• IMG20231207101606
  • IMG20231207101613
  • IMG20231207101626
1

Books /မောင်ထွန်းသူ

ချစ်မျက်ရည်ဘယ်ခါစဲလေလိမ့်(မောင်ထွန်းသူ) Burmese Book

Regular price
RM 0.00
Sale price
RM 0.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

အသက် ငယ်ငယ်ရွယ်ရွယ်နှင့် ဘရော့ဝေးလ် ပြဇာတ်လောက နှင့် ဟောလိဝုဒ် ရုပ်ရှင်လောကတို့တွင် တစ်ရှိန်ထိုး နာမည်ကျော်ကြား ခဲ့ဖူးသော အဆိုတော် ရုပ်ရှင်မင်းသမီး လီလီယံရော့သ်၏ ကိုယ်တိုင်ရေး အထုပ္ပတ္တိစာအုပ် ဖြစ်ပါသည်။ မိန်းမချော မိန်းမလှတစ်ဦးလည်း ဖြစ်၊ အဆိုလည်းကောင်း၍ သရုပ်ဆောင်လည်း ထူးချွန်သူ၊ ငယ်ရွယ်သည့် မိန်းမပျို လီလီယံရော့သ်သည် အသက် ၂၀ ကျော် ဝန်းကျင်၌ပင် အကျော်ကြားဆုံး၊ အချမ်းသာဆုံး အမျိုးသမီးတစ်ယောက် ဖြစ်ခဲ့သော် လည်း အရွယ်ကောင်းဆဲဖြစ်သည့် အသက် ၃၀ အရွယ်တွင်မူ အဆင်း ရဲဆုံးနှင့် နာမည်အပျက်ဆုံး မိန်းကလေးတစ်ယောက် ဖြစ်ခဲ့ရသည်။ သူ့ဘဝ လောကဓံ၏ အလှည့်အပြောင်းနှင့် သူ့ဘဝဇာတ်ကြောင်းကို ပြန်လည်ရေးသားပြောပြရာ၌ သူ၏ အားနည်းချက်များနှင့် ညံ့ဖျင်းချက် များကို မဖုံးမကွယ် ပွင့်ပွင့်လင်းလင်း ကိုယ်တိုင်ရေးသားထားခြင်းက ဤအထုပ္ပတ္တိဝတ္ထုအတွက် အကောင်းမွန်ဆုံး အရည်အချင်းအဖြစ် အားလုံးက လက်ခံအတည်ပြုခဲ့ကြရသည်။ ၁၉၅၀ ခုနှစ်တွင် ခရစ္စတိုဖာ စာပေဆု ချီးမြှင့် ခြင်းခံရကာ နောင်နှစ်ပေါင်းများစွာ ကြာသည်အထိ အကြိမ်ကြိမ် ပြန်လည်ရိုက်နှိပ်ခဲ့ရသော စာအုပ်တစ်အုပ်ဖြစ်ပါသည်။


ဝတ္ထုဟု ဆိုထားပြီး ပြင်ပတွင် တကယ်မရှိသည့် နာမည်လွှဲဇာတ် ကောင်အမည်များတွေ့ရမည်ဖြစ်သော်လည်း အဆိုပါ လူပုဂ္ဂိုလ်များမှာ လီလီယံရော့သ်ကိုယ်တိုင် သူ့ဘဝ ဖြတ်သန်းမှုတွင် ဆုံတွေ့ခဲ့ရသော အမှန်တကယ်ရှိခဲ့သည့် လူပုဂ္ဂိုလ်များဖြစ်ကြောင်း စာအုပ်တွင် ဝန်ခံထား သည်။

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။