ဇာတ်ကောင်တွေဖြစ်တဲ့
- ငယ်စဥ်ကလေးဘဝအရွယ်က မိဘမေတ္တာကို ကောင်းစွာခံစားခွင့်မရခဲ့ပေမဲ့ စိတ်ထားပြည့်ဝတဲ့ 'မိုးအောင်'၊
- အစစအရာရာပြည့်စုံတဲ့မိသားစုကနေဆင်းသက်လာပြီး ဆရာဝန်လုပ်ငန်း၊ ဆေးကုသခြင်းအပေါ် ဝါသနာကြီးလှတဲ့ ဆရာဝန်မလေး'နှင်းဧကရီ'၊
- သူငယ်ချင်း'မိုးအောင်'ရဲ့ကျေးဇူးတွေကိုသိတတ်ပြီးကိုယ်ပိုင်အထည်ချုပ်စက်ရုံငယ်တစ်ခုတည်ထောင်ထားတဲ့'မြင့်မောင်ကျော်'၊
- မိုးအောင်ရဲ့မိထွေးဖြစ်ပေမဲ့ ခင်ပွန်းရဲ့သားအပေါ် မိခင်အရင်းလို မေတ္တာတရားပေးနွေးထွေးတဲ့ "ဒေါ်မေမေလွင်" ....။
မိသားစုနွေးထွေးမှုအကြောင်း၊ ကျေးဇူးတရားအကြောင်း၊ အကူအညီလိုအပ်နေတဲ့လူတွေကို ကူညီပေးဖို့တွန်းအားပေးတဲ့စာနာစိတ်အကြောင်း၊ ပေးဆပ်အနစ်နာခံမှုအကြောင်း၊ ချစ်ခြင်းမေတ္တာအကြောင်းတွေကို ဆရာမြအေးက ဒီဇာတ်လမ်းမှာ ထည့်သွင်းပုံဖော်ထားပါတယ်။
အောက်ဖော်ပြပါပြောစကားလေးမှာ မိုးအောင်ရဲ့သဘောထားကိုမြင်နိုင်ပါတယ် ....
"ချစ်ခြင်းမုန်းခြင်းပေါ်မှာ မတည်တဲ့စေတနာကို ဆိုလိုချင်တာပါ၊ ဘာမှမမျှော်လင့်မမျှော်ကိုးပဲ ကူညီလိုက်ရတဲ့အတွက် မင်းလည်းစိတ်ရှင်းမယ်၊ ခံစားရတဲ့လူဘက်ကလည်း စိတ်ရှင်းမယ်၊ ဘယ်သူ့ ဘယ်သူမှလည်းစားရလို့ ပေးရလို့ဆိုတဲ့စိတ်ဖိစီးမှု ရှိတော့မှာမဟုတ်ဘူး၊ ဒါကိုငါပြောချင်တာ၊ ဒါကြောင့် ငါ့အတွက်တော့ အဲဒီကျေးဇူးဆိုတဲ့ စကားလုံးကြီးကို အမှိုက်ပုံးထဲ ငါလွင့်ပစ်ထားလိုက်ပြီ"
ခံစားမှုရသ အပြည့်အဝပေးစွမ်းနိုင်တဲ့ ဝတ္ထုကောင်းတစ်ပုဒ်ဖြစ်တာကြောင့် စာပေမြတ်နိုးသူတို့ဖတ်ရှုခံစားကြဖို့ အကြံပြုလိုက်ပါတယ်။
စာညွှန်း
#YouthOfSharing
#အဂ္ဂဇော်