#BurmeseBook #MyanmarBook
လူတစ်ယောက်ကို စာအုပ်တစ်အုပ်လို ဖတ်နိုင်ဖို့
လူကဲခတ်ပညာ
သရုပ်ဖော်ပုံတွေနဲ့အတူ ရှင်းပြပေးထားတာမှာ မဟုတ်တရုတ်တစ်ခုဆို တစ်ခုမှ မပါတဲ့ ဒီလက်စွဲစာအုပ်ကို ဆွေးနွေးညှိနှိုင်းမှုပါရဂူနှစ်ဦးက ရေးသားပြုစုပေးထားတာ ဖြစ်ပါတယ်။ ဖုံးကွယ်ထားတဲ့လူမှုရေးဆိုင်ရာ၊ ဖိုမလက္ခဏာဆိုင်ရာနဲ့ စိတ်ခံစားမှုဆိုင်ရာ သတင်းပေးပို့ချက်တွေကို ကျွန်ုပ်တို့ရဲ့ ကိုယ်ခန္ဓာဖြင့် တစ်ဦးကို တစ်ဦး ပေးပို့နေကြတာကို ဘယ်လို ဖမ်းယူရမလဲဆိုတာ ပြသထားပါတယ်။
ဒီစာအုပ်မှာ ဘာတွေကို သိရမလဲဆိုတော့
> မိတ်ဆွေအဆင့်ဖြစ်ဖြစ်၊ ချစ်ခင်စေတဲ့အဆင့်ဖြစ်ဖြစ်အတွက် သတင်းပေးပို့ချက်တွေကို ဘယ်လို သတိပြုမိပြီး ဘယ်လိုပေးပို့ ရမလဲဆိုတာ သိရမယ်။
> ငြင်းခုံတဲ့အခါမှာပဲဖြစ်ဖြစ်၊ ဆွေးနွေးညှိနှိုင်းတဲ့အခါမှာပဲဖြစ်ဖြစ် မိမိက အထက်စီးကို ရရှိမယ်။
> မိမိနဲ့ စကားပြောနေတဲ့သူက လိမ်ညာနေတာလားဆိုတာသိမယ်။
> ငြီးငွေ့စရာကောင်းနေတာတွေနဲ့ ခုခံကာကွယ်နေရတာတွေကို ကျော်လွှားနိုင်မယ်။
> အခြား သိမ်မွေ့တဲ့ အခြေအနေတွေမှာလည်း အောင်မြင်မှုရမယ်။
ကိုယ်ခန္ဓာဟာ
ဘယ်တော့မှ မညာဘူး။
သူ သုံးနေတဲ့ စကားလုံးတွေအောက်က
သူ့ခံစားချက်အမှန်ကို
သူ့အမူအရာက ပြောပြနေတယ်။
ဆွေးနွေးညှိနှိုင်းမှု ပါရဂူနှစ်ဦးဖြစ်သူ Gerard I.Nierenberge နှင့် Hanry H.Calero တို့ ပူးတွဲရေးသားသည့် How To Read A Person Like A Book စာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။
စာမျက်နှာ-၂၂၅