Books /နိုဘယ်လ်သွေး
လောကဓံဘယ်လောက်ပြင်းပြင်း ငါကပိုအကြောတင်းတယ် (နိုဘယ်လ်သွေး) Burmese Book
- Regular price
- RM 18.00
- Sale price
- RM 18.00
- Regular price
-
RM 0.00
Share
_နေတတ်ပြီးကျေနပ်ဖို့
အနားမှာ ဘယ်သူမှမရှိဘူးဆိုတဲ့အတွေးနဲ့
အားမငယ်ပါနဲ့ ..
အမှောင်ထဲရောက်နေချိန်မှာ
ကိုယ့်အရိပ်တောင် ကိုယ့်နားမရှိပါဘူး
ဒါသဘာဝပါပဲ ..
မိမိကိုယ်မိမိအားပေး
မိမိကိုယ်မိမိနှစ်သိမ့်
မိမိအတွက်မိမိအဖြေရှာ
မိမိခြေလက် မိမိအားကိုးပြီးလျှောက်
လဲကျတိုင်းလည်း ချက်ချင်းပြန်မထပါနဲ့
တစ်ခါတစ်လေ ခဏထိုင်နားနေတာက
ပိုသက်သာပါတယ် ..
#အနာဂတ်မှာနေပျော်ချင်ရင် ..
တစ်ယောက်တည်း နေတတ်အောင်လည်း ကြိုးစားရမယ်..အများနဲ့ နေတတ်အောင်လည်းကြိုးစားရမယ်..
သမိုင်းဆိုတာ ထိန်းသိမ်းထားတိုင်း မကောင်းသလို
အတိတ်ဆိုတာ ဆွဲခေါ်လာတိုင်း အကျိုးမရှိလို့
#ပစ္စုပ္ပါန်မှာနေပျော်ချင်ရင်တော့ ..
သမိုင်းရဲ့အရိပ် လွမ်းမိုးတာလည်း မခံနဲ့
အတိတ်ရဲ့အဆိပ်တက်တာလည်း မခံနဲ့
လူ့ဘဝတစ်သက်
ရက်ပေါင်းသုံးသောင်းလောက်ပါပဲ ..
ကုန်ဆုံးနေတဲ့ရက်တွေကို လက်ချိုးရေတွက်ရင်း
သူများလက်ညှိုးထိုးတာတွေခံစားလို့
အချိန်မကုန်ပါနဲ့ .. တကယ်တော့ ဘဝမှာ
ကိုယ်တိုင်လက်မ အကြိမ်ကြိမ် ထောင်နိုင်ဖို့က
ပိုအရေးကြီးတာပါ ..
သူများတွေ မိမိရှေ့ရောက်နေလို့လည်း အားမငယ်နဲ့
မိမိက သူများရှေ့ရောက်နေလို့လည်း မမောက်မာနဲ့
လူတိုင်းမှာ တူညီတဲ့အရာရယ်လို့ ဘာဆိုဘာမှမရှိ
အားလုံးကွဲပြားကြတယ်..
အောင်မြင်ချိန် .. ကျရှံးချိန် .. ပန်းတိုင်ရောက်ချိန်.. လဲကျချိန် .. အားငယ်ချိန် .. ဝမ်းသာချိန် စတဲ့
ဘယ်အရာမှ တစ်ဦးနဲ့တစ်ဦး
ရရှိဖြစ်ပေါ်ချိန်တွေ မတူညီကြပါဘူး ..
ဒါကြောင့် အရာရာမှာ
မိမိကိုယ်မိမိ နေတတ်အောင်သာနေ
မိမိကိုယ်မိမိ ကျေနပ်အောင်သာနေကြပါစို့ရှင်..
#နိုဘယ်လ်သွေး .. ✍❤
*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။
- စာပို့ဆက်သွယ်ရန် Link
- 4NiX Store Facebook Page