည်ကျော်အသိပညာရှင်များ သို့မဟုတ် လူထုပညာပေးခေါင်းဆောင်များ ရေးသားမိန့်မှာသည့်အတိုင်း တစ်သဝေမတိမ်း လိုက်လုပ်ကြည့်ပါ။

အချည်းနှီး အကျိုးမဲ့သာ ဖြစ်ပါလိမ့်မည်။ 

တစ်ခုတည်းသောအဖြေကို သင်၏ နေ့စဉ်ဘဝ၊ သင်၏ နှလုံးသားထဲမှာသာ တွေ့ရပါမည်။"

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။