• IMG20241015101115
  • IMG20241015101122
  • IMG20241015101132
  • IMG20241015101219
  • IMG20241015101156
1

Books /ခင်စောတင့်

အချိန်လေးတော့ပေးလိုက်ပါ - ခင်စောတင့် (Burmese Book)

Regular price
RM 0.00
Sale price
RM 0.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

ဆရာမကြီးဟာ စိတ်အေးချမ်းပြည့်ဝသူ၊ လူတစ်ဖက်သားကို စာနာ နားလည်ပေးနိုင်သူ၊ အကောင်းမြင်စိတ်ရှိသူ၊ အားနည်းသူကို ဖေးကူသူအဖြစ် တစ်ဘဝလုံး ရှင်သန်ခဲ့သူဖြစ်ပါတယ်။ ဒီစာအုပ်လေးမှာ ဘဝနေနည်း အနုပညာများအကြောင်း၊ ခရီးသွားမြင်ကွင်းအလှအကြောင်း၊ လူတို့ ရုပ်ပုံလွှာများအကြောင်း၊ ယနေ့ လူငယ် လူကြီးများအကြောင်း၊ ခေတ်ကြေးမုံတွင် အရာထင်သောအရာများအကြောင်း စသဖြင့် အတွေးစုလေးတွေကို ဆရာမကြီးရဲ့ ဘဝဖြတ်သန်းမှု အတွေ့အကြုံအရဖြစ်စေ၊ ဖတ်မှတ်ခဲ့ဖူးတဲ့ စာများကတစ်ဆင့်ဖြစ်စေ ရေးသားတင်ဆက်ထားတာဟာ အင်မတန် နှစ်လိုဖွယ်ကောင်းပြီး ဖတ်ရှုရတာ စိတ်နှလုံးချမ်းမြေ့စေပါတယ်။ 

ဒီစာအုပ်ပါ ဘဝနေနည်း စာစုများနဲ့ ပတ်သက်ပြီး “စာဖတ်သူများ စိတ်ဝင်စားမည့် အတွေးများဖြစ်ပြီး မြန်မာ့အတွေးနဲ့ ကိုက်ညီမယ့်အတွေးများကို ထုတ်နှုတ်တင်ပြသွားပါမယ်။ ကျွန်မရွေးလို့ ရသမျှကိုလည်း ထည့်သွင်း ရေးသွားပါ့မယ်။ စာဖတ်သူများကလည်း ဖြည့်စွက်တွေးပြီး၊ နေ့စဉ်စိတ်ဓာတ်တွေ ရင့်ကျက်ပြီး၊ အေးငြိမ်းမှု ရရှိအောင် ကြိုးစားကြည့်စေလိုပါတယ်” လို့ ဆရာမကြီးက ဆိုထားပါတယ်။ 

ယခုစာအုပ်ပါ အတွေးစု ဆောင်းပါးများရဲ့ ခေါင်းစဉ်အချို့ကို လေ့လာကြည့်မယ်ဆိုလျှင် ‘ကိုယ်ပိုင်တန်ဖိုး၊ ဒေါသကို ထိန်းသိမ်းခြင်း၊ သိစရာနဲ့သိတာ၊ လမင်းကြီးကပေးတဲ့ အနုပညာ၊ နည်းလမ်းသစ်နဲ့ ကြိုးစားကြည့်ပါ၊ စွန့်စားရဲရမယ်၊ နှိုင်းယှဉ်ခြင်းမှ ဝေးဝေးရှောင်ပါ၊ လူငယ်တွေဆီက သင်ယူပါ၊ ကိုယ်သာ ဟီးရိုး မဖြစ်ချင်ပါနဲ့၊ တကယ့်အလှတရား၊ ဘက်လိုက်တတ်တဲ့သဘာဝ၊ အသက်ရှင်နေထိုင်တတ်ဖို့’ စတာမျိုးတွေဟာ စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ ဒီစာအုပ်ကို ဖတ်ရှုပြီးတဲ့အခါမှာ စာဖတ်သူများအနေဖြင့် စိတ်ထဲမှာ စွဲကျန်ခဲ့စေမယ့် ဘဝနေနည်း စာစုများ ရှိလာပါလိမ့်မယ်။ ထိုစာစုများ ဖတ်ရှုရင်းမှ ဆက်လက် အတွေးပွားခြင်း၊ ဆွေးနွေးခြင်းတို့ကနေ တစ်ဆင့် ဘဝနေနည်း အစစ်အမှန်ကို တွေ့ရှိကြစေဖို့ နီးစပ်စေမှာ ဖြစ်ပါတယ်။

Page - 136

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။