• IMG20250110165732
  • IMG20250110165737
  • IMG20250110165747
  • IMG20250110165759
  • IMG20250110165803
1

Books /စူးရှမေ

ချစ်သောအမျိုးသားလေးထံသို့ - စူးရှမေ (Burmese Book)

Regular price
RM 0.00
Sale price
RM 0.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

ကျွန်မ ငယ်ငယ်ကတည်းက ကြယ်တွေ မျိုးစုံမြင်တွေ့ခဲ့ဖူးပေမဲ့ အလင်းလက် အတောက်ပဆုံးသော ကြယ်ကလေးကိုတော့ ကျွန်မအသက် ၂ဝ စွန်းစွန်းမှသာ စပြီး မြင်ဖူးခဲ့တယ်။

 အဲဒီကြယ်ကလေးဟာ ဓူဝံကြယ်လောက်လည်း မကြီးကျယ်ပါဘူး။ အနေအေးအေး၊ ခပ်သေးသေး ကြယ်ကလေးတစ်လုံးဆိုပေမဲ့ သိပ်ကို ခမ်းနားတာပဲ။ ညခင်းပြာပြာ ကောင်ကင်ကြီးမှာ လင်းလက်နေပုံက အခြားကြယ်တွေနဲ့လည်း မတူဘူး။ အားလုံးထဲမှာမှ အတောက်ပဆုံး ကြယ်ကလေးပါပဲ။

 ဒီလိုနဲ့ ကြယ်ကလေးဟာ ကျွန်မရဲ့ ဘဝအပေါ် တဖြည်းဖြည်း လွှမ်းမိုးလာခဲ့တယ်။ ညစဉ် ညတိုင်း ကြယ်ကလေးကို ထွက်မကြည့်ရရင် ကျွန်မ မနေနိုင်ခဲ့ဘူး။ တိမ်တွေဖုံးလို့ ကြယ်တွေ မထွက်တဲ့ ညဆိုရင် တကယ်ပါ ကျွန်မ နေမထိဘထိုင်မသာတွေ ဖြစ်ရတယ်။ နေ့ဘက်ဆိုလည်း နေ့ဘက်မို့လို့ ကြယ်ကလေး အကြောင်းပဲ စဉ်းစားနေမိတာပါပဲ။

 ကျွန်မဘဝရဲ့ မှောင်မိုက်တဲ့ ညတွေမှာ ကြယ်ကလေးဟာ တည်ရှိ ခဲ့တယ်။ သူ့ရဲ့ မှိတ်တုတ် မှိတ်တုတ် အလင်းရောင်လေးဟာ အမှောင်ကိုခွင်းပြီး အလင်းကို ဆောင်စေခဲ့တယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် သတ်သေမလို့ လုပ်နေမိခဲ့တဲ့ ညမှာ ကြယ်ကလေးကို မော့ကြည့်ရင်း အသက်ဆက်ရှင် ဖြစ်ခဲ့တယ်။

 ကြယ်ကလေးကို ငေးမောကြည့်ရင်း ချစ်ခြင်းမေတ္တာဆိုတာ ဒါပါလား၊ သည်းခံ ခွင့်လွှတ်ခြင်းဆိုတာ ဒါပါလားလို့ သင်ယူတတ်ခဲ့တယ်။ သတိထားမိသလောက်တော့ အရင်ကထက် ကျွန်မ ပျော်ရွှင်တတ်လာခဲ့တယ်။ ရှင်သန်ခြင်းဟာ အသက်ဝင်လာခဲ့တယ်။ ပိုပြီး နူးညံ့တတ်လာခဲ့တယ်။

အဲ့ဒါတွေ အားလုံးဟာ ကြယ်ကလေးကို ငေးကြည့်ရင်း သူပေးတဲ့ အလင်းရောင်နဲ့ အသက်ဆက်ခဲ့ရတဲ့ ကျွန်မရဲ့ နာကျင်ရက်စွဲများပါပဲ။

ကျွန်မလေ ကြယ်ကလေးကို သိပ်ချစ်ပါတယ်။ မြတ်နိုးပါတယ်လို့ ပြောရရင် ပိုမှန်ပါလိမ့်မယ်။ I

သိပ်ကို ချစ်ပြီး မြတ်နိုးလာတာနဲ့အမျှ ဆုံးရှုံးရမှာ ကြောက်တတ်လာခဲ့တယ်။ မှန်ပါတယ် ကျွန်မရဲ့ ချစ်ခြင်းတွေမှာ အတ္တ မကင်းသေးပါဘူး။ ကြယ်ကလေးကို ကျွန်မ ပိုင်ဆိုင်ချင်တယ်။ ပိုင်ဆိုင်ခွင့် မရရင်တောင်မှ အမြဲ ငေးမော ကြည့်ခွင့် ရချင်တယ်။ ငေးကြည့်ခွင့် ရမဲ့သူကလည်း ကျွန်မ တစ်ယောက်တည်းပဲ ဖြစ်ချင်တယ်။

Page - 108

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။