• 7d8fc798f2718203fc3bbbd0ecfdf657
  • cdbe9effde8cc77320c949f831673fb4
  • 02c5e9baedc1899e1ecf4db1fe11ef0f
1

Books /Dr Phyo Paing

လူတွေမမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ (Dr. Phyo Paing) Burmese Books

Regular price
RM 46.00
Sale price
RM 46.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

ကိုယ့်ကိုကိုယ် မသနားမိစေနဲ့

လောကမှာ ဒုံရင်းအတိုင်းနေပြီး ဆင်ခြေထိုင်ပေးတဲ့သူက အဆိုးဆုံးပဲ။

နာကျည်းမှုဆိုတာ ကိုယ့်ရဲ့ ရွေးချယ်မှုပဲ၊ အပြောင်းအလဲ လုပ်ချင်ရင် ကိုယ့်ကိုကိုယ် သနားနေတာ အရင်ရပ်ဖို့လိုတယ်။

တစ်ခါမှ အနာမခံဘူးဘဲ အသာမစံရတဲ့ ဘဝကို အထွန့်မတက်နဲ့။

နေ့စဉ် အပျံမလေ့ကျင့်ဘဲ မြင့်မြင့်မပျံနိုင်တဲ့ ကိုယ့်ရဲ့အတောင်တွေကို စိတ်မပျက်နဲ့။

တတ်နိုင်သလောက် မလေ့လာဘဲ အိပ်မက်တွေနဲ့ အလှမ်းဝေးတာ၊ လူအများစုထက် နှစ်ဆ မကြိုးစားနိုင်ဘဲ မအောင်မြင်တာကို မအံ့ဩနဲ့။

အိပ်မက်တွေ လက်တွေ့ဖြစ်ဖို့ ဘယ်အချိန်စရမလဲ စဉ်းစားနေရင် အခုချက်ချင်း စ၊ ဘယ်နေ့စရမလဲ တွေဝေနေရင် ဒီနေ့ကစပြီး အပြောင်းအလဲ လုပ်ဖို့လိုတယ်။

သာမန်လူ‌တွေ ပြည့်နေတဲ့ လောကကြီးမှာ အသာရဖို့ အင်မတန်လွယ်တယ်။

ကိုယ့်ရဲ့ တစ်နာရီက သူတို့ရဲ့ တစ်ရက်၊ ကိုယ့်ရဲ့ တစ်ရက်က သူတို့ရဲ့ တစ်ပတ်လောက်နဲ့ ညီမျှတဲ့ အားထုတ်မှုမျိုးဖြစ်အောင် ကြိုးစားပြဖို့လိုလိမ့်မယ်။

******

ဒီစာအုပ်က ဒေါက်တာဖြိုးပိုင်ရဲ့ Personal Development နဲ့ Professional Development ဆိုင်ရာ အတွေးအမြင်များစုစည်းမှု ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်တိုးတက်ဖို့ ကြိုးစားနေသူတွေ၊ အလုပ်အကိုင်နဲ့ အသက်မွေးဝမ်းကျောင်းအလုပ်မှာ တိုးတက်အောင်မြင်လိုသူတွေ၊ ကိုယ့်ကိုယ်ကိုယ် အပြောင်းအလဲလုပ်ချင်ပေမဲ့ လုပ်ဖို့ခက်ခဲနေသူတွေ၊ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုနဲ့ အခက်ခဲတွေကိုကျော်လွှားနိုင်မယ့်နည်းလမ်းရှာဖွေနေသူတွေ ဖတ်ရှုသင့်တဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

DR. PHYO PAING

စာမျက်နှာ - ၂၂၈

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။