• IMG20240828152914
  • IMG20240828152920
  • IMG20240828152943
1

Books /Dr. Phyo Paing

မပြိုင်ဘဲ နိုင်အောင်လုပ်ပါ - Dr. Phyo Paing (Burmese Book)

Regular price
RM 35.00
Sale price
RM 35.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

မပြိုင်ဘဲ နိုင်အောင်လုပ်လို့ရနိုင်လား။ First Principle Thinking နဲ့ စဉ်းစားကြည့်ရအောင်။ စီးပွားရေးဆိုတာ ဘာလဲ၊ ပြိုင်ဆိုင်မှုတစ်ခုလား။ ထုတ်လုပ်မှုတစ်ခုလား။ ဝန်ဆောင်မှုတစ်ခုလား။ အခြေခံက ဘာလဲ။ စီးပွားရေးကို တစ်စချင်းစီဖယ်ပြီး မူလအဓိပ္ပာယ် ကို ရှာမယ်ဆိုရင် ဖောက်သည်တွေရဲ့ပြဿနာကို အမြတ်ယူပြီး ဖြေရှင်းပေးတာဖြစ်တယ်။

     ဖောက်သည်မတူရင် ပြိုင်စရာမလိုဘူး။ ဖောက်သည်တူ ရင်တောင် ဖြေရှင်းတဲ့ပြဿနာမတူရင် ပြိုင်စရာမလိုဘူး။ ဖောက်သည် တူ၊ ဖြေရှင်းတဲ့ပြဿနာတူရင်တောင် ဖြေရှင်းတဲ့ပုံမတူရင်လည်း တိုက်ရိုက်ပြိုင်ဆိုင်စရာ မလိုပြန်ဘူး။ ဖောက်သည်တူ၊ ပြဿနာတူ၊ ဖြေရှင်းတဲ့ပုံစံတူရင်ကို ရပ်တည်ချက်မတူရင်လည်း တစ်ပုံစံတည်း ပြိုင်ဆိုင်စရာ မလိုပြန်ဘူး။ ဘဝမှာ မပြိုင်ဘဲ နိုင်အောင်လုပ်ဖို့ ပြိုင်စရာမလိုတဲ့ပုံစံနဲ့ ဘဝကို ဖြတ်သန်းနိုင်ဖို့လိုတယ်။

     ပြိုင်စရာမလိုတဲ့ပုံစံဖြစ်ဖို့ လုပ်ငန်းတစ်ခုစတင်တည်ဆောက် ကတည်းက လုပ်ငန်းတစ်ခုရဲ့အတွေးအခေါ် (Business Philoso- phy) ၊ အမှတ်တံဆိပ်အတွေးအခေါ် (Brand Philosophy) လုပ်ငန်းကိုအုပ်ချုပ်မယ့် အတွေးအခေါ် (Management Philoso phy) ၊ မားကက်တင်းလုပ်မယ့်အတွေးအခေါ် (Marketing Philo- sophy) ၊ မဟာဗျူဟာတည်ဆောက်ရေးအတွက် Strategic Narra tive တွေ မတူအောင် တည်ဆောက်ထားဖို့လိုတယ်။ 

သူ့နောက်မှာစနစ်တို့၊ ပေါ်လစီတို့ လိုက်လာတာဖြစ်တယ်။

      မပြိုင်ဘဲ နိုင်အောင်လုပ်ဖို့ ကိုယ့်ရဲ့ စီးပွားရေးအတွေးအခေါ် က စတယ်။ ကိုယ့်အိပ်မက်တွေကို မပြိုင်ဘဲ နိုင်အောင်လုပ်ပါ။

Page - 146

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။