ဆင်ခြေပေးတဲ့ ပါးစပ် ထမင်းငတ်တတ်တယ်လို့ ငယ်ငယ်တုန်းက လူကြီးတွေပြောတာ ခဏခဏကြားဖူးတယ် အဆူခံရဖူးတဲ့ပေါ့။ အမှန်တော့ ကိုယ့်တာဝန်ကိုယူတတ်တဲ့ အကျင့်စိတ်ထား ထားတတ်အောင် ဆုံးမတာဖြစ်ပါလိမ့်မယ်။
တာဝန်ယူမူ၊ တာဝန်ခံမူဆိုတာ အလွန်အရေးကြီးမှန်းသိလာတယ်။ ဘယ်သူကြောင့်၊ ဘာကြောင့်၊ ညာကြောင့်ဆိုပြီး ခေါင်းစဉ်မတတ်ဘဲ မိမိကြောင့်လို့တာဝန်ယူလျှင် ဆင်ခြေဆိုတာရှိပါတော့မလား?? စည်းကမ်းရှိအောင် လူကြီးတွေကသွယ်ဝိုက်နည်းနဲ့ လုပ်ဆောင်ပေးတယ်လို့လည်း မြင်မိပါတယ်။
စားတာကအစ လမ်းလျှောက်တာကအဆုံး စည်းကမ်းတကျလုပ်ဆောင်တတ်ဖို့ လိုအပ်ပါတယ်လေ။ စည်းကမ်းဆိုတာအိမ်ကစတာပေါ့။ (စည်းကမ်းကို ဇီဇာကြောင်တယ်လို့မမြင်စေချင်ပါ။) တန်ဖိုးရှိတဲ့အချိန်တွေကို ကိုယ့်ရဲ့အားလပ်ချိန်မှာ ဘယ်လိုကုန်ဆုံးမလဲဆိုတာ အရေးကြီးပါတယ်။ ကုန်ဆုံးသွားတဲ့အချိန်ကို ပြန်ယူချင်လို့မရဘူးလေ။ နောင်တရနေလို့လည်းမထူးဘူး။
မိမိကိုယ်ကို စည်းကမ်းသတ်မှတ်ခြင်းဟာ မိမိကိုယ်ကို တန်ဖိုးသတ်မှတ်တာနဲ့တူပါတယ်။ စည်းကမ်းဆိုတာ လူတစ်ယောက်အတွက် ဘယ်လောက်ထိအရေးပါသလဲ?? လိုအပ်လား? မလိုအပ်ဘူးလား?ဆိုတာ ဒီစာအုပ်က ပြောပြပေးပါလိမ့်မယ်။
အချိန်ဆိုတာ ကုန်ဆုံးလွယ်ပြီး ပြန်မရနိုင်တဲ့အရာဖြစ်သလို ငွေကြေးလိုမျိုး စုဆောင်းထားနိုင်တဲ့အရာလည်း မဟုတ်ပါဘူး။ ဒါကြောင့် အချိန်တစ်ခုကိုမသုံးလိုက်ရဘဲ အလဟသကုန်စေခဲ့ရင် နောက်ထပ် အဲ့ဒီအချိန် အစားပြန်မရနိုင်တော့ပါဘူး။
(စာအုပ်မှာကောက်နူတ်ချက်