အင်းဝ (AVA 1740 s) စာအုပ်ကို ဖန်တီးရေးသားဖို့ ဆရာခက်ဇော်အနေနဲ့ စာအုပ်ပေါင်းများစွာကို လေ့လာခဲ့ရသလို သုတေသနပေါင်းများစွာနဲ့ ချိန်ညှိခဲ့ပါတယ်။
ရှေ့က Yangon , Mandaly များထက်ပိုပြီး အားထုတ်ထားတာကိုတွေ့ရပါတယ်။
ဒါကြောင့်လည်း အွန်လိုင်းပေါ်မှာ ဖတ်ပြီးသွားသည့်တိုင်အောင် တချို့က စာအုပ်လေးနဲ့ အစ အဆုံး ထပ်ဖတ်ဖို့အတွက် စောင့်မျှော်နေကြတာ ဖြစ်ပါတယ်။
တချို့ကလည်း အွန်လိုင်းပေါ်မှာ နှစ်ခန်း သုံးခန်းပဲ ဖတ်ပြီး စာအုပ်နဲ့ပဲ အဆုံးထိဖတ်မယ်လို့ စောင့်မျှော်နေကြသူတွေလည်း ရှိပါတယ်။
အားလုံးစောင့်မျှော်နေတဲ့ အချိန်လေးကတော့ ရောက်လာပါပြီ။
စာမျက်နှာ ၅၂၈ မျက်နှာနဲ့ ထူထူခန့်ခန့် တစ်ဝကြီး ဖတ်ရှုရတော့မှာပါ။ သေချာတာတစ်ခုကတော့ ပထမဆုံး စာမျက်နှာကို လှန်လိုက်တာနဲ့ နောက်ဆုံး စာမျက်နှာထိအောင် လက်က မချနိုင်အောင် ပေါ့ပါးသွက်လက်ပြီး ဆွဲဆောင်မှုအပြည့်နဲ့ AVA 1740s စာအုပ်ပါပဲ။